စတိဗ္ေဂ်ာ့ မွ original iMac နဲ႕ ေျပာင္းလဲမႈတုိင္းကို ဖြင့္ခ်လိုက္ျခင္း

0
1807

Zawgyi Version

Steve Jobs ဟာ Apple ရဲ႕ “interim CEO” အျဖစ္နဲ႕ original iMac ကို စင္ေပၚမွာ ျပသေနတဲ့အခ်ိန္က ဆယ္စုႏွစ္၂ခုေလာက္ ေက်ာ္လြန္သြားခဲ့ပါျပီ။ အဲဒီအခ်ိန္တုန္းက ဒီေန႕ေလာက္ မေအာင္ျမင္ေသးတဲ့အခ်ိန္ေလးေပါ့။ ခ်ိဳခ်ဥ္အေရာင္ေလးနဲ႕ all-in-one computer ေလးကို ၁၉၉၈ခုႏွစ္ ေမလ၆ရက္ေန႕မွာ ပြဲထုတ္ခဲ့ျပီးေတာ့ Apple ရဲ႕ ဖန္တီးႏုိင္မႈစြမ္းအားကို သက္ေသျပခဲ့တာပါ။

အဲဒီအခ်ိန္တုန္းကေတာ့ Apple ရဲ႕ သမားရိုးက်မဆန္တဲ့ ဆံုးျဖတ္မႈေတြနဲ႕ original iMac ကို အံ့ၾသဘနန္းျဖစ္ခဲ့ရပါတယ္။ အခုဆိုရင္လည္း iPhone 7 က စျပီးေတာ့ 3.5mm headphone jack ကို ျဖဳတ္ခ်လိုက္ပါတယ္။

Apple က mainstream PC port ေတြကို ဦးေဆာင္ေနခဲ့သူတစ္ေယာက္ ျဖစ္ပါတယ္။ SCSI ၊ ADB ၊ GeoPort ၊ GeoPort ေတြေတာင္ ပါ၀င္ခဲ့ပါတယ္။ iMac မွာ CD-ROM drive နဲ႕ USB ကို ထည့္သြင္းအသံုးျပဳခဲ့ျပီးေတာ့ keyboard နဲ႕ mouse ေတြကို USB နဲ႕ စတင္အသံုးျပဳခဲ့တာပါ။

ေနာက္တစ္ခုကေတာ့ ခ်ိတ္ဆက္ႏုိင္စြမ္းနဲ႕ ပတ္သတ္ျပီးေတာ့ ဆံုးျဖတ္ခ်က္တစ္ခုခ်ခဲ့ပါတယ္။ အဲဒီအခ်ိန္တုန္းက PC ၀ယ္ယူသူေတြဟာ modem အျဖစ္အသံုးျပဳခ်င္ၾကတာမို႕ original iMac မွာ built-in ထည့္ေပးခဲ့ပါတယ္။ 56 kbit/s  အျမန္ႏႈန္းက ဒီေန႕ေခတ္အတြက္ အလြန္ေႏွးေကြးတယ္ဆိုေပမယ့္လည္း တစ္ခ်ိန္တုန္းကေတာ့ အဆင္ေျပခဲ့ျပီး တုန္လႈပ္အံ့ၾသသြားခဲ့ရဖူးပါတယ္။

ဒီေန႕ေခတ္ရဲ႕ iMac ကေတာ့ အေတာ္ေလးျခားနားတဲ့အရာတစ္ခု ျဖစ္လို႕ေနပါျပီ။ နာမည္ေလးပဲ တူညီေတာ့တယ္လုိ႕ ဆိုရမွာပါ။ ႏွစ္၂၀အေတာ္အတြင္းမွာ ေျပာင္းလဲမႈအေတာ္မ်ားမ်ားကို ရင္ဆုိင္ခဲ့ရပါတယ္။

first-generation iMac G3 ကေတာ့ ေလးႏွစ္ေလာက္ ၾကာခဲ့ပါတယ္။ iMac G4 မွာ LCD ကို အသံုးျပဳခဲ့ျပီးေတာ့ ပါးလႊာ၊ ျပားကပ္ေနတဲ့ မ်က္ႏွာျပင္ကို အသံုးျပဳခဲ့တာျဖစ္ပါတယ္။ ႏွစ္ႏွစ္ေလာက္ၾကာတဲ့အခ်ိန္မွာေတာ့ Apple က ထပ္ေျပာင္းလိုက္ျပန္ပါတယ္။ iMac G5 မွာ အဓိက design language ကို မိတ္ဆက္လိုက္ျပီးေတာ့ ဒီေန႕ေခတ္ iMac ကေန iMac Pro အထိ ဆက္လက္သံုးစြဲခဲ့ပါတယ္။

စတိဗ္ေဂ်ာ့က ကၽြန္ေတာ္တုိိိ႕နဲ႕အတူမရွိေတာ့ေပမယ့္လည္း Apple ရဲ႕ အနာဂတ္ကေတာ့ desktop computer range ထက္ iPhone ကို မွီခိုလာခဲ့တာ အေတာ္ၾကာပါျပီ။ Mac အတြက္ စိတ္လႈပ္ရွားစရာေကာင္းမယ့္အရာတစ္ခုလည္း ရွိေနဦးမယ္လို႕ သတင္းေတြထြက္လာပါတယ္။ သူ႕ရဲ႕စမတ္ဖုန္း၊ တက္ဘလက္အတြက္ ေအာင္ျမင္မႈရဲ႕ေနာက္မွာ desktop နဲ႕ notebook silicon ေတြကိုလည္း ျပင္ဆင္ေနဦးမွာပါ။

ဒါေၾကာင့္ ၂၀၂၀ခုႏွစ္မွာ Apple Intel ရဲ႕ CPU ေတြကို သူ႕ရဲ႕ကိုယ္ပိုင္ chip ေတြကိုအစားထိုးသံုးစြဲသြားေတာ့မွာပါ။ ျပီးေတာ့ ႏွစ္၂၀ျပည့္ original iMac ေလးထြက္လာေတာ့မယ္ဆိုရင္ေတာ့ ရင္ခုန္ရေတာ့မွာပါ။ အေတာ္ေလးတိုးတက္ေျပာင္းလဲလာတယ္ဆိုတာ ေတြ႕ျမင္ရမွာပါ။

Unicode Version

Steve Jobs ဟာ Apple ရဲ့ “interim CEO” အဖြစ်နဲ့ original iMac ကို စင်ပေါ်မှာ ပြသနေတဲ့အချိန်က ဆယ်စုနှစ်၂ခုလောက် ကျော်လွန်သွားခဲ့ပါပြီ။ အဲဒီအချိန်တုန်းက ဒီနေ့လောက် မအောင်မြင်သေးတဲ့အချိန်လေးပေါ့။ ချိုချဉ်အရောင်လေးနဲ့ all-in-one computer လေးကို ၁၉၉၈ခုနှစ် မေလ၆ရက်နေ့မှာ ပွဲထုတ်ခဲ့ပြီးတော့ Apple ရဲ့ ဖန်တီးနိုင်မှုစွမ်းအားကို သက်သေပြခဲ့တာပါ။
အဲဒီအချိန်တုန်းကတော့ Apple ရဲ့ သမားရိုးကျမဆန်တဲ့ ဆုံးဖြတ်မှုတွေနဲ့ original iMac ကို အံ့သြဘနန်းဖြစ်ခဲ့ရပါတယ်။ အခုဆိုရင်လည်း iPhone 7 က စပြီးတော့ 3.5mm headphone jack ကို ဖြုတ်ချလိုက်ပါတယ်။
Apple က mainstream PC port တွေကို ဦးဆောင်နေခဲ့သူတစ်ယောက် ဖြစ်ပါတယ်။ SCSI ၊ ADB ၊ GeoPort ၊ GeoPort တွေတောင် ပါဝင်ခဲ့ပါတယ်။ iMac မှာ CD-ROM drive နဲ့ USB ကို ထည့်သွင်းအသုံးပြုခဲ့ပြီးတော့ keyboard နဲ့ mouse တွေကို USB နဲ့ စတင်အသုံးပြုခဲ့တာပါ။
နောက်တစ်ခုကတော့ ချိတ်ဆက်နိုင်စွမ်းနဲ့ ပတ်သတ်ပြီးတော့ ဆုံးဖြတ်ချက်တစ်ခုချခဲ့ပါတယ်။ အဲဒီအချိန်တုန်းက PC ဝယ်ယူသူတွေဟာ modem အဖြစ်အသုံးပြုချင်ကြတာမို့ original iMac မှာ built-in ထည့်ပေးခဲ့ပါတယ်။ 56 kbit/s အမြန်နှုန်းက ဒီနေ့ခေတ်အတွက် အလွန်နှေးကွေးတယ်ဆိုပေမယ့်လည်း တစ်ချိန်တုန်းကတော့ အဆင်ပြေခဲ့ပြီး တုန်လှုပ်အံ့သြသွားခဲ့ရဖူးပါတယ်။
ဒီနေ့ခေတ်ရဲ့ iMac ကတော့ အတော်လေးခြားနားတဲ့အရာတစ်ခု ဖြစ်လို့နေပါပြီ။ နာမည်လေးပဲ တူညီတော့တယ်လို့ ဆိုရမှာပါ။ နှစ်၂၀အတော်အတွင်းမှာ ပြောင်းလဲမှုအတော်များများကို ရင်ဆိုင်ခဲ့ရပါတယ်။
first-generation iMac G3 ကတော့ လေးနှစ်လောက် ကြာခဲ့ပါတယ်။ iMac G4 မှာ LCD ကို အသုံးပြုခဲ့ပြီးတော့ ပါးလွှာ၊ ပြားကပ်နေတဲ့ မျက်နှာပြင်ကို အသုံးပြုခဲ့တာဖြစ်ပါတယ်။ နှစ်နှစ်လောက်ကြာတဲ့အချိန်မှာတော့ Apple က ထပ်ပြောင်းလိုက်ပြန်ပါတယ်။ iMac G5 မှာ အဓိက design language ကို မိတ်ဆက်လိုက်ပြီးတော့ ဒီနေ့ခေတ် iMac ကနေ iMac Pro အထိ ဆက်လက်သုံးစွဲခဲ့ပါတယ်။
စတိဗ်ဂျော့က ကျွန်တော်တိို့နဲ့အတူမရှိတော့ပေမယ့်လည်း Apple ရဲ့ အနာဂတ်ကတော့ desktop computer range ထက် iPhone ကို မှီခိုလာခဲ့တာ အတော်ကြာပါပြီ။ Mac အတွက် စိတ်လှုပ်ရှားစရာကောင်းမယ့်အရာတစ်ခုလည်း ရှိနေဦးမယ်လို့ သတင်းတွေထွက်လာပါတယ်။ သူ့ရဲ့စမတ်ဖုန်း၊ တက်ဘလက်အတွက် အောင်မြင်မှုရဲ့နောက်မှာ desktop နဲ့ notebook silicon တွေကိုလည်း ပြင်ဆင်နေဦးမှာပါ။
ဒါကြောင့် ၂၀၂၀ခုနှစ်မှာ Apple Intel ရဲ့ CPU တွေကို သူ့ရဲ့ကိုယ်ပိုင် chip တွေကိုအစားထိုးသုံးစွဲသွားတော့မှာပါ။ ပြီးတော့ နှစ်၂၀ပြည့် original iMac လေးထွက်လာတော့မယ်ဆိုရင်တော့ ရင်ခုန်ရတော့မှာပါ။ အတော်လေးတိုးတက်ပြောင်းလဲလာတယ်ဆိုတာ တွေ့မြင်ရမှာပါ။

Leave a Reply