သင္ကဘယ္ေလာက္လႊမ္းမိုးႏိုင္စြမ္းရွိသလဲဆိုတာ AI ေလးနဲ႕ စမ္းသပ္ၾကည့္ရေအာင္

0
2136

Zawgyi Version

Brand အတြက္ ေၾကာ္ျငာၾကတဲ့အခ်ိန္မွာ ဘယ္ေလာက္ေတာင္လႊမ္းမိုးႏုိင္သလဲဆိုတာ သိႏုိင္ဖို႕အတြက္ တစ္ဦးတစ္ေယာက္ခ်င္းစီနဲ႕ စီးပြားေရးလုပ္ငန္းအေသးစားေလးေတြကို Skorr ဆိုတဲ့ app ေလးနဲ႕ စမ္းသပ္ၾကည့္ခဲ့ါပတယ္။ ေမလ၇ရက္ေန႕တုန္းက App Store နဲ႕ Google Play ေပၚမွာ တင္ခဲ့တဲ့ Skorr ကေတာ့ social media influence ကိုေစာင့္ၾကည့္ျပီးေတာ့ တုိးတက္ေကာင္းမြန္ေအာင္ ဘာေတြလုပ္ေဆာင္ရမလဲဆိုတာကိုပါ အၾကံေပးမွာ ျဖစ္ပါတယ္။

Slaicos Lda ဆိုတဲ့ ေပၚတူဂီ start-up ေလးတစ္ခုကေန ဖန္တီးခဲ့တာျဖစ္ပါတယ္။ သူတို႕သက္တမ္းကေတာ့ တစ္ႏွစ္ေလာက္ပဲရွိပါေသးတယ္။ Skorr ဟာ Twitter ၊ Facebook ၊ LinkedIn ၊ Instagram ၊ Tumbler နဲ႕ YouTube တုိ႕ကို ေစာင့္ၾကည့္ေနမွာျဖစ္ျပီးေတာ့ သံုုးစြဲသူေတြကို ၁ကေန ၁၀၀ အထိ ရမွတ္ေလးေတြ ေပးသြားမွာပါ။

social media impact ကို တုိင္းတာဖို႕အတြက္ လုပ္ေဆာင္ရတဲ့အေရအတြက္ေတြမ်ားျပားျပီးေတာ့ Skorr ဟာ ေဒတာနဲ႕ artificial intelligence နွစ္မ်ိဳးကို ေပါင္းစပ္အသံုးျပဳသြားမွာပါ။ natural language processing ၊ emotion analysis ၊ link analysis တုိ႕ကိုအသံုးျပဳျပီးေတာ့ Skorr က ရမွတ္ေလးေတြကို အသံုးျပဳေပးသြားမွာ ျဖစ္ပါတယ္။ ဆက္လက္ေစာင့္ၾကည့္ျပီးေတာ့ တစ္ဆင့္ခ်င္းသတ္မွတ္ေပးသြားမွာပါ။

“ကၽြန္ေတာ္တို႕က တစ္ေယာက္ခ်င္းစီကို သူတို႕ရဲ႕အြန္လို္င္းေပၚကတည္ရွိမႈကို တိုးတက္ေကာင္းမြန္ေစခ်င္တာပါ။ brand ၾကီးေတြ၊ လုပ္ငန္းၾကီးေတြ ေအာင္ျမင္ေနသလိုမ်ဳိဳး ျဖစ္ေစခ်င္ပါတယ္” လို႕ Skorr CEO နဲ႕ founder Miguel Caeiro က ေျပာခဲ့ပါတယ္။ “အလ်င္အျမန္ေျပာင္းလဲေနတဲ့ ပတ္၀န္းက်င္မွာ social media က အခြင့္အလမ္းေတြနဲ႕ စိန္ေခၚမႈေတြကို ေပးႏုိင္ပါတယ္။ ဒါ့အျပင္ ျခိမ္းေျခာက္မႈေတြလည္း ရွိလာႏုိင္ပါတယ္။ ဒါေတြအားလံုးကို သံုးစြဲသူေတြသိိဖို႕ လမ္းျပေပးမွာပ။ါ”

Likes ၊ views တို႕ကိုၾကည့္သြားမယ့္အျပင္ Skorr က natural language processing ကို အသံုးျပဳျပီးေတာ့ post ေတြထဲက trend ကုိ ဆံုးျဖတ္ေပးသြားမွာပါ။ AI ကို အသံုးျပဳျပီးေတာ့ ပို႕စ္အသစ္ေတြရဲ႕ feedback ကို ခ်က္ခ်င္းေပးႏုိင္သလို သူ႕ရဲ႕ေအာင္ျမင္မႈကိုလည္း ခန္႕မွန္းေပးႏုိင္ပါတယ္။ Machine learning ကို အသံုးျပဳထားတဲ့အတြက္ သံုးစြဲသူတစ္ေယာက္ခ်င္းစီအေပၚ အေျခခံျပီးေတာ့ နည္းလမ္းေလးေတြလည္း ေ၀မွ်ေပးသြားဦးမွာပါ။ ဒါေၾကာင့္ သံုးစြဲသူတစ္ေယာက္ခ်င္းစီတုိင္းကို လႊမ္းမိုးသူ ျဖစ္လာေစမွာပါ။

သူတုိ႕ရဲ႕ဦးတည္ခ်က္ကေတာ့ လိုအပ္ေတာင့္တေနတဲ့ ဆယ္ေက်ာ္သက္ေတြအတြက္ ျဖစ္ပါတယ္။ ဆယ္ေက်ာ္သက္ေတြရဲ႕စိတ္ကို စမ္းသပ္ၾကည့္တဲ့အခါမွာ သူတို႕အတြက္ Skorr က ေထာက္ပံ့ေပးႏုိင္တာကို ေတြ႕ရပါတယ္။ အေသးစားလုပ္ငန္းရွင္ေတြေတာင္ အသံုုးျပဳႏုိင္ပါတယ္။

App ေလးၾကီးထြားလာတာနဲ႕အမွ် Skorr မွာ သူငယ္ခ်င္းေတြကို စိန္ေခၚႏုိင္တဲ့ feature ေလး ထည့္သြင္းလာႏုိင္ပါတယ္။ ဒါကေတာ့ သံုးစြဲသူကိုယ္တုိင္ ဖန္တီးခြင့္ရရွိမွာပါ။

Skorr ကို ေဒတာလံုျခံဳေရးနဲ႕ privacy ေတြရဲ႕ အျမင့္မားဆံုးအဆင့္အတန္းနဲ႕ ကိုက္ညီေအာင္ လုပ္ေဆာင္ထားတယ္လုိ႕ ဆိုပါတယ္။ သူ႕ရဲ႕ AI tools ေတြက privacy-focused feature ေတြ ျဖစ္ပါတယ္။ image recognition ထဲမွာ လိုင္စင္နံပါတ္ေတြ၊ မွတ္ပံုတင္ေတြကို သိရွိတဲ့အခါ သံုးစြဲသူေတြကို သတိေပးမယ့္ feature ေတြလည္း ထည့္သြင္းသြားမယ္လို႕ ေျပာၾကားထားပါတယ္။

ယူအက္စ္၊ ဥေရာပမွာ အသံုးျပဳလို႕ရေနပါျပီ။ ကၽြန္ေတာ္တို႕ဆီမွာလည္း အသံုးျပဳႏုိင္ပါျပီ။ ကၽြန္ေတာ္ကေတာ့ အမွတ္၄၀ပဲရတယ္။

Unicode Version

Brand အတွက် ကြော်ငြာကြတဲ့အချိန်မှာ ဘယ်လောက်တောင်လွှမ်းမိုးနိုင်သလဲဆိုတာ သိနိုင်ဖို့အတွက် တစ်ဦးတစ်ယောက်ချင်းစီနဲ့ စီးပွားရေးလုပ်ငန်းအသေးစားလေးတွေကို Skorr ဆိုတဲ့ app လေးနဲ့ စမ်းသပ်ကြည့်ခဲ့ါပတယ်။ မေလ၇ရက်နေ့တုန်းက App Store နဲ့ Google Play ပေါ်မှာ တင်ခဲ့တဲ့ Skorr ကတော့ social media influence ကိုစောင့်ကြည့်ပြီးတော့ တိုးတက်ကောင်းမွန်အောင် ဘာတွေလုပ်ဆောင်ရမလဲဆိုတာကိုပါ အကြံပေးမှာ ဖြစ်ပါတယ်။
Slaicos Lda ဆိုတဲ့ ပေါ်တူဂီ start-up လေးတစ်ခုကနေ ဖန်တီးခဲ့တာဖြစ်ပါတယ်။ သူတို့သက်တမ်းကတော့ တစ်နှစ်လောက်ပဲရှိပါသေးတယ်။ Skorr ဟာ Twitter ၊ Facebook ၊ LinkedIn ၊ Instagram ၊ Tumbler နဲ့ YouTube တို့ကို စောင့်ကြည့်နေမှာဖြစ်ပြီးတော့ သုံုးစွဲသူတွေကို ၁ကနေ ၁၀၀ အထိ ရမှတ်လေးတွေ ပေးသွားမှာပါ။
social media impact ကို တိုင်းတာဖို့အတွက် လုပ်ဆောင်ရတဲ့အရေအတွက်တွေများပြားပြီးတော့ Skorr ဟာ ဒေတာနဲ့ artificial intelligence နှစ်မျိုးကို ပေါင်းစပ်အသုံးပြုသွားမှာပါ။ natural language processing ၊ emotion analysis ၊ link analysis တို့ကိုအသုံးပြုပြီးတော့ Skorr က ရမှတ်လေးတွေကို အသုံးပြုပေးသွားမှာ ဖြစ်ပါတယ်။ ဆက်လက်စောင့်ကြည့်ပြီးတော့ တစ်ဆင့်ချင်းသတ်မှတ်ပေးသွားမှာပါ။
“ကျွန်တော်တို့က တစ်ယောက်ချင်းစီကို သူတို့ရဲ့အွန်လိုင်းပေါ်ကတည်ရှိမှုကို တိုးတက်ကောင်းမွန်စေချင်တာပါ။ brand ကြီးတွေ၊ လုပ်ငန်းကြီးတွေ အောင်မြင်နေသလိုမျိုး ဖြစ်စေချင်ပါတယ်” လို့ Skorr CEO နဲ့ founder Miguel Caeiro က ပြောခဲ့ပါတယ်။ “အလျင်အမြန်ပြောင်းလဲနေတဲ့ ပတ်ဝန်းကျင်မှာ social media က အခွင့်အလမ်းတွေနဲ့ စိန်ခေါ်မှုတွေကို ပေးနိုင်ပါတယ်။ ဒါ့အပြင် ခြိမ်းခြောက်မှုတွေလည်း ရှိလာနိုင်ပါတယ်။ ဒါတွေအားလုံးကို သုံးစွဲသူတွေသိဖို့ လမ်းပြပေးမှာပ။ါ”
Likes ၊ views တို့ကိုကြည့်သွားမယ့်အပြင် Skorr က natural language processing ကို အသုံးပြုပြီးတော့ post တွေထဲက trend ကို ဆုံးဖြတ်ပေးသွားမှာပါ။ AI ကို အသုံးပြုပြီးတော့ ပို့စ်အသစ်တွေရဲ့ feedback ကို ချက်ချင်းပေးနိုင်သလို သူ့ရဲ့အောင်မြင်မှုကိုလည်း ခန့်မှန်းပေးနိုင်ပါတယ်။ Machine learning ကို အသုံးပြုထားတဲ့အတွက် သုံးစွဲသူတစ်ယောက်ချင်းစီအပေါ် အခြေခံပြီးတော့ နည်းလမ်းလေးတွေလည်း ဝေမျှပေးသွားဦးမှာပါ။ ဒါကြောင့် သုံးစွဲသူတစ်ယောက်ချင်းစီတိုင်းကို လွှမ်းမိုးသူ ဖြစ်လာစေမှာပါ။
သူတို့ရဲ့ဦးတည်ချက်ကတော့ လိုအပ်တောင့်တနေတဲ့ ဆယ်ကျော်သက်တွေအတွက် ဖြစ်ပါတယ်။ ဆယ်ကျော်သက်တွေရဲ့စိတ်ကို စမ်းသပ်ကြည့်တဲ့အခါမှာ သူတို့အတွက် Skorr က ထောက်ပံ့ပေးနိုင်တာကို တွေ့ရပါတယ်။ အသေးစားလုပ်ငန်းရှင်တွေတောင် အသုံုးပြုနိုင်ပါတယ်။
App လေးကြီးထွားလာတာနဲ့အမျှ Skorr မှာ သူငယ်ချင်းတွေကို စိန်ခေါ်နိုင်တဲ့ feature လေး ထည့်သွင်းလာနိုင်ပါတယ်။ ဒါကတော့ သုံးစွဲသူကိုယ်တိုင် ဖန်တီးခွင့်ရရှိမှာပါ။
Skorr ကို ဒေတာလုံခြုံရေးနဲ့ privacy တွေရဲ့ အမြင့်မားဆုံးအဆင့်အတန်းနဲ့ ကိုက်ညီအောင် လုပ်ဆောင်ထားတယ်လို့ ဆိုပါတယ်။ သူ့ရဲ့ AI tools တွေက privacy-focused feature တွေ ဖြစ်ပါတယ်။ image recognition ထဲမှာ လိုင်စင်နံပါတ်တွေ၊ မှတ်ပုံတင်တွေကို သိရှိတဲ့အခါ သုံးစွဲသူတွေကို သတိပေးမယ့် feature တွေလည်း ထည့်သွင်းသွားမယ်လို့ ပြောကြားထားပါတယ်။
ယူအက်စ်၊ ဥရောပမှာ အသုံးပြုလို့ရနေပါပြီ။

Leave a Reply