XIAOMI MI 7 ရဲ႕ကာဗာဒီဇိုင္းမ်ားထြက္ေပၚလာ

0
1901

လတ္တေလာထြက္ထားတဲ့ သတင္းမ်ားအရ Xiaomi Mi 7 ကို လာမယ့္ ေမလ ၂၃ ရက္ေန႔မွာ မိတ္ဆက္လာမယ္လုိ႔ သိရပါတယ္။ ယင္းသတင္းကုိ အတည္မျပဳႏုိင္ေသးေပမယ့္လည္း Mi 7 ရဲ႕ ဒီဇုိင္းႏွင့္ပတ္သက္ၿပီး ကၽြန္ေတာ္တို႔ အတည္ျပဳႏုိင္ၿပီ ျဖစ္ပါတယ္။ Xiaomi Mi 7 ကာဗာ ေပါက္ၾကားလာမႈႏွင့္အတူ ဒီဖုန္းရဲ႕ဒီဇုိင္းကို သိႏိုင္ခဲ့တာလည္း ျဖစ္ပါတယ္။

ယခု ထြက္ေပၚလာတဲ့ ကာဗာအရ Xiaomi Mi 7 မွာလည္း နားၾကပ္ေပါက္ ပါ၀င္လာမွာ မဟုတ္ပါဘူး။ USB Type C မွ တစ္ဆင့္ ခ်ိတ္ဆက္ၿပီး သီခ်င္းနားဆင္ရပါမယ္။ IR Blaster ကုိလည္း ဖုန္းထိပ္မွာ ထည့္သြင္းထားတုန္း ျဖစ္ပါတယ္။ ေက်ာဘက္ကင္မရာဒီဇုိင္းကုိ Mi Mix 2s ၊ Mi 6X တို႔လုိပဲ ေဒါင္လုိက္ ထည့္သြင္းထားပါတယ္။ ပါ၀ါခလုတ္ႏွင့္ အသံအတိုးအခ်ဲ႕ခလုတ္တို႔ကုိ ဖုန္းရဲ႕ ညာျခမ္းမွာ ထည့္သြင္းထားပါတယ္။ ၿပီးခဲ့တဲ့ရက္ပိုင္းအတြင္းကလည္း tempered glass ပုံရိပ္ေတြထြက္ရွိထားပါတယ္။ ျမင္လုိက္ရတဲ့ပုံအရ ဖုန္းမွာ Notch ထည့္သြင္းထားၿပီး ေဘးေဘာင္ေလးေတြက အေတာ္က်ဥ္းေျမာင္းပါတယ္။ လက္ထဲမွာကိုင္ထားတဲ့ အေနအထားအရ 5.8-inch screen ျဖစ္ဖို႔ေသခ်ာပါတယ္။

Mi 7 မွာပါဝင္ႏိုင္မႈေတြအေနနဲ႔ Qualcomm Snapdragon 845 Chipset ထည့္သြင္းထားမယ္လို႔ Benchmark အမွတ္မ်ားအရ သိရပါတယ္။ 5.65-Inch Display ကိုသံုးထားျပီး အရည္အေသြးမွာ Full HD+ ျဖစ္ပါတယ္။ မ်က္ႏွာျပင္အခ်ိဳးမွာ 18:9 ျဖစ္ပါတယ္။ physical fingerprint scanner ပါဝင္လာဖို႕ကေတာ့ မေသခ်ာပါဘူး။ 3D မ်က္ႏွာအတည္ျပဳစနစ္ပါ ပါဝင္လာႏုိင္ပါတယ္။ အျခား Specs ေတြ Feature ေတြကေတာ့ ၾကိဳးမဲ့အားသြင္းစနစ္၊ Android Oreo (Miui Skin) Storage 64GB/ 128GB/ 256GB စတာေတြပါ။ Ram 6GB သို႔မဟုတ္ 8GB ျဖစ္ပါလိမ့္မယ္။

Unicode Version

လတ်တလောထွက်ထားတဲ့ သတင်းများအရ Xiaomi Mi 7 ကို လာမယ့် မေလ ၂၃ ရက်နေ့မှာ မိတ်ဆက်လာမယ်လို့ သိရပါတယ်။ ယင်းသတင်းကို အတည်မပြုနိုင်သေးပေမယ့်လည်း Mi 7 ရဲ့ ဒီဇိုင်းနှင့်ပတ်သက်ပြီး ကျွန်တော်တို့ အတည်ပြုနိုင်ပြီ ဖြစ်ပါတယ်။ Xiaomi Mi 7 ကာဗာ ပေါက်ကြားလာမှုနှင့်အတူ ဒီဖုန်းရဲ့ဒီဇိုင်းကို သိနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

ယခု ထွက်ပေါ်လာတဲ့ ကာဗာအရ Xiaomi Mi 7 မှာလည်း နားကြပ်ပေါက် ပါဝင်လာမှာ မဟုတ်ပါဘူး။ USB Type C မှ တစ်ဆင့် ချိတ်ဆက်ပြီး သီချင်းနားဆင်ရပါမယ်။ IR Blaster ကိုလည်း ဖုန်းထိပ်မှာ ထည့်သွင်းထားတုန်း ဖြစ်ပါတယ်။ ကျောဘက်ကင်မရာဒီဇိုင်းကို Mi Mix 2s ၊ Mi 6X တို့လိုပဲ ဒေါင်လိုက် ထည့်သွင်းထားပါတယ်။ ပါဝါခလုတ်နှင့် အသံအတိုးအချဲ့ခလုတ်တို့ကို ဖုန်းရဲ့ ညာခြမ်းမှာ ထည့်သွင်းထားပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကလည်း tempered glass ပုံရိပ်တွေထွက်ရှိထားပါတယ်။ မြင်လိုက်ရတဲ့ပုံအရ ဖုန်းမှာ Notch ထည့်သွင်းထားပြီး ဘေးဘောင်လေးတွေက အတော်ကျဉ်းမြောင်းပါတယ်။ လက်ထဲမှာကိုင်ထားတဲ့ အနေအထားအရ 5.8-inch screen ဖြစ်ဖို့သေချာပါတယ်။

Mi 7 မှာပါဝင်နိုင်မှုတွေအနေနဲ့ Qualcomm Snapdragon 845 Chipset ထည့်သွင်းထားမယ်လို့ Benchmark အမှတ်များအရ သိရပါတယ်။ 5.65-Inch Display ကိုသုံးထားပြီး အရည်အသွေးမှာ Full HD+ ဖြစ်ပါတယ်။ မျက်နှာပြင်အချိုးမှာ 18:9 ဖြစ်ပါတယ်။ physical fingerprint scanner ပါဝင်လာဖို့ကတော့ မသေချာပါဘူး။ 3D မျက်နှာအတည်ပြုစနစ်ပါ ပါဝင်လာနိုင်ပါတယ်။ အခြား Specs တွေ Feature တွေကတော့ ကြိုးမဲ့အားသွင်းစနစ်၊ Android Oreo (Miui Skin) Storage 64GB/ 128GB/ 256GB စတာတွေပါ။ Ram 6GB သို့မဟုတ် 8GB ဖြစ်ပါလိမ့်မယ်။

Leave a Reply