Posted on Leave a comment
cross-platform feature အသစ်ကို ကြေညာပြီး Android ကိုကျော်တက်မယ့် Microsoft
Zawgyi Version
Unicode Version
ဒီတစ်ပတ်မှာတော့ Google ရဲ့ I/O developer conference ကို ကြားရတော့မှာပါ။ Microsoft ဟာ သူ့ရဲ့ Android platform ကိုလည်း Build 2018 developer conference မှာ ချပြလိုက်ပါတယ်။ ဒီနေ့စတင်ခဲ့တာဆိုတော့ I/O နဲ့ ရက်ထပ်နေပါတယ်။ အသေးစိတ်ကတော့ မသိရသေးပေမယ့်လည်း Microsoft က သူ့ရဲ့ Android launcher ကို Windows 10 ရဲ့ Timeline feature နဲ့ ကိုက်ညီထောက်ပံ့ပေးနိုင်အောင် လုပ်ဆောင်မှာ ဖြစ်ပါတယ်။ ဒီတော့ “Your Phone” app လေးကို notification mirroring နဲ့ file sharing အတွက် ထုတ်ပေးနိုင်ပါတယ်။
Timeline ဆိုတာကတော့ device တစ်ခုကနေတစ်ခုကိုပြောင်းရတာလွယ်ကူအောင် Microsoft က လုပ်ပေးထားတဲ့ cross-device ဆိုတဲ့စနစ်လေးဖြစ်ပါတယ်။
Launcher အတွက်မိတ်ဆက်ခဲ့တဲ့ feature အသစ်မှာ “line-of-business app discovery and IT advisement on configuration” လို့ ပါနေပါတယ်။ ဒီတော့ ဖုန်းနဲ့ Windows-powered PC တို့ကိုချိတ်ဆက်နိုင်မယ့် နည်းလမ်းသစ်တစ်ခု ဖြစ်လာနိုင်ပါတယ်။ မက်ဆေ့ချ်၊ ဓါတ်ပုံ၊ notifications တွေကို ချက်ချင်းအသုံးပြုခွင့်ရမှာဖြစ်ပြီးတော့ Windows Insider Program ဆီကို ရောက်လာနိုင်ပါတယ်။
ဒီနေ့ပြီးသွားရင်တော့ စိတ်ဝင်စားစရာအချက်အလက်တွေ ထပ်ကြားရနိုင်ပါတယ်။ Play Store ပေါ်က app တွေကို update လုပ်ထားတာ မကြာသေးဘူးဆိုုပေမယ့်လည်း Timeline support အတွက် မြင်ရတာမျိုး မရှိသေးပါဘူး။ Microsoft Build 2018 event ကတော့ ဆက်လက်ကျင်းပနေပါတယ်။ ဒီတော့ Launcher ပြောင်းလဲမှုနဲ့ Your Phone app အကြောင်းကို ဆက်လက်တင်ဆက်ပေးမှာပါ။
Leave a Reply
This site uses Akismet to reduce spam. Learn how your comment data is processed.