၀န္ထမ္းေတြရဲ႕ ဦးေဏွာက္ထဲမွအခ်က္အလက္မ်ားစုေဆာင္းေနတဲ့ တရုတ္ကုမၸဏီမ်ား

0
1734

Zawgyi Version

စိတ္ဆိုးဆိုးနဲ႕ ေကာက္တင္လိုက္တဲ့ Facebook status ကို သူေဌးျမင္သြားမွာစိုးရိမ္ေနလား။ ဒီထက္ပိုဆိုးႏုိင္ပါတယ္။ တရုတ္ကုမၸဏီေတြက အထူးဒီဇုိင္းထုတ္ထားတဲ့ ေခါင္းေဆာင္းေတြကို အသံုးျပဳျပီးေတာ့ ၀န္ထမ္းေတြရဲ႕ ဦးေဏွာက္လႈိင္းေတြကို ေစာင့္ၾကည့္ေနတယ္လို႕ South China Morning Post က တင္ျပထားပါတယ္။

ဒီလိုမ်ိဳးေစာင့္ၾကည့္ျပီးေတာ့ စိတ္ဖိစီးမႈ၊ စိတ္ဓါတ္က်မႈနဲ႕ အလုပ္ခြင္လုပ္ေဆာင္မႈကို သက္ေရာက္ႏုိင္တဲ့ကိစၥရပ္ေတြရဲ႕ လကၡဏာေတြကို စုေဆာင္းေနတာျဖစ္ပါတယ္။ ဒီကိစၥေတြကို သိရွိနုိင္တဲ့အခါမွာ တစ္ရက္ေလာက္အနားေပးလုိက္တာမ်ိဳး ဒါမွမဟုတ္ စိတ္ဖိစီးမႈသက္သာတဲ့အလုပ္ကို ေျပာင္းေပးလိုက္တာျဖစ္ျဖစ္ လုပ္ႏုိင္သြားပါတယ္။

Hangzhou Zhongheng Electric ကေတာ့ ဒီနည္းပညာကို အသံုးျပဳေနတဲ့လုပ္ငန္းတစ္ခုျဖစ္ပါတယ္။ ဒီနည္းလမ္းက အလုပ္ခြင္ရဲ႕အက်ိဳးေဆာင္ႏုိင္စြမ္းကို တိုးတက္လာေစတယ္လို႕ သံုးသပ္ထားပါတယ္။ break လုပ္တဲ့အခ်ိန္နဲ႕ အေရအတြက္ေတြကို ျပင္ဆင္လိုက္ျခင္းကို တစ္ေယာက္ခ်င္းစီရဲ႕ လိုအပ္မႈနဲ႕အတူ ခ်ိန္ညွိႏုိင္သြားတယ္လို႕ ဆိုပါတယ္။

Ningbo Shenyang Logistics မွာေတာ့ အဲဒီေခါင္းေဆာင္းေတြကို virtual reality device ေတြနဲ႕ ေပါင္းစပ္ျပီးေတာ့ အလုပ္ခြင္တာ၀န္ေတြကို simulate လုပ္ထားပါတယ္။ မန္ေနဂ်ာတစ္ေယာက္ျဖစ္သူ Zhao Binjian ကေတာ့ ၀န္ထမ္းအသစ္ေတြရဲ႕ အမွားေတြကို ေလွ်ာ့ခ်ေပးႏုိင္ျပီးေတာ့ ၀န္ထမ္းနဲ႕ အလုပ္ရွင္ရဲ႕ၾကားက နားလည္မႈကိုလည္း တုိးတက္ေကာင္းမြန္လာေစတယ္လို႕ ေျပာထားပါတယ္။

အဲဒီေခါင္းေဆာင္းေတြဟာ ၀န္ထမ္းအသစ္ေတြကို ေလ့က်င့္သင္ၾကားတဲ့အခ်ိန္မွာ အသံုုးျပဳတယ္လို႕ သူကရွင္းျပပါတယ္။ ဒါေပမယ့္လည္း ၀န္ထမ္းအသစ္ေတြကိုသာ အသံုးျပဳသင့္တယ္၊ အသံုးမျပဳသင့္ဘူးလို႕ေတာ့ ေျပာၾကားသြားျခင္း မရွိပါဘူး။

ဒီနည္းပညာက တရုတ္မွာတင္ရွိေနတာမဟုတ္ပါဘူး။ သူ႕ကို အေနာက္ႏုိင္ငံေတြမွာလည္း အသံုးျပဳခဲ့ၾကပါတယ္။ ဒါေပမယ့္လည္း ေဗာ္လန္တီယာအေနနဲ႕သာ အသံုးျပဳခြင့္ေပးထားခဲ့ပါတယ္။ တရုတ္ကေတာ့ လုပ္ငန္းအသံုးအေနနဲ႕ အသံုးျပဳလိုက္တဲ့ ပထမဆံုးႏိုင္ငံျဖစ္ပါတယ္။ ဒီလိုအသံုးျပဳလုိက္ျခင္းအားျဖင့္ သုေတသီေတြအေနနဲ႕လည္း algorithms နဲ႕ artificial intelligence ေတြကို ေစာင့္ၾကည့္ေလ့လာဖို႕အတြက္ အခြင့္အေရးရသြားပါတယ္။

ဒီနည္းပညာမွာလည္း အခက္အခဲမရွိဘူးဆိုတာမ်ိဳး မရွိပါဘူး။ ဒါကလည္း အံ့ၾသစရာေတာ့ မေကာင္းပါဘူး။ ၀န္ထမ္းအမ်ားစုက ဒီပစၥည္းေတြကို စိုးရိမ္ေနျပီးေတာ့ ကၽြမ္းက်င္သူေတြကလည္း သူတို႕ကို နားလည္ေပးႏုိင္ပါတယ္။ Beijing Normal University ရဲ႕ ပေရာ္ဖက္ဆာတစ္ဦးျဖစ္သူ Qiao Zhian ကေတာ့ ဒီနည္းပညာဟာ ၀န္ထမ္းေတြရဲ႕ privacy ကို ခ်ိဳးေဖာက္ေနတာျဖစ္တယ္လို႕ ယူဆထားပါတယ္။

“တရုတ္မွာ ဒီနည္းပညာအသံုးျပဳမႈ ကန္႕သတ္ထားတဲ့ဥပေဒ မရွိေသးပါဘူး။ အလုပ္ရွင္ေတြအေနနဲ႕လည္း နည္းပညာေတြကို အသံုးျပဳျပီးေတာ့ အျမတ္မ်ားမ်ားရႏုိင္ေအာင္ မက္လံုးေပးထားခံရႏိုင္တယ္။ ၀န္ထမ္းေတြအတြက္ကေတာ့ မလုပ္ခ်င္ဘူးလို႕ေျပာလို႕မရတဲ့အေျခအေနမွာ ရွိေနပါတယ္။ ”

Unicode Version

စိတ်ဆိုးဆိုးနဲ့ ကောက်တင်လိုက်တဲ့ Facebook status ကို သူဌေးမြင်သွားမှာစိုးရိမ်နေလား။ ဒီထက်ပိုဆိုးနိုင်ပါတယ်။ တရုတ်ကုမ္ပဏီတွေက အထူးဒီဇိုင်းထုတ်ထားတဲ့ ခေါင်းဆောင်းတွေကို အသုံးပြုပြီးတော့ ဝန်ထမ်းတွေရဲ့ ဦးဏှောက်လှိုင်းတွေကို စောင့်ကြည့်နေတယ်လို့ South China Morning Post က တင်ပြထားပါတယ်။
ဒီလိုမျိုးစောင့်ကြည့်ပြီးတော့ စိတ်ဖိစီးမှု၊ စိတ်ဓါတ်ကျမှုနဲ့ အလုပ်ခွင်လုပ်ဆောင်မှုကို သက်ရောက်နိုင်တဲ့ကိစ္စရပ်တွေရဲ့ လက္ခဏာတွေကို စုဆောင်းနေတာဖြစ်ပါတယ်။ ဒီကိစ္စတွေကို သိရှိနိုင်တဲ့အခါမှာ တစ်ရက်လောက်အနားပေးလိုက်တာမျိုး ဒါမှမဟုတ် စိတ်ဖိစီးမှုသက်သာတဲ့အလုပ်ကို ပြောင်းပေးလိုက်တာဖြစ်ဖြစ် လုပ်နိုင်သွားပါတယ်။
Hangzhou Zhongheng Electric ကတော့ ဒီနည်းပညာကို အသုံးပြုနေတဲ့လုပ်ငန်းတစ်ခုဖြစ်ပါတယ်။ ဒီနည်းလမ်းက အလုပ်ခွင်ရဲ့အကျိုးဆောင်နိုင်စွမ်းကို တိုးတက်လာစေတယ်လို့ သုံးသပ်ထားပါတယ်။ break လုပ်တဲ့အချိန်နဲ့ အရေအတွက်တွေကို ပြင်ဆင်လိုက်ခြင်းကို တစ်ယောက်ချင်းစီရဲ့ လိုအပ်မှုနဲ့အတူ ချိန်ညှိနိုင်သွားတယ်လို့ ဆိုပါတယ်။
Ningbo Shenyang Logistics မှာတော့ အဲဒီခေါင်းဆောင်းတွေကို virtual reality device တွေနဲ့ ပေါင်းစပ်ပြီးတော့ အလုပ်ခွင်တာဝန်တွေကို simulate လုပ်ထားပါတယ်။ မန်နေဂျာတစ်ယောက်ဖြစ်သူ Zhao Binjian ကတော့ ဝန်ထမ်းအသစ်တွေရဲ့ အမှားတွေကို လျှော့ချပေးနိုင်ပြီးတော့ ဝန်ထမ်းနဲ့ အလုပ်ရှင်ရဲ့ကြားက နားလည်မှုကိုလည်း တိုးတက်ကောင်းမွန်လာစေတယ်လို့ ပြောထားပါတယ်။
အဲဒီခေါင်းဆောင်းတွေဟာ ဝန်ထမ်းအသစ်တွေကို လေ့ကျင့်သင်ကြားတဲ့အချိန်မှာ အသုံုးပြုတယ်လို့ သူကရှင်းပြပါတယ်။ ဒါပေမယ့်လည်း ဝန်ထမ်းအသစ်တွေကိုသာ အသုံးပြုသင့်တယ်၊ အသုံးမပြုသင့်ဘူးလို့တော့ ပြောကြားသွားခြင်း မရှိပါဘူး။
ဒီနည်းပညာက တရုတ်မှာတင်ရှိနေတာမဟုတ်ပါဘူး။ သူ့ကို အနောက်နိုင်ငံတွေမှာလည်း အသုံးပြုခဲ့ကြပါတယ်။ ဒါပေမယ့်လည်း ဗော်လန်တီယာအနေနဲ့သာ အသုံးပြုခွင့်ပေးထားခဲ့ပါတယ်။ တရုတ်ကတော့ လုပ်ငန်းအသုံးအနေနဲ့ အသုံးပြုလိုက်တဲ့ ပထမဆုံးနိုင်ငံဖြစ်ပါတယ်။ ဒီလိုအသုံးပြုလိုက်ခြင်းအားဖြင့် သုတေသီတွေအနေနဲ့လည်း algorithms နဲ့ artificial intelligence တွေကို စောင့်ကြည့်လေ့လာဖို့အတွက် အခွင့်အရေးရသွားပါတယ်။
ဒီနည်းပညာမှာလည်း အခက်အခဲမရှိဘူးဆိုတာမျိုး မရှိပါဘူး။ ဒါကလည်း အံ့သြစရာတော့ မကောင်းပါဘူး။ ဝန်ထမ်းအများစုက ဒီပစ္စည်းတွေကို စိုးရိမ်နေပြီးတော့ ကျွမ်းကျင်သူတွေကလည်း သူတို့ကို နားလည်ပေးနိုင်ပါတယ်။ Beijing Normal University ရဲ့ ပရော်ဖက်ဆာတစ်ဦးဖြစ်သူ Qiao Zhian ကတော့ ဒီနည်းပညာဟာ ဝန်ထမ်းတွေရဲ့ privacy ကို ချိုးဖောက်နေတာဖြစ်တယ်လို့ ယူဆထားပါတယ်။
“တရုတ်မှာ ဒီနည်းပညာအသုံးပြုမှု ကန့်သတ်ထားတဲ့ဥပဒေ မရှိသေးပါဘူး။ အလုပ်ရှင်တွေအနေနဲ့လည်း နည်းပညာတွေကို အသုံးပြုပြီးတော့ အမြတ်များများရနိုင်အောင် မက်လုံးပေးထားခံရနိုင်တယ်။ ဝန်ထမ်းတွေအတွက်ကတော့ မလုပ်ချင်ဘူးလို့ပြောလို့မရတဲ့အခြေအနေမှာ ရှိနေပါတယ်။ ”

Leave a Reply