2018 ၆.၅လက်မ iPhone X ဟာ iPhone 8 Plus အရွယ်လောက်ဖြစ်မည်

0
1829

Zawgyi Version








Unicode Version

ဒီနှစ်ထွက်မယ့် iPhone အသစ်သုံးလုံးအတွက် ကောလဟာလတွေကြားနေရတာကတော့ ၆.၅လက်မ iPhone X တစ်လုံးပါမယ်တဲ့။
Mac Otakara က ဒီဟန်းဆက်လေးအကြောင်းကို သတင်းထပ်ပေးလိုက်ပြန်ပါပြီ။ ၆.၅လက်မ iPhone X လေးမှာ OLED display တပ်ဆင်ထားမှာဖြစ်ပြီးတော့ iPhone 8 Plus အရွယ်အစားလောက်ရှိမှာဖြစ်ပါတယ်။ အဲဒီဖုန်းလေးဟာ ဝ.၂မီလီမီတာ အထူရှိမှာဖြစ်ပြီး အနောက်ဘက်မှာ ကင်မရာနှစ်လုံးကို ဒေါင်လိုက်စီထားပါတယ်။
အရွယ်အစားကွာခြားမှုကတော့ အံ့သြစရာမကောင်းတော့ပါဘူး။ iPhone 8 Plus ဟာ ၇.၅မီလီမီတာ ပါးလွှာပြီးတော့ iPhone X က ၇.၇မီလီမီတာ ဖြစ်ပါတယ်။
နောက်တစ်လုံးကတော့ ၅.၈လက်မ display ဖုန်းတစ်လုံးလည်း ထွက်ပေါ်လာလိမ့်ဦးမယ်လို့ ခန့်မှန်းထားပါတယ်။ အဲဒီဟန်းဆက်လေးမှာ လက်ရှိ iPhone X အရွယ်အစားကို အသုံးပြုထားမှာပါ။ ဒါပေမယ့် ကင်မရာစနစ်ကတော့ အနောက်ဘက်မှာ ပိုပြီးကောင်းမွန်အောင် လုပ်ထားမယ်လို့ သိရပါတယ်။
အခုအချိန်ကတော့ iOS 12 အချိန်ရောက်နေပါပြီ။ horizontal Face ID recognition ကို ထောက်ပံ့ဖို့အတွက် လုပ်ဆောင်သွားနိုင်ပါတယ်။ iPhone X သုံးနေတယ်ဆိုရင် iPhone X ဟာ portrait mode မှာပဲ Face ID system ကို အသုံးပြုနိုင်တယ်ဆိုတာ သိထားပြီးဖြစ်မှာပါ။ ဒါကြောင့် အချို့အခြေအနေတွေမှာ အဆင်မပြေဖြစ်ရပါတယ်။ iOS 12 မှာ ဒီကိစ္စတွေကို ပြင်ဆင်ထားမှာ ဖြစ်ပါတယ်။
ထွက်လာမယ့် iPhone အသစ်က လက်ရှိဈေးကွက်မှာရှိနေတဲ့ အရွယ်အစားအတိုင်းဖြစ်မယ်ဆိုတာက အံ့သြစရာကောင်းတဲ့သတင်းတော့ မဟုတ်ပါဘူး။ iPhone X နဲ့ အဓိကနေရာတွေမှာ ဆင်တူမယ်လို့ တွေးထားပြီး ဖြစ်လို့ပါပဲ။ iPhone X ဒီဇိုင်းကို နောက်တစ်ကြိမ်ပြန်မြင်ရဦးမှာဖြစ်ပါတယ်။
ဒီထဲမှာ စိတ်ဝင်စားမိတာကတော့ horizontal Face ID support ပဲ ဖြစ်ပါတယ်။

Leave a Reply