အင္တာဗ်ဴးတစ္ခုမွာ ဘီလ္ဂိတ္ရဲ႕ “Amazing Company” လို႕ခ်ီးက်ဴးခံရတဲ့ Apple

0
1962

Zawgyi Version

Apple က တျဖည္းျဖည္းနဲ႕ ေငြေၾကးပိုင္းဆိုင္ရာမွာ တုိးတက္ေကာင္းမြန္ေနတယ္ဆိုတာ ကၽြန္ေတာ္တို႕သိထားျပီးျဖစ္ပါတယ္။ ကၽြန္ေတာ္တို႕မသိတာလည္း ရွိေနပါေသးတယ္။

Berkshire Hathaway က Apple ရဲ႕ ရွယ္ယာ ၇၅သန္းကို ထပ္၀ယ္လိုက္ေၾကာင္း Warren Buffet က အတည္ျပဳေပးခဲ့ပါတယ္။ အခုဆိုရင္ Microsoft co-founder Bill Gates ကလည္း ပါ၀င္လာပါျပီ။ အျမတ္အစြန္းမ်ားစြာရေနတဲ့ လုပ္ငန္းထဲမွာ ေနရာထိပ္တန္းေရာက္ေနတဲ့ နည္းပညာ ကုမၸဏီတစ္ခုလို႕ ဘီ္လ္ဂိတ္က ေျပာသြားပါတယ္။

CNBC နဲ႕ အင္တာဗ်ဴးတစ္ခုမွာ ဘီလ္ဂိတ္က “Apple က အံ့ၾသစရာေကာင္းတဲ့ကုမၸဏီတစ္ခုပါပဲ။ ျပီးေတာ့ ထိပ္တန္းနည္းပညာကုမၸဏီေတြက အျမတ္အစြန္းမ်ားမ်ား ရေနတယ္ဆိုေပမယ့္လည္း Apple ကေတာ့ အမ်ားဆံုးပါ။” Buffet ကလည္း ရွယ္ယာ၇၅သန္း ထပ္၀ယ္လိုက္ပါတယ္။၂၀၁၇ အကုန္မွာ သူပိုင္ထားတာ ၁၆၅.၃သန္း ရွိေနျပီးသားပါ။ ဘီလ္ဂိတ္ကလည္း စဥ္းစားေနပံုရပါတယ္။

“Warren က ေတာ္ေတာ္ေလးစဥ္းစားျပီးမွ လုပ္တာလို႕ ကၽြန္ေတာ္ထင္ပါတယ္။ နည္းပညာလုပ္ငန္းတစ္ခုရဲ႕ အၾကီးအကဲတစ္ေယာက္က ေငြကိုအလကားသံုးပစ္မွာ မဟုတ္ေလာက္ဘူး။”

Apple ရဲ႕ ရွယ္ယာေတြက တနလၤာေန႕တုန္းက အနည္းငယ္ျမင့္တက္လာခဲ့ါပတယ္။ ျပီးခဲ့တဲ့အပတ္ကေတာ့ အျမင့္ဆံုးကို ေရာက္ခဲ့တာပါ။ ၂၀၁၁ ခုႏွစ္ Buffett က ရွယ္ယာစ၀ယ္ခဲ့တုန္းကထက္ ျမင့္တက္သြားခဲ့တာ ျဖစ္ပါတယ္။

Apple ရဲ႕ ေရာင္းအားေတြက ပိုေကာင္းလာပါတယ္။ iPhone X ကို ေရာင္းအားက်မယ္လ္ို႕ ခန္႕မွန္းခဲ့ေပမယ့္လည္း လူၾကိဳက္မ်ားခဲ့တာကို ေတြ႕ရပါတယ္။ ဒီထက္ပိုတာက iPhone X က iPhone အားလံုးထဲမွာ လူၾကိဳက္အမ်ားဆံုးဆိုတဲ့အခ်က္ကိုပါ သက္ေသျပေပးႏုိင္ခဲ့ပါတယ္။ အျခား iPhone ေတြထက္ ေရာင္းအားအေကာင္းဆံုး ျဖစ္ခဲ့ပါတယ္။ Apple ရဲ႕ ဖက္ရွင္က်တဲ့ေန႕ရက္ေတြက ေနာက္မွာက်န္ခဲ့ျပီလို႕ေျပာေပမယ့္လည္း ေငြေၾကးနဲ႕ပတ္သတ္လာရင္ေတာ့ ေနာက္မွာမက်န္ခဲ့ဘူးဆိုတာ သိေစခဲ့ပါတယ္။

Unicode Version

Apple က တဖြည်းဖြည်းနဲ့ ငွေကြေးပိုင်းဆိုင်ရာမှာ တိုးတက်ကောင်းမွန်နေတယ်ဆိုတာ ကျွန်တော်တို့သိထားပြီးဖြစ်ပါတယ်။ ကျွန်တော်တို့မသိတာလည်း ရှိနေပါသေးတယ်။
Berkshire Hathaway က Apple ရဲ့ ရှယ်ယာ ၇၅သန်းကို ထပ်ဝယ်လိုက်ကြောင်း Warren Buffet က အတည်ပြုပေးခဲ့ပါတယ်။ အခုဆိုရင် Microsoft co-founder Bill Gates ကလည်း ပါဝင်လာပါပြီ။ အမြတ်အစွန်းများစွာရနေတဲ့ လုပ်ငန်းထဲမှာ နေရာထိပ်တန်းရောက်နေတဲ့ နည်းပညာ ကုမ္ပဏီတစ်ခုလို့ ဘီ်လ်ဂိတ်က ပြောသွားပါတယ်။
CNBC နဲ့ အင်တာဗျူးတစ်ခုမှာ ဘီလ်ဂိတ်က “Apple က အံ့သြစရာကောင်းတဲ့ကုမ္ပဏီတစ်ခုပါပဲ။ ပြီးတော့ ထိပ်တန်းနည်းပညာကုမ္ပဏီတွေက အမြတ်အစွန်းများများ ရနေတယ်ဆိုပေမယ့်လည်း Apple ကတော့ အများဆုံးပါ။” Buffet ကလည်း ရှယ်ယာ၇၅သန်း ထပ်ဝယ်လိုက်ပါတယ်။၂၀၁၇ အကုန်မှာ သူပိုင်ထားတာ ၁၆၅.၃သန်း ရှိနေပြီးသားပါ။ ဘီလ်ဂိတ်ကလည်း စဉ်းစားနေပုံရပါတယ်။
“Warren က တော်တော်လေးစဉ်းစားပြီးမှ လုပ်တာလို့ ကျွန်တော်ထင်ပါတယ်။ နည်းပညာလုပ်ငန်းတစ်ခုရဲ့ အကြီးအကဲတစ်ယောက်က ငွေကိုအလကားသုံးပစ်မှာ မဟုတ်လောက်ဘူး။”
Apple ရဲ့ ရှယ်ယာတွေက တနင်္လာနေ့တုန်းက အနည်းငယ်မြင့်တက်လာခဲ့ါပတယ်။ ပြီးခဲ့တဲ့အပတ်ကတော့ အမြင့်ဆုံးကို ရောက်ခဲ့တာပါ။ ၂၀၁၁ ခုနှစ် Buffett က ရှယ်ယာစဝယ်ခဲ့တုန်းကထက် မြင့်တက်သွားခဲ့တာ ဖြစ်ပါတယ်။
Apple ရဲ့ ရောင်းအားတွေက ပိုကောင်းလာပါတယ်။ iPhone X ကို ရောင်းအားကျမယ်လို့ ခန့်မှန်းခဲ့ပေမယ့်လည်း လူကြိုက်များခဲ့တာကို တွေ့ရပါတယ်။ ဒီထက်ပိုတာက iPhone X က iPhone အားလုံးထဲမှာ လူကြိုက်အများဆုံးဆိုတဲ့အချက်ကိုပါ သက်သေပြပေးနိုင်ခဲ့ပါတယ်။ အခြား iPhone တွေထက် ရောင်းအားအကောင်းဆုံး ဖြစ်ခဲ့ပါတယ်။ Apple ရဲ့ ဖက်ရှင်ကျတဲ့နေ့ရက်တွေက နောက်မှာကျန်ခဲ့ပြီလို့ပြောပေမယ့်လည်း ငွေကြေးနဲ့ပတ်သတ်လာရင်တော့ နောက်မှာမကျန်ခဲ့ဘူးဆိုတာ သိစေခဲ့ပါတယ်။

Leave a Reply