မေ၉ရက်နေ့မှာ မိတ်ဆက်သွားမယ့် NOTCH ဒီဇိုင်းနဲ့ UMIDIGI Z2/Z2 PRO

0
1913




Unicode Version

တရုတ်စမတ်ဖုန်းထုတ်လုပ်သူUMIDIGI အနေနဲ့ NOTCH ဒီဇိုင်းနဲ့ စမတ်ဖုန်းသစ်တွေကို ယခုလ၉ရက်နေ့မှာ တရားဝင်မိတ်ဆက်ပေးတော့မှာ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ အသစ်မိတ်ဆက်မယ့် စမတ်ဖုန်းတွေဖြစ်တဲ့ UMIDIGI Z2/Z2 Pro စီးရီးဖုန်းတွေရဲ့ အချက်အလက်အကုန်နီးပါးထွက်ရှိလာပါပြီ။ ဒါ့အပြင် UMIDIGI Z2 ကို  iPhone X  နဲ့နှိုင်းယှဉ်ပြထားတဲ့ ဗီဒီယိုဖိုင်နဲ့အတူ UMIDIGI Z2 Pro မော်ဒယ်ကို hands-on ပြုလုပ်ထားတဲ့ video ကိုပါတင်ပေးထားပါတယ်။

UMIDIGI Z2 Pro ရဲ့အရောင်ဟာ သေချာကြည့်လိုက်မယ်ဆိုရင် Huawei P20  နဲ့ခပ်ဆင်ဆင်တူတာကိုတွေ့ရမှာဖြစ်ပါတယ်။အောက်မှာတော့ UMIDIGI Z2 Pro ကို hands-on ပြုလုပ်ထားတဲ့ Videoကိုကြည့်နိုင်မှာပါ။

စမတ်ဖုန်းသစ်တွေရဲ့ အချက်အလက်တွေကိုကြည့်လိုက်မယ်ဆိုရင် UMIDIGI Z2 Proမှာ 5,8-inch 19:9 FHD+ display နဲ့ AI ထောက်ပံ့နိုင်စွမ်းပါဝင်တဲ့ Helio P60 chipset  ကိုသုံးထားမှာ ဖြစ်ပါတယ်။ Octa-Core ပရိုဆက်ဆာနဲ့အတူ 2 GHz အမြန်နှုန်း 6 GB RAM မှာ 128 GB အချက်အလက်သိုလှောင်နိုင်စွမ်းနဲ့ဖြစ်ပါတယ်။ ကင်မရာလေးလုံးနဲ့ဖြစ်ပြီး နောက်ကျောနဲ့အရှေ့ဘက်မှာ 16MP+8MP ဆင်ဆာကင်မရာတွေကို တပ်ဆင်ပေးထားမှာဖြစ်ပါတယ်။ Android 8.1 Oreo တစ်ပါတည်း ထည့်သွင်းပေးထားပြီး၊ဖုန်းကိုအားသွင်းမှုပိုင်းမှာတော့ ပုံမှန်အားသွင်းတဲ့ 18W စနစ်အပြင် ကမ္ဘာ့အမြန်ဆုံးအားသွင်းစနစ်ဖြစ်တဲ့ 15W wireless charging ကိုပါထောက်ပံ့ပေးထားပါတယ်။

 

Leave a Reply