Posted on Leave a comment

Google ရဲ့ research နဲ့ AI လုပ်ငန်းများကို ‘Google AI’ နာမည်အောက်သွင်းလိုက်ခြင်း

Zawgyi Version



Unicode Version

Google Research ဆိုတာ မရှိတော့ပါဘူး။ Google Research ပရောဂျက်တွေနဲ့ AI ပရောဂျက်တွေကို “Google AI” လို့ပူးပေါင်းခေါ်ဆိုလိုက်တာဖြစ်ပါတယ်။ သုတေသနလုပ်ငန်းအားလုံးကို အဲဒီနာမည်လေးအောက်ကို သွင်းလိုက်တာဖြစ်ပါတယ်။ AI မှာလုပ်ဆောင်နေတဲ့လုပ်ငန်းစဉ်အားလုံးက အဓိကကျပြီးတော့ သူ့ရဲ့ထုတ်ကုန်နဲ့ platform တွေကို တိုးတက်ကောင်းမွန်အောင် ပြင်ဆင်ပေးနေတာ ဖြစ်ပါတယ်။ AI R&D တွေကို အများကြီးလုပ်ဆောင်လျက်ရှိပါတယ်။ စာအုပ်အကြောင်းနဲ့ Tetris နဲ့ဆက်နွယ်တဲ့စကားလုံးတွေနဲ့ ကစားနိုင်တဲ့ ဝက်ဘ်ဆိုက်လေးကိုလည်း မကြာသေးခင်က launch လုပ်ခဲ့ပါသေးတယ်။
အခုအချိန်မှာတော့ Google က သူ့ရဲ့ Research channels နဲ့ blogs တွေကို “Google AI” အဖြစ်နဲ့ ပြောင်းလဲသတ်မှတ်လိုက်ပါပြီ။ သူ့ရဲ့ Twitter ၊ Google+ မှာပါ ပြောင်းလဲထားတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ Google က ဒီနေ့ကြေငြာလိုက်တာဖြစ်ပေမယ့် Google I/O conference မှာတော့ ပိုမိုအသေးစိတ်ကျကျ မြင်ရတော့မှာဖြစ်ပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.