ဘတ္ဂ်က္စမတ္ဖုန္း K30 ကိုမိတ္ဆက္လိုက္တဲ့ LG

0
1747

ကိုရီးယားစမတ္ဖုန္း ကုမၸဏီ LG အေနနဲ႔သူတို႔ရဲ႕ မ်ိဴးဆက္သစ္ စမတ္ဖုန္း ျဖစ္တဲ့ LG K30 ကို အေမရိကန္ႏိုင္ငံမွာ မိတ္ဆက္လိုက္ပါတယ္။ T Mobile မိတ္ဖက္ျပဳလုပ္ၿပီး မိတ္ဆက္လိုက္တဲ့ ဒီဖုန္းဟာၿပီးခဲ့တဲ့ ဇန္နဝါရီလတုန္းက ေတာင္ကိုရီးယားႏိုင္ငံမွာ မိတ္ဆက္ခဲ့တဲ့ LG X4+ လိုမ်ိဴးစမတ္ဖုန္း အမ်ိဴးအစားဘဲ ျဖစ္ပါတယ္။သူ႕မွာ ၅.၃ လက္မ မ်က္ႏွာျပင္အက်ယ္ရွိတဲ့ HD Display ကို အသုံးျပဳထားၿပီး Resolution ကေတာ့ 720 x 1080 pixels ရွိပါမယ္။ Software အပိုင္းမွာ Android 7.1 Nougat ကို LG UX 6.0 နဲ႔ ျပန္လည္Customize လုပ္ထားတာ ျဖစ္ပါတယ္။

ပရိုဆက္ဆာအပိုင္းမွာ Snapdragon 425 SoC ကို အသုံးျပဳထားၿပီး RAM 2GB ပါဝင္မွာ ျဖစ္ပါတယ္။
အခ်က္အလက္သိုေလွာင္ႏိုင္စြမ္းအတြက္ 32GB ထည့္သြင္းေပးထားၿပီး microSD ကိုေတာ့ 2TB ထိ
ထပ္တိုး အသုံးျပဳႏိုင္မွာ ျဖစ္ပါတယ္။ ေနာက္ေက်ာဘက္ ကင္မရာအတြက္ 1080p ဗီဒီယိုမ်ား ႐ိုက္ကူးႏိုင္မယ့္ 13-Megapixel ကင္မရာ ကိုတပ္ဆင္ထားၿပီး ေရွ႕ဘက္မ်က္ႏွာျပင္မွာေတာ့ 5-Megapixel ကင္မရာ တပ္ဆင္ထားပါတယ္။ လက္ရွိထြက္ထားတဲ့ ဘတ္ဂ်က္စမတ္ဖုန္းေတြနဲ႔ ယွဥ္လိုက္မယ္ဆုိရင္ Hardware ပိုင္းမွာ အားနည္းတာကိုေတြ႕ရပါတယ္။

ဘက္ထရီ သိုေလွာင္မႈ ပမာဏ 2880mAh ပါဝင္ၿပီး Fast Charging ေထာက္ပံ့မႈစနစ္ကိုလည္း အသုံးျပဳႏိုင္မွာ ျဖစ္ပါတယ္။ Fingerprint Sensor ကို ေက်ာဘက္မွာတပ္ဆင္ထားၿပီး အေလးခ်ိန္ကေတာ့ 168g ရွိပါမယ္။ LG K30 ကို အေမရိကန္ႏိုင္ငံမွာ ေရာင္းခ်ေနတဲ့ေစ်းႏႈန္းကေတာ့ ၂၂၅ ေဒၚလာ နဲ႔ျဖစ္ပါတယ္။ K30 ကို ေလာေလာဆယ္ အေမရိကန္ႏိုင္ငံမွာဘဲ မိတ္ဆက္ထားၿပီး ကမာၻအႏွံ႔အျပားကို ျဖန္႔ခ်ိသြားမလားဆိုတာကိုေတာ့ အတိအက် မသိရေသးပါဘူး။ သို႕ေပမယ့္LG ဟာ အရင္ K စီးရီးေမာ္ဒယ္ေတြကိုေတာ့ အိႏၵိယအပါအဝင္ ႏိုင္ငံေတာ္ေတာ္မ်ားမ်ားမွာ ျဖန္႔ခ်ိခဲ့တာျဖစ္ပါတယ္။

Unicode Version

ကိုရီးယားစမတ်ဖုန်း ကုမ္ပဏီ LG အနေနဲ့သူတို့ရဲ့ မျိူးဆက်သစ် စမတ်ဖုန်း ဖြစ်တဲ့ LG K30 ကို အမေရိကန်နိုင်ငံမှာ မိတ်ဆက်လိုက်ပါတယ်။ T Mobile မိတ်ဖက်ပြုလုပ်ပြီး မိတ်ဆက်လိုက်တဲ့ ဒီဖုန်းဟာပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းက တောင်ကိုရီးယားနိုင်ငံမှာ မိတ်ဆက်ခဲ့တဲ့ LG X4+ လိုမျိူးစမတ်ဖုန်း အမျိူးအစားဘဲ ဖြစ်ပါတယ်။သူ့မှာ ၅.၃ လက်မ မျက်နှာပြင်အကျယ်ရှိတဲ့ HD Display ကို အသုံးပြုထားပြီး Resolution ကတော့ 720 x 1080 pixels ရှိပါမယ်။ Software အပိုင်းမှာ Android 7.1 Nougat ကို LG UX 6.0 နဲ့ ပြန်လည်Customize လုပ်ထားတာ ဖြစ်ပါတယ်။

ပရိုဆက်ဆာအပိုင်းမှာ Snapdragon 425 SoC ကို အသုံးပြုထားပြီး RAM 2GB ပါဝင်မှာ ဖြစ်ပါတယ်။
အချက်အလက်သိုလှောင်နိုင်စွမ်းအတွက် 32GB ထည့်သွင်းပေးထားပြီး microSD ကိုတော့ 2TB ထိ
ထပ်တိုး အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ နောက်ကျောဘက် ကင်မရာအတွက် 1080p ဗီဒီယိုများ ရိုက်ကူးနိုင်မယ့် 13-Megapixel ကင်မရာ ကိုတပ်ဆင်ထားပြီး ရှေ့ဘက်မျက်နှာပြင်မှာတော့ 5-Megapixel ကင်မရာ တပ်ဆင်ထားပါတယ်။ လက်ရှိထွက်ထားတဲ့ ဘတ်ဂျက်စမတ်ဖုန်းတွေနဲ့ ယှဉ်လိုက်မယ်ဆိုရင် Hardware ပိုင်းမှာ အားနည်းတာကိုတွေ့ရပါတယ်။

ဘက်ထရီ သိုလှောင်မှု ပမာဏ 2880mAh ပါဝင်ပြီး Fast Charging ထောက်ပံ့မှုစနစ်ကိုလည်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Fingerprint Sensor ကို ကျောဘက်မှာတပ်ဆင်ထားပြီး အလေးချိန်ကတော့ 168g ရှိပါမယ်။ LG K30 ကို အမေရိကန်နိုင်ငံမှာ ရောင်းချနေတဲ့ဈေးနှုန်းကတော့ ၂၂၅ ဒေါ်လာ နဲ့ဖြစ်ပါတယ်။ K30 ကို လောလောဆယ် အမေရိကန်နိုင်ငံမှာဘဲ မိတ်ဆက်ထားပြီး ကမ္ဘာအနှံ့အပြားကို ဖြန့်ချိသွားမလားဆိုတာကိုတော့ အတိအကျ မသိရသေးပါဘူး။ သို့ပေမယ့်LG ဟာ အရင် K စီးရီးမော်ဒယ်တွေကိုတော့ အိန္ဒိယအပါအဝင် နိုင်ငံတော်တော်များများမှာ ဖြန့်ချိခဲ့တာဖြစ်ပါတယ်။

Leave a Reply