Gaming အတြက္ထုတ္လုပ္မယ့္ Huawei ရဲ႕ smartwatch

0
1660

Zawgyi Version

Huawei ကေတာ့ လက္ရွိမွာ ဂိမ္းမင္းအတြက္ အဆင္ေျပမယ့္ စမတ္နာရီကိုလုပ္ေဆာင္ေနတယ္ဆိုတဲ့အေၾကာင္း patent တင္ခ်က္တစ္ခုအရ သိရွိရပါတယ္။

ဒီလိုလုပ္တဲ့ေနရာမွာ touchscreen ဒါမွမဟုတ္ လည္ေနတဲ့ ေဘာင္ေတြမ်ိဳးမဟုတ္ပါဘူး။ Samsung Gear S3 လိုမ်ိဳး သံုးစြဲသူေတြအေနနဲ႕ ထိန္းခ်ဳပ္မႈေလးေတြကို ေပးႏုိင္ဖို႕အတြက္ လုပ္ေဆာင္ေနတာျဖစ္ပါတယ္။

အလုပ္လုပ္ပံုကေတာ့ ရိုးရွင္းပါတယ္။ အဲဒီနာရီေလးက ေရြ႕လ်ားမႈအမ်ိဳးမ်ိဳးကို သိရွိႏုိင္ပါတယ္။ ဆြဲလိုက္တာလား၊ လိမ္ထားလိုက္တာလားေပါ့။ သူ႕ကို ေဒါင္လိုက္ကိုင္ထားလား၊ အလ်ားလိုက္လား၊ ေထာင့္တစ္ခုခုေစာင္းထားလားလည္း သိႏုိင္ပါတယ္။ အဲဒီေနာက္မွာေတာ့ အခ်က္အလက္ေတြအားလံုးကိုေပါင္းစပ္ျပီးေတာ့ action တစ္ခုခုကို လုပ္ေဆာင္ေပးမွာျဖစ္ပါတယ္။

“smart wearable device တစ္ခုရဲ႕ ထိန္းခ်ဳပ္မႈနည္းလမ္းကို ဖြင့္ထုတ္ျပသလိုက္တာျဖစ္ပါတယ္။ သူ႕မွာ fixing bandတစ္ခုပါ၀င္ျပီးေတာ့ fixing band touch-control ေနရာေလးကိုေတာ့ band မွာ တပ္ဆင္ထားမွာျဖစ္ပါတယ္။” လို႕ ဖတ္လိုက္ရပါတယ္။

Huawei ကေတာ့ strap tech နည္းပညာနဲ႕ပတ္သတ္လို႕ အမ်ားၾကီးစမ္းထားပါတယ္။ အားလံုးကိုေတာ့ ဂိမ္းအတြက္အသံုးျပဳသြားမွာ မဟုတ္ေလာက္ပါဘူး။ သူ႕ကို zoom အသံုးျပဳျပီးေတာ့ app ေတြနဲ႕ ခ်ိတ္ဆက္တဲ့ေနရာမွာလည္း အသံုးျပဳႏုိင္သလို virtual keyboard အေနနဲ႕လည္း အသံုးျပဳသြားႏုိင္ပါတယ္။

Huawei အေနနဲ႕ တစ္လမွာ patent ေပါင္းမ်ားစြာကို တင္ေနတာကိုလည္း သတိျပဳရမွာျဖစ္ပါတယ္။ သူ႕မွာအသံုးျပဳထားတဲ့ ထုတ္ကုန္ကေတာ့ နည္းနည္းသာရွိပါတယ္။ ဒီေတာ့ ေမွ်ာ္လင့္မထားတာ ေကာင္းပါလိမ့္မယ္။ ဒါဟာ concept အဆင့္သာရွိေသးတာမို႕လို႕ပါ။

Unicode Version

Huawei ကတော့ လက်ရှိမှာ ဂိမ်းမင်းအတွက် အဆင်ပြေမယ့် စမတ်နာရီကိုလုပ်ဆောင်နေတယ်ဆိုတဲ့အကြောင်း patent တင်ချက်တစ်ခုအရ သိရှိရပါတယ်။
ဒီလိုလုပ်တဲ့နေရာမှာ touchscreen ဒါမှမဟုတ် လည်နေတဲ့ ဘောင်တွေမျိုးမဟုတ်ပါဘူး။ Samsung Gear S3 လိုမျိုး သုံးစွဲသူတွေအနေနဲ့ ထိန်းချုပ်မှုလေးတွေကို ပေးနိုင်ဖို့အတွက် လုပ်ဆောင်နေတာဖြစ်ပါတယ်။
အလုပ်လုပ်ပုံကတော့ ရိုးရှင်းပါတယ်။ အဲဒီနာရီလေးက ရွေ့လျားမှုအမျိုးမျိုးကို သိရှိနိုင်ပါတယ်။ ဆွဲလိုက်တာလား၊ လိမ်ထားလိုက်တာလားပေါ့။ သူ့ကို ဒေါင်လိုက်ကိုင်ထားလား၊ အလျားလိုက်လား၊ ထောင့်တစ်ခုခုစောင်းထားလားလည်း သိနိုင်ပါတယ်။ အဲဒီနောက်မှာတော့ အချက်အလက်တွေအားလုံးကိုပေါင်းစပ်ပြီးတော့ action တစ်ခုခုကို လုပ်ဆောင်ပေးမှာဖြစ်ပါတယ်။
“smart wearable device တစ်ခုရဲ့ ထိန်းချုပ်မှုနည်းလမ်းကို ဖွင့်ထုတ်ပြသလိုက်တာဖြစ်ပါတယ်။ သူ့မှာ fixing bandတစ်ခုပါဝင်ပြီးတော့ fixing band touch-control နေရာလေးကိုတော့ band မှာ တပ်ဆင်ထားမှာဖြစ်ပါတယ်။” လို့ ဖတ်လိုက်ရပါတယ်။
Huawei ကတော့ strap tech နည်းပညာနဲ့ပတ်သတ်လို့ အများကြီးစမ်းထားပါတယ်။ အားလုံးကိုတော့ ဂိမ်းအတွက်အသုံးပြုသွားမှာ မဟုတ်လောက်ပါဘူး။ သူ့ကို zoom အသုံးပြုပြီးတော့ app တွေနဲ့ ချိတ်ဆက်တဲ့နေရာမှာလည်း အသုံးပြုနိုင်သလို virtual keyboard အနေနဲ့လည်း အသုံးပြုသွားနိုင်ပါတယ်။
Huawei အနေနဲ့ တစ်လမှာ patent ပေါင်းများစွာကို တင်နေတာကိုလည်း သတိပြုရမှာဖြစ်ပါတယ်။ သူ့မှာအသုံးပြုထားတဲ့ ထုတ်ကုန်ကတော့ နည်းနည်းသာရှိပါတယ်။ ဒီတော့ မျှော်လင့်မထားတာ ကောင်းပါလိမ့်မယ်။ ဒါဟာ concept အဆင့်သာရှိသေးတာမို့လို့ပါ။

Leave a Reply