Android P ကို Pumpkin Pie လို့ခေါ်ရမလား
0
1751
Zawgyi Version
Pancake: 8
Panna Cotta: 7
Pastille: 2
Pavlova: 4
Peanut Brittle: 1
Pecan Pie: 4
Peppermint: 8
Petit Four: 3
PEZ: 5
Popcorn: 8
Popsicle: 9
Pop-Tarts: 2
Praline: 5
Profiterole: 6
Pudding: 7
Pumpkin Pie: 5
Unicode Version
Google I/O 2018 အတွက် ကျွန်တော်တို့ အကြီးကြီးမျှော်လင့်ထားပါတယ်။ အဲဒီမှာ Google ရဲ့ အရသာအသစ်ကိုပေးစွမ်းမယ့် Android အသစ်လေးရှိတယ်လေ။ ကမ္ဘာ့စမတ်ဖုန်းအတော်များများကို ပြောင်းလဲပစ်နိုင်တဲ့ကောင်လေးပေါ့။ gesture တွေက navigation button တွေကို ဖျောက်ပစ်တော့မှာလား။ design language အသစ်ကိုမြင်ရမှာလား။ notification ၊ Google Assistant ၊ ဘတ်ထရီသက်တမ်း စဉ်းစားစရာအများကြီးပါပဲ။
Android P မှာ ကောင်းမွန်တဲ့အရာတွေ အများကြီးပါလာနိုင်သလို ဒီနှစ်နွေနောက်ပိုင်းမှာလည်း beta လေးကို စမ်းသုံးခွင့်ရနိုင်ပါတယ်။ လူတိုင်းကတော့ ဘာဖြစ်မလဲသိချင်နေကြပါပြီ။ Android P မှာ ဘယ်လိုတွေပါဝင်လာမလဲ။
ဖြစ်နိုင်တဲ့နာမည်လေးတွေကို စီစဉ်ထားပါတယ်။ ပြီးတော့ ဖြစ်လာနိုင်တဲ့အလားအလာအလိုက်လည်း ရမှတ်လေးတွေကို ဘေးမှာ ဖော်ပြထားပါတယ်။
Pancake: 8
ဒါကတော့ classic ဆန်ပြီးတော့ မနက်စာအဖြစ် စားသုံးနိုင်တဲ့အချိုစားသောက်ဖွယ်တစ်မျိုး ဖြစ်ပါတယ်။ ဒါကလည်း ဖြစ်နိုင်ပါတယ်။ pancake လိုမျိုး ပြားကပ်ကပ်လေးတွေ ထွက်ပေါ်လာနိုင်မလား။
Panna Cotta: 7
ခရင်မ်၊ အရသာရှိတဲ့အချိုလေးကတော့ အီတလီမှ ဖြစ်ပါတယ်။ Android 9.0 Panna Cotta ဆိုရင်လည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့်လည်း universal ဖြစ်ရဲ့လား စဉ်းစားရမယ်။
Pastille: 2
သင်သိရဲ့လား။ Rowntree ရဲ့ Fruit Pastilles လေးတွေက တကယ့်အသီးလေးတွေကို ထည့်သွင်းထားလို့ ဝါးရတာ ကောင်းမှကောင်း။ ဒါပေမယ့် မဖြစ်နိုင်ပါဘူး။
Pavlova: 4
ခရင်မ်၊ အသီးတွေနဲ့ ပေါင်းစပ်ထားတဲ့ ဒီအချိုလေးကတော့ Russian ballerina Anna Pavlova က မှည့်ခေါ်ခဲ့တာပါ။ ဒါကိုလည်း ဖြစ်နိုင်မယ်လို့ မထင်မိပါဘူး။
Peanut Brittle: 1
ပါးစပ်ထဲမှာ အပြည့်ဝင်သွားသလိုခံစားရတယ်။ အစေ့အဆံတွေနဲ့ သကြားတွေကို ရောမွှေထားတဲ့အဲဒီအစားစရာလေးက သွားတွေကိုပိုးစားစေနိုင်ပါတယ်။ အများကြီးမစားနဲ့။
Pecan Pie: 4
အမေရိကန်တွေက ပန်းသီးကို အများကြီးကွဲလွဲခေါ်ကြတယ်။ Pecan Pie ကတော့ တောင်ပိုင်းအသံဖြစ်လိမ့်မယ်။
Peppermint: 8
နာမည်ရိုးရိုးလေးဖြစ်ပေမယ့်လည်း ချန်ထားလို့မရပါဘူး။ သူကအပင်တမျိုးဖြစ်ပြီးတော့ ချိုချဉ်တွေမှာ အသုံးပြုတဲ့ပစ္စည်းလေးပါ။
Petit Four: 3
ကိတ်၊ ဘီစကစ်တို့လို အရွယ်အစားရှိတဲ့အရာလေးပါ။ သူ့ကိုပြင်သစ်လို မီးဖိုအသေးလေးလို့ ခေါ်ပါတယ်။ ဒါကတော့ Android နာမည်ကောင်းကောင်းလို့ မထင်ပါဘူး။
PEZ: 5
KitKat မတိုင်ခင်တုန်းက အဲဒီလိုမျိုး အသုံးပြုခဲ့သေးတယ်။ Vienna မှာထွင်ထားပြီးတော့ ဆေးလိပ်အစားထိုး သုံးတဲ့ဟာလေးပါ။ ဒါလေးကလည်း စာရင်းထဲမှာထိပ်ကပြေးနေပါတယ်။
Popcorn: 8
ဒါလေးက ဇာတ်ကားကြည့်မှစားရတဲ့ဟာလား။ popcorn ပန်းကန်အမောက်ထည့်ပြီး စားချင်စားလို့ရပါတယ်။ ဆားမပါ၊ ထောပတ်မပါလည်း စားလို့ကောင်းပါတယ်။
Popsicle: 9
လက်ရှိမှာတော့ အကြိုက်ဆုံးလို့ပြောရမယ်။ အရင်နာမည်တွေလိုပါပဲ။ ပြီးတော့ ဒီ Android wallpaper လေးကို အရင်တုန်းက ထုတ်ခဲ့ဖူးပါတယ်။ ဒါပေမယ့်လည်း popsicle ဆိုတာက Unilever ရဲ့ brand တစ်ခုဖြစ်နေတယ်ဆိုတော့ လိုင်စင်ပိုင်းဆိုင်ရာ နည်းနည်းငြိနိုင်တယ်။
Pop-Tarts: 2
ဒါလေးကတော့ ရာသီအချို့မှာ မနက်စာအဖြစ်စားသုံးနိုင်ပါတယ်။ စမတ်ဖုန်းပုံစံနဲ့ နီးစပ်တယ်။ Android 9.0 Pop-Tarts ဆိုတာကြီးက ခေါ်လို့မကောင်းပါဘူး။
Praline: 5
Pra ဆိုတာကြီးက အသံထွက်လိုက်ရင် ဘယ်လိုမှခံစားလို့မရဘူး။ Android 9.0 Pra-line အိုး မဖြစ်နိုင်ဘူး ဘယ်လိုကြီးမှန်းကို မသိတာပါ။
Profiterole: 6
ဒီကောင်လေးကတော့ ခရင်မ်နဲ့ ချောကလက်ပူပူလေးဖြန်းထားတဲ့ စားစရာလေးပါ။ ဒါပေမယ့် နာမည်ကြားလိုက်တာနဲ့ အဲဒီလောက်စားချင်စဖွယ်ကောင်းနေတယ်ဆိုတာကို မမြင်သာပါဘူး။
Pudding: 7
Google က British company ဖြစ်တဲ့အတွက်ကြောင့် pudding က ဖြစ်နိုင်ပါတယ်။ Americans တွေလည်း အချိုစားစရာအနေနဲ့ စားတာပဲမလား။
Pumpkin Pie: 5
သူကနေ pie လုပ်လို့ရမယ်ဆိုရင်တော့ ဟောလိုးဝင်းမှာ မီးပုံးလုပ်မနေပါနဲ့တော့။ စိတ်ပျက်စရာကောင်းတဲ့ pie တစ်ခုဖြစ်လာမှာပါ။ ဒါလေးကလည်း မဆိုးဘူးလို့ ပြောရမယ်။
ဒါကတော့ ကျွန်တော်တို့ရဲ့လက်ရှိစဉ်းစားထားတဲ့နာမည်လေးတွေပဲ ဖြစ်ပါတယ်။ သင်အကြိုက်ဆုံးတစ်ခုရွေးပါဆိုရင်ရော ဘယ်တစ်ခုဖြစ်မလဲ။ သင့်စိတ်ထဲက နာမည်လေးကိုရော သိခွင့်ရှိမလား၊ သိခွင့်ရှိမယ်ဆိုရင်တော့ ကွန်မန့်မှာ မန့်ခဲ့ပေးနော်။
Leave a Reply