ပိုမ်ားတဲ့ storage နဲ႔ ဒုတိယမ်ိဳးဆက္ A83 ကိုOppo ေၾကာ္ျငာ

0
1769

OPPO အေနနဲ႔ A83 ကိုဆန္းသစ္ထားတဲ့ စမတ္ဖုန္းျဖစ္တဲ့ A83 2018 ကိုမိတ္ဆက္ေၾကာ္ျငာလိုက္ပါတယ္။ ေျပာင္းလဲမႈအမ်ားအျပားမရွိေပမယ့္ သူ႕မွာအရင္ဗားရွင္းထက္ အခ်က္အလက္သုိေလွာင္မႈပိုင္း ပိုမိုမ်ားျပားလာပါတယ္။ အေစာဆုံး အေနနဲ႔ ပါကစၥတန္ေစ်းကြက္မွာ စတင္ျဖန္႔ခ်ိမွာ ျဖစ္ပါတယ္။

အသစ္ထြက္လာတဲ့  Oppo A83 2018 မွာ4GB of RAM နဲ႔အတူ 64GB အခ်က္အလက္သိုေလွာင္ႏိုင္စြမ္းနဲ႔ ျဖစ္ပါတယ္။ ပရိုဆက္ဆာပိုင္းမွာေတာ့ Mediatek’s Helio P23 chipset ကိုသုံးထားၿပီး octa-core Cortex-A53 CPU ဟာ2.5 GHz အျမန္ႏႈန္းနဲ႔ ျဖစ္ပါတယ္။ ဂရပ္ဖစ္ပိုင္းမွာေတာ့ Mali-G71 MP2 GPU ကိုေပါင္းစပ္ေထာက္ပံ့ေပးထားပါတယ္။

ဘက္ထရီစြမ္းအားပိုင္းမွာေတာ့ 3,180 mAh နဲ႔အတူ ကင္မရာကိုေတာ့ 13MP အရည္အေသြးကို ေနာက္ေက်ာဘက္မွာတပ္ဆင္ထားၿပီး၊ အေရွ႕ဘက္မွာေတာ့ 8MP ကင္မရာနဲ႔ Selfie ပုံေတြရိုက္ကူးႏိုင္မွာပါ။ မ်က္ႏွာျပင္ 5.7-inch IPS display နဲ႔ပုံရိပ္ေဖာ္ျပႏိုင္မႈ 720 x 1440 resolution ရွိမွာျဖစ္ပါတယ္။ ေစ်းႏႈန္းကေတာ့ ေဒၚလာ၂၅၀ဝန္းက်င္ရွိမွာ ျဖစ္ပါတယ္။

OPPO အေနနဲ႔တရုတ္ႏုိင္ငံေစ်းကြက္တင္သာမက အာရုေစ်းကြက္ကိုပါ ထိုးေဖာက္္ဖို႔ရည္ရြယ္လ်က္ရွိၿပီး ေစ်းသက္သာတဲ့ စမတ္ဖုန္းေတြကို ထုတ္လုပ္လ်က္ရွိေနပါတယ္။ အနာဂတ္မွာ 5G မိုဘုိင္းကြန္ရက္မွာ အသုံးျပဳႏုိင္မယ့္ စမတ္ဖုန္းေတြကို ထုတ္လုပ္ဖုိ႔ ရည္ရြယ္လ်က္ရွိေနပါတယ္။

Oppo A83 2018 Spec

Display: 5.7 inches
Screen Resolution: 720 x 1440 pixels
Processor: MediaTek MT6763T Helio P23
RAM: 3GB or 4GB
Internal Storage: 32GB or 64GB
Rear Camera: 13MP
Front Camera: 8MP
Battery: 3180mAh
OS: Android 7.1

Unicode Version

OPPO အနေနဲ့ A83 ကိုဆန်းသစ်ထားတဲ့ စမတ်ဖုန်းဖြစ်တဲ့ A83 2018 ကိုမိတ်ဆက်ကြော်ငြာလိုက်ပါတယ်။ ပြောင်းလဲမှုအများအပြားမရှိပေမယ့် သူ့မှာအရင်ဗားရှင်းထက် အချက်အလက်သိုလှောင်မှုပိုင်း ပိုမိုများပြားလာပါတယ်။ အစောဆုံး အနေနဲ့ ပါကစ္စတန်ဈေးကွက်မှာ စတင်ဖြန့်ချိမှာ ဖြစ်ပါတယ်။

အသစ်ထွက်လာတဲ့  Oppo A83 2018 မှာ4GB of RAM နဲ့အတူ 64GB အချက်အလက်သိုလှောင်နိုင်စွမ်းနဲ့ ဖြစ်ပါတယ်။ ပရိုဆက်ဆာပိုင်းမှာတော့ Mediatek’s Helio P23 chipset ကိုသုံးထားပြီး octa-core Cortex-A53 CPU ဟာ2.5 GHz အမြန်နှုန်းနဲ့ ဖြစ်ပါတယ်။ ဂရပ်ဖစ်ပိုင်းမှာတော့ Mali-G71 MP2 GPU ကိုပေါင်းစပ်ထောက်ပံ့ပေးထားပါတယ်။

ဘက်ထရီစွမ်းအားပိုင်းမှာတော့ 3,180 mAh နဲ့အတူ ကင်မရာကိုတော့ 13MP အရည်အသွေးကို နောက်ကျောဘက်မှာတပ်ဆင်ထားပြီး၊ အရှေ့ဘက်မှာတော့ 8MP ကင်မရာနဲ့ Selfie ပုံတွေရိုက်ကူးနိုင်မှာပါ။ မျက်နှာပြင် 5.7-inch IPS display နဲ့ပုံရိပ်ဖော်ပြနိုင်မှု 720 x 1440 resolution ရှိမှာဖြစ်ပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ၂၅၀ဝန်းကျင်ရှိမှာ ဖြစ်ပါတယ်။

OPPO အနေနဲ့တရုတ်နိုင်ငံဈေးကွက်တင်သာမက အာရုဈေးကွက်ကိုပါ ထိုးဖောက်ဖို့ရည်ရွယ်လျက်ရှိပြီး ဈေးသက်သာတဲ့ စမတ်ဖုန်းတွေကို ထုတ်လုပ်လျက်ရှိနေပါတယ်။ အနာဂတ်မှာ 5G မိုဘိုင်းကွန်ရက်မှာ အသုံးပြုနိုင်မယ့် စမတ်ဖုန်းတွေကို ထုတ်လုပ်ဖို့ ရည်ရွယ်လျက်ရှိနေပါတယ်။

Oppo A83 2018 Spec
Display: 5.7 inches
Screen Resolution: 720 x 1440 pixels
Processor: MediaTek MT6763T Helio P23
RAM: 3GB or 4GB
Internal Storage: 32GB or 64GB
Rear Camera: 13MP
Front Camera: 8MP
Battery: 3180mAh
OS: Android 7.1

 

Leave a Reply