iPhone X နဲ့ပတ်သတ်ပြီး မှန်ထဲမှာပြန်ကြည့်သင့်နေပြီဖြစ်တဲ့ Android OEMs များ
0
2158
Zawgyi Version
Unicode Version
Android OEMs တွေဟာ Apple ရဲ့ ဒီဇိုင်းရွေးချယ်မှုနောက်ကို နှစ်အတော်ကြာလိုုက်ခဲ့ပါတယ်။ အခုတစ်ခါ iPhone X ကို ကော်ပီကူးတဲ့အပိုင်းမှာလည်း ပြောစရာကိုလိုမယ်မထင်ပါဘူး။ အဲဒီဆယ်နှစ်ပြည့် iPhone လေးက ထင်ထားသလောက် အမြင့်ကိုမရောက်ခဲ့ပါဘူး။
iPhone X ကို Apple ထွက်ဖုန်းတွေနဲ့ ယှဉ်လိုက်မယ်ဆိုရင် ကျသွားတယ်လို့ပြောလို့ရနိုင်လား။ မနှစ်ကတုန်းက ၅၀.၇သန်း ရောင်းနေရာကနေ ၅၂.၂သန်း ရောင်းချရပါတယ်။ စမတ်ဖုန်းဈေးကွက်ကျုံ့သွားတဲ့နေရာမှာ high-end ဖုန်းတွေက အရောင်းအေးသွားပါတယ်။ ဒီအချိန်မှာ သုံးရာခိုင်နှုန်းတက်သွားတယ်ဆိုတော့ ထူးခြားပါတယ်။
iPhone X ဟာ Apple ထုတ်ကုန်လိုင်းတွေထဲမှာ အတော်လေး ပြောင်းလဲမှုတွေဖြစ်စေခဲ့ပါတယ်။ နည်းပညာအရ အနိုင်ရခဲ့ပေမယ့်လည်း လူတိုင်းထင်သလောက် မပေါက်ခဲ့ပါဘူး။ CEO Tim Cook ကတော့ iPhone X ရဲ့အောင်မြင်မှုကို “Superbowl winner” လို့ ပြောခဲ့ပါတယ်။ အမှတ်များများရရင် ပိုကောင်းလိမ့်မယ်လို့တွေးထားတာပါ။
“Super Bowl ကိုအနိုင်ရတယ်လို့ စဉ်းစားလိုက်ပါတယ်။ အနိုင်ရတယ်ဆိုပေမယ့်လည်း အမှတ်နည်းနည်းပိုရရင် ကျေနပ်စရာပါပဲ။ ဒါကြောင့် အနိုင်ရပေမယ့်လည်း ကျွန်တော်တို့ဘယ်လိုခံစားရသလဲဆိုတာကို ဖော်ပြခြင်း ဖြစ်ပါတယ်။”
ဒါပေမယ့် Apple ဆီက ကြားရသလောက်တော့ iPhone X က ကောင်းကောင်းအလုပ်ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အကြီးကြီးမပေါက်ခဲ့ဘူးလို့ ပြောရမှာပေါ့။
Android ထုတ်လုပ်သူတွေနဲ့ ယှဉ်ကြည့်လိုက်မယ်ဆိုရင်တော့ သူတို့ကို ရောင်းအားပိုင်းမှာ ဖိထားနိုင်ခဲ့ပါတယ်။ သူ့ရဲ့ ecosystem က add-on တွေအပြည့်နဲ့ပါ။ App Store ရောင်းအား၊ AirPods နဲ့ adapters တို့လိုထုတ်ကုန်တွေ၊ iCloud ၊ AppleCare တို့လိုဝန်ဆောင်မှုတွေကတော့ တဖြည်းဖြည်းကြီးထွားလာပါတယ်။
ဘယ်လိုပဲခံစားနေရပါစေ iPhone X ကတော့ စမတ်ဖုန်းလောကမှာ ဆွဲအားတစ်ခုကို ပိုင်ဆိုင်ထားပါတယ်။ သူ့ကိုကော်ပီကူးလိုက်လို့ အားနည်းနည်းလျော့သွားပေမယ့်လည်း အားရှိနေတုန်းပါပဲ။ ဒါပေမယ့် iPhone X သုံးစွဲသူတွေမှာ ရနေတဲ့အရာကို ကော်ပီကူးလို့မရနိုင်တဲ့ အနေအထားကို သူတို့ရင်ဆိုင်နေရပါတယ်။
iPhone X ရဲ့ ဒီဇိုင်းကတော့ ချို့ယွင်းချက်တစ်ခုလို ဖြစ်နေတယ်။
အစောပိုင်း iPhone X ကော်ပီတွေကတော့ ဟစ်ဖြစ်ခဲ့ပါတယ်။
Vivo V9 ဆိုတာကတော့ iPhone X ကို အရှေ့အနောက်အားလုံး မကြောက်မရွံ့ကူးထားတာပါ။ ပြီးတော့ iPhone X-style navigation gestures တွေလည်း ပါဝင်ပါတယ်။
iPhone X-style navigation gestures ကလည်း iPhone X clone ထုတ်လိုက်တဲ့ အင်အားကြီးစမတ်ဖုန်းလုပ်ငန်းတစ်ခု ဖြစ်ပါတယ်။ သုံးစွဲသူတွေလိုချင်တာကို ထုတ်လုပ်ပေးရခြင်းဖြစ်ကြောင်း ဖာထေးခဲ့ပါတယ်။ Oppo R15 Pro ကတော့ OnePlus 6 နဲ့ ခပ်ဆင်ဆင်ဖြစ်ပြီး ထပ်မှာ notch လေးတပ်ထားပါတယ်။
လည်တဲ့ထုတ်လုပ်သူကတော့ Notch ကို ပိတ်ချင်တဲ့သူတွေအတွက် software နဲ့ အဆင်ပြေအောင်လုပ်ပေးထားခဲ့ပါတယ်။ Huawei P20 နဲ့ P20 Pro ကတော့ ပထမဆုံးထွက်လာတာပါ။ LG G7 ThinQ ကလည်း ဒီလိုလုပ်နိုင်ပါတယ်။ LCD display သုံးထားမယ်ဆိုရင်တော့ Huawei လောက် အဆင်ပြေနိုင်ပါ့မလား။ Samsung ကရော။ Google Pixel 3 ကိုလည်း စောင့်ကြည့်ရလိမ့်မယ်။
လာမယ့် OnePlus 6 မှာလည်း notch ကို သုံးထားလိမ့်မယ်။ စစ်တမ်းတွေကောက်ယူကြည့်သလောက်တော့ Android သုံးစွဲသူအတော်များများက notch ကို မကြိုက်တဲ့သူတွေ များပြားတာကို တွေ့ရပါတယ်။
Notch ကို ပျောက်သွားဖို့ စိတ်ကူးထားကြပါတယ်။ ဒါပေမယ့်လည်း အရှေ့ကင်မရာ၊ စပီကာ၊ ကင်မရာတွေကို ထားဖို့အတွက် နေရာမရှိသေးပါဘူး။ စိတ်ကူးကောင်းကောင်းထွက်လာမယ်ဆိုရင်တော့ Android OEMs တွေက ကော်ပီကူးချမယ်လို့ မထင်ပါဘူး။ Apple က အရင်လုပ်လိုက်တာကြောင့် ဖြစ်နိုင်ပါတယ်။ အခုအချိန်မှာတော့ notch လေးတွေကို ချစ်တတ်အောင် သင်ရတော့မှာပါ။ ဒါပေမယ့် ၂၀၁၈နောက်ပိုင်းမှာ Apple က ဖြုတ်နိုင်မယ်ဆိုရင်တော့ 2019 Android ဖုန်းတွေမှာလည်း ကျွန်တော်တို့မြင်ရနိုင်ချေနည်းသွားမှာပါ။
လွဲသွားသောအခွင့်အလမ်း
စမတ်ဖုန်းတွေမှာ အနက်ရောင်လေးထောင့်ဘောင်လေးတွေ နည်းလာပါတယ်။ ကန့်သတ်ချက်တွေ နည်းနည်းသာ ရှိပါတော့တယ်။ Apple ဒီဇိုင်းကိုကူးချခြင်းဟာ အသစ်အဆန်းတစ်ခုဖြစ်လာစေပါတယ်။ notch က နားကြပ်ပေါက်ဖြုတ်လိုက်သလိုမျိုးပဲ ဒေါသထွက်စေနိုင်ပါတယ်။ Apple က Android OEMs တွေရဲ့ စိတ်ကူးကို မယူခဲ့ပါဘူး။ iPhone 5 အသေးလေးကနေ iPhone 6 ကို ခုန်ကူးလိုက်ခြင်းကို ကြည့်ကြည့်လိုက်ပါ။
iPhone X ကော်ပီကူးခြင်းက အရှက်မရှိဘူး၊ အချောင်စားတယ်လို့ထင်ရနိုင်ပါတယ်။ ဒါပေမယ့်လည်း Apple က ထပ်ပြောင်းဦးမှာပါ။ ဒီလိုပဲ Android OEMs တွေကလည်း ပြောင်းနေဦးမှာပါ။ ဒီတော့ notch ကို ဘာကြောင့်များထည့်ခဲ့သလဲဆိုတဲ့အကြောင်းအရာက မကြာခင်ကွယ်ပျောက်သွားတော့မှာပါ။
သင်ရော notch မပါတဲ့ဖုန်းအတွက် အဆင်သင့်ဖြစ်ပြီလား၊ ဒါမှမဟုတ် notch ကြိုက်တတ်အောင် သင်ယူနေပြီလား။
Leave a Reply