ဒေါ်လာ၁၀၀အောက် ထိပ်တန်းတရုတ်စမတ်ဖုန်း ၅ လုံး

0
2190


 Xiaomi Redmi 5A

Xiaomi Redmi Note 5A 

Xiaomi Redmi 5


UMIDIGI A1 Pro

China Mobile A3S

Unicode Version

စမတ်ဖုန်းတစ်လုံးဝယ်ယူတော့မယ်ဆိုရင် ဈေးသက်သာရုံသာမကဲ သူ့မှာပါဝင်တဲ့လုပ်ဆောင်ချက်ကောင်းတွေကိုပါ ဆန်းစစ်ပြီးတော့မှ ဝယ်ယူကြပါတယ်။ ဈေးကွက်ထဲမှာရှိနေတဲ့ စမတ်ဖုန်းတွေဟာ တန်ဖိုးကြီးမြင့်မှသာ အကောင်းဆုံးလုပ်ဆောင်ချက်တွေ ထည့်သွင်းပေးထားတတ်ပါတယ်။ သို့ပေမယ့် တရုတ်နိုင်ငံထုတ်စမတ်ဖုန်းတွေကတော့ ဈေးသက်သာရုံသာမကဘဲ သုံးစွဲသူတွေအဆင်ပြေစေမယ့် လုပ်ဆောင်ချက်တွေကို ထည့်သွင်းပေးထားပါတယ်။ ဒါကြောင့် မေလအတွက်ဒေါ်လာ၁၀၀အောက်သာ ရှိပြီး၊ လုပ်ဆောင်ချက်အသင့်အတင့်ကောင်းမွန်တဲ့ စမတ်ဖုန်း၅လုံးကို ဖော်ပြပေးလိုက်ပါတယ်။ တရုတ်နိုင်ငံနဲ့ အိန္ဒိယဈေးကွက်မှာ ဈေးကွက်ဝေစု အများဆုံးရနေတဲ့ Xiaomi စမတ်ဖုန်းအများစုတော ပါဝင်ပါလိမ့်မယ်။ ဈေးနှုန်းပိုင်းအရ စထွက်လာတဲ့အချိန်မှာ ဒေါ်လာ၁၀၀ကျော် ၁၅၀ ဝန်းကျင်လောက်တွေရှိပေမယ့် လက်ရှိအချိန်မှာတော့ ၁၀၀အောက်ကိုဈေးကျသွားကြပါပြီ။

Xiaomi Redmi 5A
Android Smartphone များထဲမှာတော့ ဈေးအသက်သာဆုံး ဖုန်းများထဲမှ တစ်လုံး ဖြစ်ပါတယ်။ သူ့မှာ ၅ လက်မ HD Display တပ်ဆင်ထားပါတယ်။ Qualcomm Snapdragon 425 Chipset မောင်းနှင်မှာ ဖြစ်ပါတယ်။ MIUI 9 အသစ်ကို ထည့်သွင်းထားပါတယ်။ RAM ကတော့ 2GB နဲ့ Internal Storage ကတော့ 16GB ဖြစ်ပါတယ်။ microSD Card စိုက်နိုင်ပေမယ့် Hybrid Dual SIM Slot ဖြစ်ပါတယ်။ အနောက်ဘက်မှာ f/2.2 ပါတဲ့ 13MP Camera နဲ့ အရှေ့ဘက်မှာ f/2.0 ပါတဲ့ 5MP Camera တပ်ဆင်ထားပါတယ်။ တစ်စက္ကန့်လျှင် ဖရိမ် ၃၀ နှုန်းဖြင့် Full HD Video များကို ရိုက်ကူးနိုင်ပါတယ်။ ဘက်ထရီအပိုင်းမှာ 3000mAh Battery ထည့်သွင်းထားပါတယ်။

Xiaomi Redmi Note 5A
Xiaomi Redmi Note 5A မှာ ၅.၅ လက်မ 1280x720p LCD Display တပ်ဆင်ထားပါတယ်။ ကင်မရာပိုင်းမှာနောက်ကျောဘက်မှာ 13MP ဆင်ဆာ၊ F/2.2 aperture ၊PDAF တို့ပါဝင်ပြီး၊အရှေ့ဘက်မှာတော့ 5MP F/2.0 ဆင်ဆာတပ်ဆင်ပေးထားပါတယ်။ ဘက်ထရီစွမ်းအားပိုင်းအတွက် 3080mAh Battery ထည့်သွင်းထားပါတယ်။ Xiaomi Redmi Note 5A ကို မောင်းနှင်မှာက Qualcomm Snapdragon 425 Chipset ဖြစ်ပြီး Octa-Core Cortex-A53 CPU ပါပါတယ်။

Xiaomi Redmi 5
Xiaomi Redmi 5 မှာ ၅.၇ လက်မ HD+ Display တပ်ဆင်ထားပါတယ်။ မျက်နှာပြင်အချိုးမှာ 18:9 ဖြစ်ပါတယ်။ Chipset ကတော့ Qualcomm Snapdragon 425 ဖြစ်ပြီး Octa-Core CPU တပ်ဆင်ထားပြီး အမြန်နှုန်းမှာ 1.8GHz ဖြစ်ပါတယ်။ အချက်အလက်ပိုင်း 2GB RAM နဲ့အတူ 16GB ထည့်သွင်းထားပါတယ်။ ထပ်တိုးချင်သူတွေအတွက် 128GB အထိ ဝင်ဆန့်တဲ့ microSD Card စိုက်နိုင်ပါတယ်။ Android 7.1.2 အခြေပြု MIUI 9 ထည့်သွင်းထားပါတယ်။

အနောက်ဘက်မှာ 12MP Camera နဲ့ အရှေ့ဘက်မှာ 5MP Camera တပ်ဆင်ထားပြီး LED Flash တစ်လုံးစီ တပ်ဆင်ပေးထားပါတယ်။ အနောက်ဘက်မှာ လက်ဗွေရာ အာရုံခံ ကိရိယာ ပါပါတယ်။ ဘက်ထရီကတော့ 3300mAh ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ 4GB RAM ဗားရှင်းထပ်ထုတ်ထားပြီး သူကတော့ဈေးများပါတယ်။

UMIDIGI A1 Pro
စမတ်ဖုန်း၅မျိုးထဲမှာတော့ သူ့မှာ RAM အပိုင်းပိုသာလွန်ပြီး 3GB နဲ့ဖြစ်ပါတယ်။ ပရိုဆက်ဆာပိုင်းမှာ MediaTek 6739 နဲ့ဖြစ်ပြီး၊မျက်နှာပြင်ပိုင်းအတွက် 5.5-inch HD+ 18:9 display သုံးထားပါတယ်။ ကင်မရာပိုင်းမှာတော့ နောက်ကျောဘက်မှာ Dual ကင်မရာနဲ့ဖြစ်ပြီး 13MP  F/2.0 aperture နဲ့အတူ 5MP  sensor ကိုတွဲဖက်သုံးနိုင်မှာပါ။ အရှေ့ဘက် Selfie ကင်မရာကတော့ 5MP ဖြစ်ပါတယ်။ Android 8.0 Oreo ထောက်ပံ့ပေးပြီး ဘက်ထရီစွမ်းအား ပိုင်းမှာတော့ 3150mAh ဖြစ်ကာ 4G LTE ထောက်ပံ့ပါတယ်။

China Mobile A3S
A3S ဟာဈေးအသက်သာဆုံးစမတ်ဖုန်းလို့ သတ်မှတ်နိုင်ပြီး ဒေါ်လာ၆၀ဝန်းကျင်သာရှိပါတယ်။ သူ့မှာသေးငယ်တဲ့ 5.2-inch display နဲ့အတူ HD resolution ပုံရိပ်ဖော်ပြနိုင်စွမ်းနဲ့ပါ။ Qualcomm Snapdragon 425 ပရိုဆက်ဆာ  2GBRAM နဲ့အတူ အချက်အလက်သိုလှောင်မှု 16GB ဖြစ်ပါတယ်။ ကင်မရာကတော့ နောက်ကျောဘက်မှာ 8MP ဆင်ဆာနဲ့ အရှေ့ဘက်မှာ 5MP ဆင်ဆာတပ်ဆင်ထားပါတယ်။ Android 7.0 Nougat နဲ့အတူ 2800mAh  စွမ်းအားဘက်ထရီနဲ့ အသုံးပြုနိုင်မှာပါ။ လက်ဗွေဖတ်စနစ် ထောက်ပံ့ပေးထားပါတယ်။

 

Leave a Reply