အေသးစိတ္ထြက္ေပၚလာတဲ့ OnePlus 6 မွာပါဝင္မယ့္အခ်က္အလက္မ်ား

0
1920

2018ခုႏွစ္အတြက္ OnePlus ရဲ႕စမတ္ဖုန္းသစ္ဟာ သိပ္မၾကာခင္အခ်ိန္မွာ ထြက္ရွိပါေတာ့မယ္။ ကုမၸဏီရဲ႕ အသစ္မိတ္ဆက္မယ့္ ဖုန္းဟာ OnePlus 6 ျဖစ္ၿပီး နည္းပညာသတင္းဌာနေပါင္းစုံကေန ထြက္လာတဲ့ အခ်က္အလက္ေပါင္းဆုံ ကို ေတြ႕ျမင္ခဲ့ရၿပီးပါၿပီ။ ၿပီးခဲ့တဲ့ရက္ပိုင္းကလည္း One Plus 6 မွာပါဝင္မယ္လို႔ ေသခ်ာေစတဲ့အခ်က္အလက္ေတြ TENAA မွာေပၚထြက္လာခဲ့ပါတယ္။ မေန႔ကေတာ့ Oneplus ရဲ႕CEO ျဖစ္တဲ့ Pete Lau ဟာအိႏၵိယႏုိင္ငံ၊မြမ္ဘိုင္းၿမိဳ႕ကို သြားေရာက္လည္ပတ္ၿပီး အိႏၵိယစမတ္ဖုန္းေစ်းကြက္မွာ One Plus 6 ကိုေရာင္းခ်ႏုိင္ဖုိ႔အတြက္ စာခ်ဳပ္ခ်ဳပ္ဆိုႏိုင္ခဲ့ၿပီဆိုတာကို Weibo ကေနသတင္းေတြတက္လာခဲ့ပါတယ္။

OnePlus 5T ဟာအိႏၵိယေစ်းကြက္မွာ အေကာင္းဆုံးေရာင္းခ်ႏုိင္မႈကို ျပဳလုပ္ႏိုင္ခဲ့ၿပီးတဲ့ေနာက္ ကုမၸဏီရဲ႕လာမယ့္ ဖုန္းအသစ္အတြက္ အမ်ားႀကီးေမွ်ာ္လင့္ထားပုံေပၚပါတယ္။ Oneplus ရဲ႕CEO ျဖစ္တဲ့ Pete Lau အသစ္ထြက္မယ့္ ဖုန္းနဲ႔ပတ္သတ္လို႔ေမးျမန္းခ်က္ေတြကို ေျဖၾကားခဲ့ရမွာ ျပည့္စုံလုံေလာက္တဲ့ စြမ္းေဆာင္ခ်က္ေတြဟာ ဖုန္းအသစ္မွာရွိေနၿပီ ေျပာၾကားထားပါတယ္။ One Plus 6 မွာ mobile payment  နဲ႔ပတ္သတ္လို႔ NFC လုပ္ေဆာင္ခ်က္ပါထည့္သြင္းေပးသြားမွာ ျဖစ္ပါတယ္။

သူ႕မွာ Snapdragon 845 ပရိုဆက္ဆာကိုသုံးထားမွာျဖစ္ၿပီး လက္ရွိ၂၀၁၈ထြက္ဖုန္းေတြမွာ သုံးထားတဲ့ ပရိုဆက္ဆာေတြနဲ႔ တူညီေနပါတယ္။  8GB RAM နဲ႔အခ်က္အက္သုိေလွာင္ႏိုင္စြမ္းအတြက္  256GB အထိတုိးျမင့္ေပးထားၿပီး 6.28-inch မ်က္ႏွာျပင္မွာ  AMOLED display သုံးထားမွာပါ။ သူ႕ရဲ႕ပုံစံနဲဒီဇုိင္းဟာ  OPPO R15 ၊ Vivo X21 တို႔တူညီေနပါလိမ့္မယ္။

dual camera တပ္ဆင္ေပးထားမွာျဖစ္ၿပီး 20MP + 16MP ကိုဦးစားေပးထည့္သြင္းလာမွာျဖစ္ၿပီး အေရွ႕ဘက္ကင္မရာကေတာ့ 16MP ျဖစ္မွာပါ။ ဖုန္းရဲ႕အရြယ္အစားကေတာ့ 155.7×75.35×7.75 ျဖစ္ၿပီး အေလးခ်ိန္ 177 g ရွိမွာျဖစ္ပါတယ္။ Android 8.1 အေျခခံမယ့္ UI စနစ္နဲ႔အတူ 3300mAh ဘက္ထရီစြမ္းအားကိုတပ္ဆင္ေပးထားပါတယ္။ မ်က္ႏွာျပင္ေလာက္လက္ေဗြဖတ္စနစ္မပါဝင္ႏိုင္ေပမယ့္ ႀကိဳးမဲ့အားသြင္းနည္းပညာကိုေတာ့ ေမွ်ာ္လင့္လို႔ရႏိုင္ပါတယ္။ 8GB+128GB, 8GB+256GB ဆုိၿပီးေရြးခ်ယ္စရာရွိႏိုၿပီး ေစ်းႏႈန္းကေတာ့ 2999 ယြမ္ ( $471) ေလာက္ရွိႏုိင္ပါတယ္။

Unicode Version

2018ခုနှစ်အတွက် OnePlus ရဲ့စမတ်ဖုန်းသစ်ဟာ သိပ်မကြာခင်အချိန်မှာ ထွက်ရှိပါတော့မယ်။ ကုမ္ပဏီရဲ့ အသစ်မိတ်ဆက်မယ့် ဖုန်းဟာ OnePlus 6 ဖြစ်ပြီး နည်းပညာသတင်းဌာနပေါင်းစုံကနေ ထွက်လာတဲ့ အချက်အလက်ပေါင်းဆုံ ကို တွေ့မြင်ခဲ့ရပြီးပါပြီ။ ပြီးခဲ့တဲ့ရက်ပိုင်းကလည်း One Plus 6 မှာပါဝင်မယ်လို့ သေချာစေတဲ့အချက်အလက်တွေ TENAA မှာပေါ်ထွက်လာခဲ့ပါတယ်။ မနေ့ကတော့ Oneplus ရဲ့CEO ဖြစ်တဲ့ Pete Lau ဟာအိန္ဒိယနိုင်ငံ၊မွမ်ဘိုင်းမြို့ကို သွားရောက်လည်ပတ်ပြီး အိန္ဒိယစမတ်ဖုန်းဈေးကွက်မှာ One Plus 6 ကိုရောင်းချနိုင်ဖို့အတွက် စာချုပ်ချုပ်ဆိုနိုင်ခဲ့ပြီဆိုတာကို Weibo ကနေသတင်းတွေတက်လာခဲ့ပါတယ်။

OnePlus 5T ဟာအိန္ဒိယဈေးကွက်မှာ အကောင်းဆုံးရောင်းချနိုင်မှုကို ပြုလုပ်နိုင်ခဲ့ပြီးတဲ့နောက် ကုမ္ပဏီရဲ့လာမယ့် ဖုန်းအသစ်အတွက် အများကြီးမျှော်လင့်ထားပုံပေါ်ပါတယ်။ Oneplus ရဲ့CEO ဖြစ်တဲ့ Pete Lau အသစ်ထွက်မယ့် ဖုန်းနဲ့ပတ်သတ်လို့မေးမြန်းချက်တွေကို ဖြေကြားခဲ့ရမှာ ပြည့်စုံလုံလောက်တဲ့ စွမ်းဆောင်ချက်တွေဟာ ဖုန်းအသစ်မှာရှိနေပြီ ပြောကြားထားပါတယ်။ One Plus 6 မှာ mobile payment  နဲ့ပတ်သတ်လို့ NFC လုပ်ဆောင်ချက်ပါထည့်သွင်းပေးသွားမှာ ဖြစ်ပါတယ်။

သူ့မှာ Snapdragon 845 ပရိုဆက်ဆာကိုသုံးထားမှာဖြစ်ပြီး လက်ရှိ၂၀၁၈ထွက်ဖုန်းတွေမှာ သုံးထားတဲ့ ပရိုဆက်ဆာတွေနဲ့ တူညီနေပါတယ်။  8GB RAM နဲ့အချက်အက်သိုလှောင်နိုင်စွမ်းအတွက်  256GB အထိတိုးမြင့်ပေးထားပြီး 6.28-inch မျက်နှာပြင်မှာ  AMOLED display သုံးထားမှာပါ။ သူ့ရဲ့ပုံစံနဲဒီဇိုင်းဟာ  OPPO R15 ၊ Vivo X21 တို့တူညီနေပါလိမ့်မယ်။

dual camera တပ်ဆင်ပေးထားမှာဖြစ်ပြီး 20MP + 16MP ကိုဦးစားပေးထည့်သွင်းလာမှာဖြစ်ပြီး အရှေ့ဘက်ကင်မရာကတော့ 16MP ဖြစ်မှာပါ။ ဖုန်းရဲ့အရွယ်အစားကတော့ 155.7×75.35×7.75 ဖြစ်ပြီး အလေးချိန် 177 g ရှိမှာဖြစ်ပါတယ်။ Android 8.1 အခြေခံမယ့် UI စနစ်နဲ့အတူ 3300mAh ဘက်ထရီစွမ်းအားကိုတပ်ဆင်ပေးထားပါတယ်။ မျက်နှာပြင်လောက်လက်ဗွေဖတ်စနစ်မပါဝင်နိုင်ပေမယ့် ကြိုးမဲ့အားသွင်းနည်းပညာကိုတော့ မျှော်လင့်လို့ရနိုင်ပါတယ်။  8GB+128GB, 8GB+256GB ဆိုပြီးရွေးချယ်စရာရှိနိုပြီး ဈေးနှုန်းကတော့ 2999 ယွမ် ( $471) လောက်ရှိနိုင်ပါတယ်။

Leave a Reply