Smartphone Trending

၂၀၁၉ထြက္ iPhone မွာေနာက္ေက်ာဘက္ ကင္မရာ ၃လုံးပါလာေတာ့မွာလား

လတ္တေလာထြက္ရွိထားသမွ် စမတ္ဖုနး္သတင္းေတြထဲမွာမွ စမတ္ဖုန္းေလာကကို တုန္လႈပ္သြားေစတာကေတာ့ တရုတ္စတ္ဖုန္းထုတ္လုပ္သူ Huawei ရဲ႕ ေက်ာဘက္ ေထာင္လိုက္ ကင္မရာ triple lens သံုးထားတဲ့ P20 Pro ပဲျဖစ္ပါတယ္။ ကင္မရာတစ္လုံး၊ကင္မရာ၂လုံးနဲ႔ ဖုန္းေတြထဲမွာသူ႕တုိ႔ရဲ႕ ေနာက္ေက်ာဘက္ကင္မရာ၃လုံးနဲ႔ ဖုန္းဟာၿပိဳင္ဘက္ေတြကိုပါ နည္းပညာအရ ေနာက္ေကာက္ခ်လိုက္သလိုပါဘဲ။ ဒါေၾကာင့္ အျခားေသာစမတ္ဖုန္းထုတ္လုပ္တဲ့ ကုမၸဏီေတြဟာ သူတို႔လို႔ ကင္မရာ၃လုံး တပ္ဆင္ထားတဲ့ ဖုန္းေတြထုတ္လုပ္ဖို႔ ျပင္ဆင္ေနၾကပါၿပီ။ ဒီလိုသတင္းေတြၾကားမွာပဲ Apple အေနနဲ႔ 2019ထြက္ iPhone ကို Huawei P20 Pro စတိုင္ Triple-lens ေတြ သံုးလာမယ္ဆိုတဲ့ ေကာလာဟလေတြထြက္လာပါတယ္။

Yuanta Securities Investment Consulting ကုမၸဏီမွ အကဲျဖတ္သုေတသီတစ္ဦးျဖစ္တဲ့ Jeff Pu ရဲ့ သံုးသပ္ခ်က္အရ Apple ဟာ ေနာက္ႏွစ္ ႏွစ္လယ္ေလာက္ကစျပီး triple-lens ပါတဲတဲ့ iPhone ေမာ္ဒယ္သစ္ကို မိတ္ဆက္သြားဖို ့ရိွတယ္လို ့ဆိုပါတယ္။ ၂၀၁၉ မွာ မိတ္ဆက္သြားမယ့္ iPhone ေတြဟာ 5X optical zoom ဆဲြရုိက္ႏိုင္မယ့္ lens ေတြ သံုးသြားဖို ့ရိွေနပါတယ္။ ဒီထဲမွာ စိတ္ဝင္စားဖုိ ့အေကာင္းဆံုးကေတာ့ ေက်ာဘက္ ကင္မရာ lens သံုးခုသံုးသြားမယ့္ iPhone ပါပဲ။

triple-lens ပါ iPhone တစ္လံုးဟာ အနိမ့္ဆံုး 12MP lens ေတြ သံုးသြားဖို ့ရိွျပီး ကင္မရာဒီဇိုင္း ၃ မ်ိဳး ကဲြေနတာကို ပုံေတြထဲမွာ ေတြ႕ရပါတယ္။ တစ္ခုကေတာ့ ကင္မရာ lens သံုးခု ေထာင္လိုက္ထားျပီး ေဘးမွာ LED flash တစ္လံုးပါလာတာ ျဖစ္ျပီး ေနာက္တစ္ခုမွာေတာ့ lens သံုးခုနဲ ့အတူ LED flash တစ္ခါတည္း တဲြထည့္ထားတာပါ။ ေနာက္ဆံုး ဒီဇိုင္းကေတာ့ Huawei P20 Pro နဲ ့ဆင္တဲ့ lens ၂ ခုနဲ ့LED flash ကို တစ္စံု ၊ lens တစ္ခုကို ေအာက္ဘက္မွာ သီးသန္ ့သက္သက္ တစ္စံု ထုတ္ထားတာျဖစ္ပါတယ္။ ဘယ္လိုပဲ ျဖစ္ျဖစ္  iPhone X မွာတပ္ဆင္ထားတဲ့ ေဒါင္လိုက္ကင္မရာ၂လုံးဒီဇိုင္းဟာ စမတ္ဖုန္းေလာကကိုေတာ့ အေျပာင္းအလဲျဖစ္သြားေစတာ အမွန္ပါဘဲ။

Unicode Version

လတ်တလောထွက်ရှိထားသမျှ စမတ်ဖုန်းသတင်းတွေထဲမှာမှ စမတ်ဖုန်းလောကကို တုန်လှုပ်သွားစေတာကတော့ တရုတ်စတ်ဖုန်းထုတ်လုပ်သူ Huawei ရဲ့ ကျောဘက် ထောင်လိုက် ကင်မရာ triple lens သုံးထားတဲ့ P20 Pro ပဲဖြစ်ပါတယ်။ ကင်မရာတစ်လုံး၊ကင်မရာ၂လုံးနဲ့ ဖုန်းတွေထဲမှာသူ့တို့ရဲ့ နောက်ကျောဘက်ကင်မရာ၃လုံးနဲ့ ဖုန်းဟာပြိုင်ဘက်တွေကိုပါ နည်းပညာအရ နောက်ကောက်ချလိုက်သလိုပါဘဲ။ ဒါကြောင့် အခြားသောစမတ်ဖုန်းထုတ်လုပ်တဲ့ ကုမ္ပဏီတွေဟာ သူတို့လို့ ကင်မရာ၃လုံး တပ်ဆင်ထားတဲ့ ဖုန်းတွေထုတ်လုပ်ဖို့ ပြင်ဆင်နေကြပါပြီ။ ဒီလိုသတင်းတွေကြားမှာပဲ Apple အနေနဲ့ 2019ထွက် iPhone ကို Huawei P20 Pro စတိုင် Triple-lens တွေ သုံးလာမယ်ဆိုတဲ့ ကောလာဟလတွေထွက်လာပါတယ်။

Yuanta Securities Investment Consulting ကုမ္ပဏီမှ အကဲဖြတ်သုတေသီတစ်ဦးဖြစ်တဲ့ Jeff Pu ရဲ့ သုံးသပ်ချက်အရ Apple ဟာ နောက်နှစ် နှစ်လယ်လောက်ကစပြီး triple-lens ပါတဲတဲ့ iPhone မော်ဒယ်သစ်ကို မိတ်ဆက်သွားဖို့ရှိတယ်လို့ဆိုပါတယ်။ ၂၀၁၉ မှာ မိတ်ဆက်သွားမယ့် iPhone တွေဟာ 5X optical zoom ဆွဲရိုက်နိုင်မယ့် lens တွေ သုံးသွားဖို့ရှိနေပါတယ်။ ဒီထဲမှာ စိတ်ဝင်စားဖို့အကောင်းဆုံးကတော့ ကျောဘက် ကင်မရာ lens သုံးခုသုံးသွားမယ့် iPhone ပါပဲ။

triple-lens ပါ iPhone တစ်လုံးဟာ အနိမ့်ဆုံး 12MP lens တွေ သုံးသွားဖို့ရှိပြီး ကင်မရာဒီဇိုင်း ၃ မျိုး ကွဲနေတာကို ပုံတွေထဲမှာ တွေ့ရပါတယ်။ တစ်ခုကတော့ ကင်မရာ lens သုံးခု ထောင်လိုက်ထားပြီး ဘေးမှာ LED flash တစ်လုံးပါလာတာ ဖြစ်ပြီး နောက်တစ်ခုမှာတော့ lens သုံးခုနဲ့အတူ LED flash တစ်ခါတည်း တွဲထည့်ထားတာပါ။ နောက်ဆုံး ဒီဇိုင်းကတော့ Huawei P20 Pro နဲ့ဆင်တဲ့ lens ၂ ခုနဲ့LED flash ကို တစ်စုံ ၊ lens တစ်ခုကို အောက်ဘက်မှာ သီးသန့်သက်သက် တစ်စုံ ထုတ်ထားတာဖြစ်ပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ်  iPhone X မှာတပ်ဆင်ထားတဲ့ ဒေါင်လိုက်ကင်မရာ၂လုံးဒီဇိုင်းဟာ စမတ်ဖုန်းလောကကိုတော့ အပြောင်းအလဲဖြစ်သွားစေတာ အမှန်ပါဘဲ။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.