Android P အတြက္ iPhone X gesture ေတြကို Google မွ ခိုးယူအသံုးျပဳထား

0
1479

Zawgyi Version

ဒီေန႕မနက္ေစာပိုင္းမွာ Mountain View မွာ က်င္းပတဲ့ developers conference ရဲ႕ keynote ေလးေတြကို ဖတ္ၾကည့္တဲ့အခါမွာေတာ့ Google က iPhone X-style gesture နဲ႕ navigation ေလးေတြကို Android P မွာ အသံုးျပဳမယ္လို႕ ျပသထားပါတယ္။

iPhone X မွာလို သံုးစြဲသူေတြက display ရဲ႕ ေအာက္အနားကေန အေပၚကိုပင့္တင္လိုက္တဲ့အခါမွာ app switcher ေလးကို ေတြ႕ျမင္ရျပီးေတာ့ အရင္တုန္းကအသံုးျပဳခဲ့တဲ့ app ေတြကုိ ျပန္သံုးႏုိင္မွာျဖစ္ပါတယ္။

သူတို႕ဒါကို Overview လို႕ေခၚျပီးေတာ့ Android ရဲ႕ Smart Text Selection feature ကို ေထာက္ပံ့ေပးထားပါတယ္။ အဲဒီ feature ကေတာ့ သင္ေရြးခ်ယ္လိုက္တဲ့ စာရဲ႕ဆိုလိုရင္းကို နားလည္ေအာင္လုပ္ျပီးေတာ့ သက္ဆုိင္ရာလုပ္ေဆာင္ခ်က္ေတြကို အၾကံျပဳေပးသြားမွာ ျဖစ္ပါတယ္။

Google ရဲ႕ ေျပာၾကားခ်က္ေလးေတြကို နားေထာင္ၾကည့္လိုက္ရေအာင္။

ဖုန္းကိုဘယ္လိုမ်ိဳး navigate လုပ္မလဲဆိုတာက အဓိကက်ပါတယ္။ ဒါေပမယ့္ ေျပာင္းလဲမႈအေသးေလးလုပ္လုိက္တာနဲ႕ ကြဲျပားမႈအၾကီးစားကို ျဖစ္ေပၚေစႏုိင္ပါတယ္။ Android P မွာ Quick Settings ကို ျပန္လည္ဒီဇိုင္းဆင္ထားျပီးေတာ့ screenshot ရိုက္ကူးတဲ့နည္းပညာ၊ ျပင္ဆင္ႏုိင္တဲ့နည္းပညာေတြကို ဆန္းသစ္ေအာင္လုပ္ေဆာင္ထားပါတယ္။ အသံထိန္းခ်ဳပ္မႈစနစ္ကိုလည္း ရိုးရွင္းေအာင္ ျပင္ဆင္ထားပါတယ္။ notification ေတြကို စီမံတဲ့ေနရာမွာလည္း လြယ္ကူေအာင္ျပဳလုပ္ထားမွာပါ။

system navigation အသစ္ကေတာ့ Apple ရဲ႕ notch design နဲ႕ iPhone X မွာရွိတဲ့ system-wide gestures ေတြကို ေရစီးေၾကာင္းလုိက္တဲ့အေနနဲ႕ အသံုးျပဳထားပါတယ္။

Android P မွာ အဓိကေျပာင္းလဲလာမွာကေတာ့

         Adaptive Battery—app နဲ႕၀န္ေဆာင္မႈေတြကို သင့္ရဲ႕အသံုးအမ်ားဆံုးအေပၚမွာ မူတည္ျပီးေတာ့ ဘတ္ထရီအားကို ဦးစားေပးစနစ္နဲ႕ သံုးစြဲသြားမွာျဖစ္ပါတယ္။ အဲဒီ app ေတြကိုအသံုးျပဳတဲ့အခါမွာ brightness ဘယ္လိုခ်ိန္သလဲဆိုတာကိုလည္း ေလ့လာသြားမွာ ျဖစ္ပါတယ္။

         App Actions—app ေပၚမွာမူတည္ျပီးေတာ့ smart recommendation ေတြျပဳလုပ္ေပးသြားမွာပါ။ ဒါေၾကာင့္ ဒီappျပီးရင္ သင့္ရဲ႕ေနာက္ထပ္လုပ္ေဆာင္ခ်က္က ဘာျဖစ္မလဲဆိုတာကို ခန္႕မွန္းေပးတဲ့သေဘာပါ။ headphone နဲ႕ ဖုန္းကိုခ်ိတ္ဆက္လုိက္တဲ့အခါမွာ သင့္ရဲ႕ favorite playlist ကို နားေထာင္လို႕ရေအာင္လုပ္ေဆာင္ေပးမွာပါ။ အဲဒီ smart action ေတြက Launcher ၊ Smart Text Selection ၊ Play Store ၊ Google Search app နဲ႕ Assistant တို႕မွာလည္း ျပသႏုိင္မွာပါ။

         Slices—သင့္ရဲ႕ favorite app ေတြထဲကို ထဲထဲ၀င္၀င္ၾကည့္လိုက္ပါ။ Google Search မွာ “Lyft” လို႕ရွာလိုက္မယ္ဆိုရင္ ေစ်းႏႈန္းနဲ႕အခ်ိန္ကိုပါျပသေပးေနတဲ့ Slice ဆိုတာေလးကို ေတြ႕ျမင္ရမွာပါ။ interactive ျဖစ္တဲ့အတြက္ေၾကာင့္ စီးနင္းမႈကို အလြယ္တကူပဲ ေအာ္ဒါမွာလို႕ရပါတယ္။

         ML Kit— developer ေတြအတြက္ထုတ္ထားတဲ့ Cross-platform APIs ေလးမွာ text recognition ၊ face detection ၊ image labeling နဲ႕ machine learning feature ေတြပါ၀င္ပါတယ္။

         New Dashboard—ဖုန္းေပၚမွာ ဘယ္ေလာက္အခ်ိန္ကုန္ဆံုးသလဲဆိုတာကို ၾကည့္ဖို႕၊ ဖုန္းကို ဘယ္ႏွၾကိမ္ေလာက္ Unlock လုပ္သလဲ၊ notification ဘယ္ေလာက္မ်ားမ်ား၀င္ေနလဲဆိုတာ ၾကည့္နုိင္ပါတယ္။

         App Timer—app ေတြမွာ အခ်ိန္ကိုကန္႕သတ္ထားႏိုင္ျပီးေတာ့ ကန္႕သတ္ထားတဲ့အခ်ိန္နီးကပ္လာတဲ့အခ်ိန္မွာ icon ေလးက မီးခိုးေရာင္ေျပာင္းျပီးေတာ့ သတိေပးႏုိင္ပါတယ္။

         New Do Not Disturb mode—ဒီ Mode ေလးကေတာ့ ဖုန္းေခၚဆိုမႈ၊ notifications နဲ႕ screen ေပၚမွာေပၚလာမယ့္အရာေတြကို silence လုုပ္ထားေပးမွာပါ။ Do Not Disturb ကို ျမန္ျမန္ေလး၀င္ခ်င္တယ္ဆိုုရင္ေတာ့ စားပြဲေပၚမွာ ဖုန္းကို မ်က္ႏွာအပ္ထားလိုက္ပါ။

         Wind Down—ဒီ feature ေလးကေတာ့ ေမွာင္လာတဲ့အခ်ိန္မွာ Night Light ေလးကို ဖြင့္ေပးမယ္၊ Do Not Disturb ဖြင့္ေပးမယ္၊ screen ကို grayscale အျဖစ္နဲ႕ ထားေပးမွာျဖစ္ပါတယ္။

ဒါေတြကေတာ့ Android P ရဲ႕ ထင္ရွားတဲ့အခ်က္ေတြကို စုစည္းျပီးေတာ့ တင္ျပခဲ့တာျဖစ္ပါတယ္။ DNS over TLS ၊ encrypted backups ၊ Protected Confirmations စတာေတြလည္း အမ်ားၾကီးက်န္ေနပါေသးတယ္။

Android P ကို launch လုပ္ေတာ့မွာပါ။

Android P မွာ သင့္ရဲ႕အၾကိဳက္ဆံုး feature အသစ္က ဘာမ်ားျဖစ္မလဲ။ ဘာေၾကာင့္လဲ။

အပန္းမၾကီးရင္ ကြန္မန္႕မွာေရးေပးသြားပါလား။

Unicode Version

ဒီနေ့မနက်စောပိုင်းမှာ Mountain View မှာ ကျင်းပတဲ့ developers conference ရဲ့ keynote လေးတွေကို ဖတ်ကြည့်တဲ့အခါမှာတော့ Google က iPhone X-style gesture နဲ့ navigation လေးတွေကို Android P မှာ အသုံးပြုမယ်လို့ ပြသထားပါတယ်။
iPhone X မှာလို သုံးစွဲသူတွေက display ရဲ့ အောက်အနားကနေ အပေါ်ကိုပင့်တင်လိုက်တဲ့အခါမှာ app switcher လေးကို တွေ့မြင်ရပြီးတော့ အရင်တုန်းကအသုံးပြုခဲ့တဲ့ app တွေကို ပြန်သုံးနိုင်မှာဖြစ်ပါတယ်။
သူတို့ဒါကို Overview လို့ခေါ်ပြီးတော့ Android ရဲ့ Smart Text Selection feature ကို ထောက်ပံ့ပေးထားပါတယ်။ အဲဒီ feature ကတော့ သင်ရွေးချယ်လိုက်တဲ့ စာရဲ့ဆိုလိုရင်းကို နားလည်အောင်လုပ်ပြီးတော့ သက်ဆိုင်ရာလုပ်ဆောင်ချက်တွေကို အကြံပြုပေးသွားမှာ ဖြစ်ပါတယ်။
Google ရဲ့ ပြောကြားချက်လေးတွေကို နားထောင်ကြည့်လိုက်ရအောင်။
ဖုန်းကိုဘယ်လိုမျိုး navigate လုပ်မလဲဆိုတာက အဓိကကျပါတယ်။ ဒါပေမယ့် ပြောင်းလဲမှုအသေးလေးလုပ်လိုက်တာနဲ့ ကွဲပြားမှုအကြီးစားကို ဖြစ်ပေါ်စေနိုင်ပါတယ်။ Android P မှာ Quick Settings ကို ပြန်လည်ဒီဇိုင်းဆင်ထားပြီးတော့ screenshot ရိုက်ကူးတဲ့နည်းပညာ၊ ပြင်ဆင်နိုင်တဲ့နည်းပညာတွေကို ဆန်းသစ်အောင်လုပ်ဆောင်ထားပါတယ်။ အသံထိန်းချုပ်မှုစနစ်ကိုလည်း ရိုးရှင်းအောင် ပြင်ဆင်ထားပါတယ်။ notification တွေကို စီမံတဲ့နေရာမှာလည်း လွယ်ကူအောင်ပြုလုပ်ထားမှာပါ။
system navigation အသစ်ကတော့ Apple ရဲ့ notch design နဲ့ iPhone X မှာရှိတဲ့ system-wide gestures တွေကို ရေစီးကြောင်းလိုက်တဲ့အနေနဲ့ အသုံးပြုထားပါတယ်။
Android P မှာ အဓိကပြောင်းလဲလာမှာကတော့
 Adaptive Battery—app နဲ့ဝန်ဆောင်မှုတွေကို သင့်ရဲ့အသုံးအများဆုံးအပေါ်မှာ မူတည်ပြီးတော့ ဘတ်ထရီအားကို ဦးစားပေးစနစ်နဲ့ သုံးစွဲသွားမှာဖြစ်ပါတယ်။ အဲဒီ app တွေကိုအသုံးပြုတဲ့အခါမှာ brightness ဘယ်လိုချိန်သလဲဆိုတာကိုလည်း လေ့လာသွားမှာ ဖြစ်ပါတယ်။
 App Actions—app ပေါ်မှာမူတည်ပြီးတော့ smart recommendation တွေပြုလုပ်ပေးသွားမှာပါ။ ဒါကြောင့် ဒီappပြီးရင် သင့်ရဲ့နောက်ထပ်လုပ်ဆောင်ချက်က ဘာဖြစ်မလဲဆိုတာကို ခန့်မှန်းပေးတဲ့သဘောပါ။ headphone နဲ့ ဖုန်းကိုချိတ်ဆက်လိုက်တဲ့အခါမှာ သင့်ရဲ့ favorite playlist ကို နားထောင်လို့ရအောင်လုပ်ဆောင်ပေးမှာပါ။ အဲဒီ smart action တွေက Launcher ၊ Smart Text Selection ၊ Play Store ၊ Google Search app နဲ့ Assistant တို့မှာလည်း ပြသနိုင်မှာပါ။
 Slices—သင့်ရဲ့ favorite app တွေထဲကို ထဲထဲဝင်ဝင်ကြည့်လိုက်ပါ။ Google Search မှာ “Lyft” လို့ရှာလိုက်မယ်ဆိုရင် ဈေးနှုန်းနဲ့အချိန်ကိုပါပြသပေးနေတဲ့ Slice ဆိုတာလေးကို တွေ့မြင်ရမှာပါ။ interactive ဖြစ်တဲ့အတွက်ကြောင့် စီးနင်းမှုကို အလွယ်တကူပဲ အော်ဒါမှာလို့ရပါတယ်။
 ML Kit— developer တွေအတွက်ထုတ်ထားတဲ့ Cross-platform APIs လေးမှာ text recognition ၊ face detection ၊ image labeling နဲ့ machine learning feature တွေပါဝင်ပါတယ်။
 New Dashboard—ဖုန်းပေါ်မှာ ဘယ်လောက်အချိန်ကုန်ဆုံးသလဲဆိုတာကို ကြည့်ဖို့၊ ဖုန်းကို ဘယ်နှကြိမ်လောက် Unlock လုပ်သလဲ၊ notification ဘယ်လောက်များများဝင်နေလဲဆိုတာ ကြည့်နိုင်ပါတယ်။
 App Timer—app တွေမှာ အချိန်ကိုကန့်သတ်ထားနိုင်ပြီးတော့ ကန့်သတ်ထားတဲ့အချိန်နီးကပ်လာတဲ့အချိန်မှာ icon လေးက မီးခိုးရောင်ပြောင်းပြီးတော့ သတိပေးနိုင်ပါတယ်။
 New Do Not Disturb mode—ဒီ Mode လေးကတော့ ဖုန်းခေါ်ဆိုမှု၊ notifications နဲ့ screen ပေါ်မှာပေါ်လာမယ့်အရာတွေကို silence လုုပ်ထားပေးမှာပါ။ Do Not Disturb ကို မြန်မြန်လေးဝင်ချင်တယ်ဆိုုရင်တော့ စားပွဲပေါ်မှာ ဖုန်းကို မျက်နှာအပ်ထားလိုက်ပါ။
 Wind Down—ဒီ feature လေးကတော့ မှောင်လာတဲ့အချိန်မှာ Night Light လေးကို ဖွင့်ပေးမယ်၊ Do Not Disturb ဖွင့်ပေးမယ်၊ screen ကို grayscale အဖြစ်နဲ့ ထားပေးမှာဖြစ်ပါတယ်။
ဒါတွေကတော့ Android P ရဲ့ ထင်ရှားတဲ့အချက်တွေကို စုစည်းပြီးတော့ တင်ပြခဲ့တာဖြစ်ပါတယ်။ DNS over TLS ၊ encrypted backups ၊ Protected Confirmations စတာတွေလည်း အများကြီးကျန်နေပါသေးတယ်။
Android P ကို launch လုပ်တော့မှာပါ။
Android P မှာ သင့်ရဲ့အကြိုက်ဆုံး feature အသစ်က ဘာများဖြစ်မလဲ။ ဘာကြောင့်လဲ။
အပန်းမကြီးရင် ကွန်မန့်မှာရေးပေးသွားပါလား။

Leave a Reply