Google နဲ႕ JBL တို႕ပူးေပါင္းျပီး Android TV အသံုးျပဳထားေသာ soundbar ကိုဖန္တီး

0
1712

Zawgyi Version

JBL Link Bar မွာ Android TV ကို အသံုုးျပဳသြားမွာျဖစ္ျပီးေတာ့ Google Assistant နဲ႕လည္း ေပါင္းစပ္သြားႏုိင္ဖြယ္ရွိေနပါတယ္။

Google နဲ႕ JBL တို႕ပူးေပါင္းျပီးေတာ့ standard sound bar နဲ႕ streaming set-top box တို႕တြဲစပ္ထားတဲ့ hybrid device အသစ္ေလးကို ဖန္တီးေတာ့မွာျဖစ္ပါတယ္။ အဲဒီထုတ္ကုန္အသစ္ေလးကိုေတာ့ JBL Link Bar လို႕အမည္ေပးထားျပီးေတာ့ ဧည့္ခန္းထဲမွာ audio hub တစ္ခုအေနနဲ႕ လုပ္ေဆာင္ေပးႏုိင္မွာ ျဖစ္ပါတယ္။ ဒါ့အျပင္ Android TV နဲ႕ Google Assistant တို႕ကိုပါေပါင္းစပ္ထားတဲ့အတြက္ေၾကာင့္ အသံနဲ႕ရွာျခင္း၊ ထိန္းခ်ဳပ္ျခင္းေတြကုိလည္း လုပ္ေဆာင္ႏုိင္မွာ ျဖစ္ပါတယ္။

အိမ္တြင္းေဖ်ာ္ေျဖေရးထုတ္ကုန္ေတြကို ေပါင္းစပ္ထားျခင္းက စိတ္၀င္စားစရာအခ်က္တစ္ခုပါ။ ဒီထုတ္ကုန္ေလးကို ဂၽြန္၆ရက္ေန႕မွာ ျပသမယ္လို႕ စီစဥ္ေနသံၾကားထားပါတယ္။

Sonos ကေတာ့ သူ႕ရဲ႕ Playbar နဲ႕ Playbase လုိင္းေတြကို update လုပ္ဖို႕စီစဥ္ေနပါတယ္။ Alexa integration နဲ႕ direct HDMI connection ေတြကိုလည္း ထည့္သြင္းေပးသြားမွာ ျဖစ္ပါတယ္။

Sonos soundbar အသစ္ကလည္း TV နဲ႕တုိက္ရုိက္ထိန္းခ်ဳပ္ႏုိင္ေတာ့မွာ ျဖစ္ပါတယ္။ voice control  ေတြကိုလည္း ရႏုိင္ဦးမွာ ျဖစ္ပါတယ္။ ဂၽြန္လအတြက္ဖိိတ္တဲ့စာေလးမွာ ပံုေလးထည့္ထားပါတယ္။ ဒါကိုၾကည့္လိုက္မယ္ဆုိရင္ေတာ့ သူတို႕အေနနဲ႕ universal remote လိုမ်ိိဳးလည္း ထည့္သြင္းႏုိင္ပါတယ္။ ဒါေၾကာင့္ soundbar ေလးမွာ Amazon ရဲ႕ Fire TV platform  ဒါမွမဟုတ္ TV နဲ႕ အျခားနည္းလမ္းေတြကိုအသံုးျပဳျပီးေတာ့ ခ်ိတ္ဆက္ထားလိမ့္မယ္လို႕ ယူဆထားပါတယ္။

Google နဲ႕ JBL တို႕ပူးေပါင္းလိုက္ရင္ေတာ့ Sonos ထက္သာႏုိင္တယ္ဆိုတာ ရွင္းပါတယ္။ Google က သူ႕ရဲ႕ထုတ္ကုန္အသစ္ေလးကို “full Assistant speaker နဲ႕ Android TV experience တို႕ကိုေပးစြမ္းႏုိင္တဲ့ hybrid ပစၥည္း စီးရီးတစ္ခု”  လို႕ ေျပာထားပါတယ္။ ဒါေၾကာင့္ JBL နဲ႕ ဒီအမ်ိဳးအစားတစ္ခုတည္းကို လုပ္သြားမွာ မဟုတ္ပါဘူး။ အျခားပါတနာေတြလည္း ထြက္ေပၚလာႏိုင္ပါေသးတယ္။ Google I/O keynote မွာ ေတြ႕ျမင္ရဖုိ႕ေမွ်ာ္လင့္ထားပါတယ္။

ဒီထက္ အထင္ၾကီးစရာေကာင္းတာကေတာ့ “Hey Google” command ကို Link Bar မွွာ တီဗြီပိတ္ထားရင္ေတာင္ အသံုးျပဳႏုိင္မွာ ျဖစ္ပါတယ္။ အဲဒီပစၥည္းေလးဟာ HDMI နဲ႕ ခ်ိတ္ဆက္ထားမွာျဖစ္ျပီးေတာ့ အသံကိုအသံုးျပဳျပီး TV နဲ႕ ဇာတ္ကားေတြကေန game console ကို ေျပာင္းေပးႏုိင္ပါတယ္။

ေစ်းႏႈန္းအေသးစိတ္ကိုေတာ့ ကၽြန္ေတာ္တို႕ဘက္က အတိအက်မသိရေသးပါဘူး။ JBL ကေတာ့ မၾကာခင္လေတြအတြင္းမွာ ေရာင္းခ်ေတာ့မွာလို႕ Google က မွတ္ခ်က္ျပဳသြားပါတယ္။

Unicode Version

JBL Link Bar မှာ Android TV ကို အသုံုးပြုသွားမှာဖြစ်ပြီးတော့ Google Assistant နဲ့လည်း ပေါင်းစပ်သွားနိုင်ဖွယ်ရှိနေပါတယ်။
Google နဲ့ JBL တို့ပူးပေါင်းပြီးတော့ standard sound bar နဲ့ streaming set-top box တို့တွဲစပ်ထားတဲ့ hybrid device အသစ်လေးကို ဖန်တီးတော့မှာဖြစ်ပါတယ်။ အဲဒီထုတ်ကုန်အသစ်လေးကိုတော့ JBL Link Bar လို့အမည်ပေးထားပြီးတော့ ဧည့်ခန်းထဲမှာ audio hub တစ်ခုအနေနဲ့ လုပ်ဆောင်ပေးနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် Android TV နဲ့ Google Assistant တို့ကိုပါပေါင်းစပ်ထားတဲ့အတွက်ကြောင့် အသံနဲ့ရှာခြင်း၊ ထိန်းချုပ်ခြင်းတွေကိုလည်း လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။
အိမ်တွင်းဖျော်ဖြေရေးထုတ်ကုန်တွေကို ပေါင်းစပ်ထားခြင်းက စိတ်ဝင်စားစရာအချက်တစ်ခုပါ။ ဒီထုတ်ကုန်လေးကို ဂျွန်၆ရက်နေ့မှာ ပြသမယ်လို့ စီစဉ်နေသံကြားထားပါတယ်။
Sonos ကတော့ သူ့ရဲ့ Playbar နဲ့ Playbase လိုင်းတွေကို update လုပ်ဖို့စီစဉ်နေပါတယ်။ Alexa integration နဲ့ direct HDMI connection တွေကိုလည်း ထည့်သွင်းပေးသွားမှာ ဖြစ်ပါတယ်။
Sonos soundbar အသစ်ကလည်း TV နဲ့တိုက်ရိုက်ထိန်းချုပ်နိုင်တော့မှာ ဖြစ်ပါတယ်။ voice control တွေကိုလည်း ရနိုင်ဦးမှာ ဖြစ်ပါတယ်။ ဂျွန်လအတွက်ဖိတ်တဲ့စာလေးမှာ ပုံလေးထည့်ထားပါတယ်။ ဒါကိုကြည့်လိုက်မယ်ဆိုရင်တော့ သူတို့အနေနဲ့ universal remote လိုမျိုးလည်း ထည့်သွင်းနိုင်ပါတယ်။ ဒါကြောင့် soundbar လေးမှာ Amazon ရဲ့ Fire TV platform ဒါမှမဟုတ် TV နဲ့ အခြားနည်းလမ်းတွေကိုအသုံးပြုပြီးတော့ ချိတ်ဆက်ထားလိမ့်မယ်လို့ ယူဆထားပါတယ်။
Google နဲ့ JBL တို့ပူးပေါင်းလိုက်ရင်တော့ Sonos ထက်သာနိုင်တယ်ဆိုတာ ရှင်းပါတယ်။ Google က သူ့ရဲ့ထုတ်ကုန်အသစ်လေးကို “full Assistant speaker နဲ့ Android TV experience တို့ကိုပေးစွမ်းနိုင်တဲ့ hybrid ပစ္စည်း စီးရီးတစ်ခု” လို့ ပြောထားပါတယ်။ ဒါကြောင့် JBL နဲ့ ဒီအမျိုးအစားတစ်ခုတည်းကို လုပ်သွားမှာ မဟုတ်ပါဘူး။ အခြားပါတနာတွေလည်း ထွက်ပေါ်လာနိုင်ပါသေးတယ်။ Google I/O keynote မှာ တွေ့မြင်ရဖို့မျှော်လင့်ထားပါတယ်။
ဒီထက် အထင်ကြီးစရာကောင်းတာကတော့ “Hey Google” command ကို Link Bar မှှာ တီဗွီပိတ်ထားရင်တောင် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ အဲဒီပစ္စည်းလေးဟာ HDMI နဲ့ ချိတ်ဆက်ထားမှာဖြစ်ပြီးတော့ အသံကိုအသုံးပြုပြီး TV နဲ့ ဇာတ်ကားတွေကနေ game console ကို ပြောင်းပေးနိုင်ပါတယ်။
ဈေးနှုန်းအသေးစိတ်ကိုတော့ ကျွန်တော်တို့ဘက်က အတိအကျမသိရသေးပါဘူး။ JBL ကတော့ မကြာခင်လတွေအတွင်းမှာ ရောင်းချတော့မှာလို့ Google က မှတ်ချက်ပြုသွားပါတယ်။

Leave a Reply