iOS 13 မှာ home screen ကို ပြန်လည်ဒီဇိုင်းရေးဆွဲမည်

0
2007

Zawgyi Version












Unicode Version

ဒါပေမယ့်လည်း စိတ်ဝင်စားစရာသိပ်မကောင်းပါဘူး။
WWDC ပြီးခဲ့တာလည်း ကြာပါပြီ။ iOS 12 မှာ ဘာတွေယူဆောင်လာမလဲဆိုတဲ့အကြောင်းအရာကတော့ ကောလဟာလတွေ ပျံ့နေပါတယ်။ Apple ကတော့ သူ့ရဲ့အဓိကအချက်အလက်တွေကို ဖော်ပြမယ့်အနေအထား မရှိပါဘူး။ ဒီတော့ ကောလဟာလတွေကိုသာ စောင့်ကြည့်ရမယ့်အနေအထား ဖြစ်ပါတယ်။
ဒီနှစ်အစောပိုင်းတုန်းက ထွက်ပေါ်ခဲ့တဲ့ report တွေအရ Apple ဟာ iOS 12 feature တွေကို iOS 13 ရောက်မှထည့်ပေးဖို့ ဆုံးဖြတ်ထားတာပါ။ အကြောင်းရင်းကတော့ ၂၀၁၇ ခုနှစ်မှာတွေ့ကြုံနေရတဲ့ bug တွေကို အရင်ရှင်းရမှာဖြစ်ပါတယ်။ iOS 12 နဲ့အတူ Apple ဟာ iOS experience ကို ပိုမိုယုံကြည်ရအောင်လုပ်ဖို့ စိတ်ကူးထားပါတယ်။
iOS 13 ကို ပြောင်းလိုက်တဲ့ feature တွေထဲမှာ home screen ကို ပြန်လည်ပြင်ဆင်မှာပါ။ mail ၊ picture-taking ၊ photo editing နဲ့ sharing experiences တွေကို တိုးတက်ကောင်းမွန်အောင် ပြင်ဆင်မှာဖြစ်ပါတယ်။
Mark Gurman ဆီကနေလည်း တွစ်တာပေါ်မှာ သတင်းအချို့ပျံ့နှံ့ထားပါတယ်။
iOS 13 မှာ လက်ရှိ macOS မှာ အသုံးပြုနေတဲ့ in-app tab တွေပါဝင်တဲ့ Files app ကို မိတ်ဆက်မှာပါ။ စိတ်ဝင်စားစရာကောင်းတာကတော့ home screen ကို ပြန်လည်ဒီဇိုင်းဆင်လိုက်တဲ့အတွက်ကြောင့် iPhone user experience ကို အကျိုးသက်ရောက်မှုရှိမှာ ဖြစ်ပါတယ်။ ဒါကြောင့် iPad user တွေအတွက် ဘယ်လိုဖြစ်မလဲဆိုတာလည်း စိတ်ဝင်စားနေကြပါတယ်။
iOS 13 ‘Yukon’ က iPad အဓိကထားတဲ့ feature တွေလည်း ပါဝင်လာလိမ့်မယ်လို့ပြောထားပါတယ်။ Files app အပြင် အခြားသော တိုးတက်ကောင်းမွန်အောင်ပြင်ဆင်ထားတဲ့ app တွေ၊ Apple Pencil အသုံးပြုနိုင်တဲ့ အရာမျိုးတွေကို တွေ့မြင်ရနိုင်ပါတယ်။ home screen ကို ပြန်ပြင်မယ်ဆိုတာကတော့ iPad အတွက်လုပ်ပေးတာဖြစ်ပါတယ်။
iPad ပေါ်မှာ home screen ပြင်ဆင်လိုက်ခြင်းက သေသပ်သွားနိုင်ပါတယ်။ ဒါပေမယ့်လည်း iOS 7 ကို ပထမဆုံးတွေ့မြင်လိုက်ရတုန်းကလိုမျိုး အသစ်အဆန်းဖြစ်သွားမျာ ကျိန်းသေပါတယ်။
iOS 13 အတွက် ကြားထားတာတွေကို ဆက်လက်တင်ပြပေးချင်ပါတယ်။ 2019 မှာ Apple က iOS နဲ့ macOS ကိုပေါင်းမယ်လို့ ပြောနေပါတယ်။ ဒါကလည်း မဖြစ်နိုင်ဘူးဆိုတဲ့အကြောင်း သုံးသပ်ချက်တွေလည်း တင်ဆက်ပေးခဲ့ပါပြီ။
အဲဒီအချိန်မတိုင်သေးပါဘူး။ ကျွန်တော်တို့ iOS 12 နဲ့ ခရီးဆက်ရဦးမှာပါ။ iOS 12 မှာလည်း Animojis လေးတွေကို augmented reality feature ကောင်းကောင်းနဲ့တွေ့မြင်ရမှာဖြစ်ပြီး parental control တွေအပြင် အခြား feature တွေကိုလည်း တွေ့မြင်ရဦးမှာပါ။
WWDC 2018 ကတော့ သိပ်ပြီးစိတ်လှုပ်ရှားစရာ ကောင်းမယ်မထင်ပါဘူး။ ဒါပေမယ့် Apple ကတော့ ကျွန်တော်တို့ကို အံ့သြအောင်လုပ်ပါလိမ့်မယ်။

Leave a Reply