Laptop/PC Trending

ဒေါ်လာ ၁၄၉ နဲ့ရနိုင်ပြီဖြစ်တဲ့ Mi Mini PC အိတ်ဆောင်ကွန်ပျူတာလေး

Zawgyi Version





Unicode Version

၂၄ရက် ကျန်ရှိနေသေးတဲ့ သူတို့ရဲ့ ကမ္ဘာ့စွမ်းဆောင်ရည်အကောင်းဆုံး အိတ်ဆောင် mini PC campaign လေးမှာ ထောက်ပံ့သူပေါင်း ၅၀၀၀ရဲ့ကျေးဇူးကြောင့် ဒေါ်လာပေါင်း ၄၁၀ ၀၀၀ ကို လက်ခံရရှိနေပါပြီ။ အဲဒီသေးငယ်တဲ့ Windows 10 pocket mini PC လေးမှာ ၅လက်မ display ၊ Intel Atom x7 processor နဲ့ အားဖြည့်ထားပါတယ်။
RAM 8GB ၊ 128GB solid state drive (SSD) နဲ့ Windows 10 operating system ကို အသုံးပြုထားပါတယ်။ ဘယ်လိုအလုပ်လုပ်သလဲဆိုတဲ့ ဗွီဒီယိုလေးကိုကြည့်ကြည့်လိုက်ပါ။
early bird (အစောပိုင်းဝယ်ယူသူတွေကတော့) ဒေါ်လာ၁၄၉ နဲ့ရနိုင်မှာဖြစ်ပြီးတော့ windows 10 mini PC လေးမှာ ခေါက်လို့ရတဲ့ Bluetooth keyboard ၊ power adapter ၊ carrying case နဲ့ stand cover လေး ပါဝင်မှာ ဖြစ်ပါတယ်။ ကမ္ဘာအနှံ့ကိုတော့ ၂၀၁၈ စက်တင်ဘာမှာ ရောက်လိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။
အားပြန်သွင်းလို့ရတဲ့ 6,000mAh ဘတ်ထရီကို အသုံးပြုထားလို့ အားအပြည့်သွင်းထားရင် ၆ရာရီခံပါတယ်။ အလူမီနီယမ် case နဲ့ ပန်ကာမဲ့ cooling system တို့ကြောင့် အသံငြိမ်ပါတယ်။ resolution ကတော့ 1280 x 720 pixels ၊ dual band wireless connectivity = 2.4 GHz or 5 GHz bands ၊ Gigabit Ethernet port ၊ HDMI output က 3840 x 2160 @ 60 Hz အထိပေးနိုင်ပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.