Google I/O 2018 မှာ ဘာတွေမြင်ရနိုင်သလဲ
0
1719
Zawgyi Version
Android P
Wear OS ရဲ့ အနာဂတ်
Chrome OS
Google Assistant
Android Auto
Android TV
Fuchsia
Unicode Version
ဒီအပတ်ထဲမှာ Google ဆီကနေ ထွက်ပေါ်လာတဲ့သတင်းတွေရှိပေမယ့်လည်း နောက်ထပ်ကြားရဦးမှာ အများကြီးကျန်နေပါသေးတယ်။
မေလကိုရောက်လာပြီဆိုတော့ Google’s I/O developer conference ကလည်း ကျင်းပတော့မှာပါ။ အဲဒီပွဲကို ကယ်လ်ဖိုးနီးယားက scenic Mountain View မှာ ကျင်းပမှာပါ။ အဲဒီပွဲအတွက် ဘယ်လိုသတင်းတွေကြားရနိုင်သလဲဆိုတဲ့ ကြိုတင်ခန့်မှန်းချက်တွေကို လေ့လာကြည့်လိုက်ရအောင်လား။
Android P
Google ရဲ့ နောက်ဆုံးပေါ်ဗားရှင်းကတော့ ထွက်နေပါပြီ။ ဒါကြောင့် သူနဲ့အတူ ဘယ်လို feature တွေများတစ်ပါတည်းတွေ့မြင်ရမလဲဆိုတာကို သိရမယ်လို့ မှန်းထားပါတယ်။ Android P မှာ ဘယ်လိုတွေပြင်ဆင်မှုလုပ်ထားသလဲဆိုတာ developer တွေကလည်း သိချင်နေကြပါပြီ။ သင့်အနေနဲ့ကတော့ အသုံးပြုလို့မရသေးပေမယ့်လည်း gesture-based navigation system အသုံးပြုနိုင်မယ်။ Material Design အသစ်လေးတွေကိုလည်း တွေ့ချင်လှပါပြီ။
အစောပိုင်း software တွေကို သင့်ဖုန်းမှာအသုံးပြုရတာမကြိုက်တာမျိုးလည်း ရှိနိုင်ပါတယ်။ stable developer preview တွေကိုလည်း ကြားနိုင်မှာပါ။ initial release မှာ အဓိကအခက်အခဲလေးတွေ မတွေ့ရသေးပါဘူး။ Android P ကို ဘယ်လိုခေါ်မလဲဆိုတာက စိတ်ဝင်စားဖို့ကောင်းတဲ့အချက်တစ်ခုပါပဲ။
Wear OS ရဲ့ အနာဂတ်
Googleစွမ်းအားသုံး စမတ်နာရီတွေကနေ ရုန်းမထွက်နိုင်ဘူးဆိုတဲ့အချိန်ကာလတွေက ကုန်ဆုံးခဲ့ပါပြီ။ ဒီလိုပြောလိုက်လို့ Google က လက်လွှတ်လိုက်တာမဟုတ်ပါဘူး။ Android Wear ကို Wear OS အဖြစ်နဲ့ ပြောင်းလိုက်တာမို့ iPhone နဲ့လည်းအသုံးပြုနိုင်မှာဖြစ်ပါတယ်။ Google Assistant feature တွေကိုလည်း ပိုကောင်းအောင် လုပ်ဆောင်သွားနိုင်မှာပါ။ Google က “What’s new with Wear OS” session ကို ကျင်းပသွားမှာဖြစ်ပြီးတော့ ဖန်တွေအတွက် စိတ်ဝင်စားဖို့ကောင်းမယ့်အရာတွေ ထွက်ပေါ်လာမယ်လို့ မျှော်မှန်းထားပါတယ်။ Google က ဘယ်လို feature တွေကို စီစဉ်ထားသလဲဆိုတာ ကြည့်ရမှာပါ။
Chrome OS
လူတိုင်းကြိုက်နှစ်သက်နေတဲ့ browser-based operating system လေးကတော့ update ကြီးကြီးမားမားရနိုင်ကောင်းပါတယ်။ ဒီအချိန်ကလည်း Google အတွက် ပြောပြဖို့အချိန်ကောင်းပါပဲ။ Chrome OS ထဲမှာ Linux app အသုံးပြုနိုင်အောင် လုပ်ဆောင်နေတယ်လို့လည်း ကြားထားပါတယ်။ Chrome OS developer build ထဲမှာ အဲဒီ feature ကို တွေ့လိုက်ရလို့ပါ။ “Linux tools, editors and IDEs” တွေကို Chromebook မှာအသုံးပြုနိုင်ဖို့ ရက်သိပ်မကြာတော့ပါဘူး။ native desktop app တွေမပါဝင်ခြင်းက Chrome OS ကို ပြောင်းအသုံးပြုချိန်မှာ အခက်အခဲဖြစ်တတ်ပါတယ်။ ဒါကတော့ သတင်းကောင်းပါပဲ။ browser-based Chrome apps ၊ Play Store မှ Android apps တွေနဲ့ Linux software တွေကို ထောက်ပံ့လိုက်ပြီဆိုတော့ Chrome OS က သာမန်ပီစီတစ်လုံးကို စွမ်းဆောင်ရည်မြင့်မားသွားစေနိုင်ပါတယ်။ ဒါက ကွန်ပျူတာသုံးစွဲသူတိုင်းအတွက် မဟုတ်ပေမယ့်လည်း Chrome OS ဟာ developer တွေအတွက် တကယ့်အဆင်ပြေစေမယ့် platform တစ်ခု ဖြစ်လာနိုင်ပါတယ်။ ဒါကိုတော့ စောင့်ကြည့်ရမှာပါ။
Chrome OS ကို တက်ဘလက်အနေနဲ့ လုပ်ဆောင်နိုင်တယ်လို့ မြင်ထားပါတယ်။ ဒီကိစ္စကိုရော ထပ်ကြားရနိုင်မလား။ Android apps တွေကို Chromebooks မှာ အသုံးပြုနိုင်ကတည်းက နည်းနည်းတော့ မသေမချာဖြစ်မိပါတယ်။ ကံကောင်းရင်တော့ demo လေးတွေ မြင်ရနိုင်ပါတယ်။
Google Assistant
Google Assistant ကလည်း Assistant တွေကြားမှာ ကောင်းမွန်စွာဆောင်ရွက်နိုင်တာကို တွေ့ရပါတယ်။ မျှော်လင့်ထားတာကတော့ အပြောင်းအလဲလေးအနည်းငယ်လောက်တော့ ရှိမယ့်ပုံပါပဲ။ G7 ThinQ မှာ “Hey Google, take a wide-angle selfie” လိုမျိုး command လေး မြင်လိုက်ရပါတယ်။ အခြားစမတ်ဖုန်းတွေမှာလည်း အဲဒီလိုမြင်ရမယ်ဆိုရင် ဆန်းကြယ်မှာတော့ မဟုတ်ပါဘူး။
Google နဲ့ သူ့ရဲ့ hardware ပါတနာတွေဟာ Assistant အတွက် smart display တွေကို CES တုန်းကပြခဲ့ပါတယ်။ Lenovo မှာရှိသလို LG နဲ့ JBL မှာလည်းရှိနေပါတယ်။ ဒါပေမယ့် Android Things OS မပြီးသေးတော့ ဈေးကွက်ကို ထွက်မလာနိုင်ကြသေးပါဘူး။ machine learning နဲ့ ကင်မရာတွေကို တိုးတက်ကောင်းမွန်အောင် လုပ်ဆောင်ပြီးပြီဆိုတော့ ထွက်လာလောက်မှာပါ။ ကံကောင်းရင် ထွက်ရှိမယ့်ရက်တွေကိုပါ တစ်ခါတည်း ကြားရနိုင်တယ်။
Android Auto
မောင်းသူမဲ့ကားတွေ အဆင်သင့်ဖြစ်လာပြီဆိုရင်တော့ Android Auto မှာ ဘယ်လိုမျိုး feature တွေ ထည့်သွင်းမလဲဆိုတာ စိတ်ဝင်စားစရာပါပဲ။ Android Auto ကတော့ ၂၀၁၅ ခုနှစ်တုန်းက စတင် launch လုပ်ခဲ့တာဖြစ်ပြီးတော့ Google Assistant အပါအဝင် feature တွေကို တိုးတိုးပြီးတော့ လုပ်ဆောင်နေပါတယ်။
ကိုယ်ပိုင် I/O companion app လေးမှာလည်း ပြောင်းလဲမှုကြီးကြီးမားမား တွေ့မြင်ရလိမ့်မယ်လို့ ပြောထားပါတယ်။ media experience အသစ်က ဖုန်းမျက်နှာပြင်မှာရော car display မှာပါခံစားနိုင်တာဆိုတော့ မိုက်နေပါပြီ။ ဒါတင်မကသေးပါဘူး။ Google Maps ၊ Assistant ၊ Play Store တွေမှာလည်း optimize လုပ်ထားမှာဖြစ်ပါတယ်။ in-car LTE လည်းတွင်ကျယ်လာပြီဆိုတော့ Play Store ကနေ app တွေကို ဒေါင်းလုတ်ဆွဲလို့ရနိုင်ပါပြီ။
Android TV
Apple TVs ၊ Fire TVs ၊ Roku sticks တွေက တစ်ကမ္ဘာလုံးမှာလည်း အသုံးပြုနေကြပါပြီ။ ဒါပေမယ့် Android TV ကတော့ မထိုးဖောက်နိုင်သေးပါဘူး။ Google ကလည်း feature တွေနဲ့ ဘယ်လိုတွေလုပ်ဆောင်နေသလဲဆိုတာကို ပြောပြမယ်လို့ မှန်းထားပါတယ်။ Google-branded HDMI dongle ကို FCC မှာ တွေ့လိုက်ရပါတယ်။ Google က ဒီနှစ်ထဲမှာ hardware အသစ်အတွက် ပွဲသက်သက်လုပ်ဦးမယ်နဲ့တူပါတယ်။ standalone Daydream VR headset ကို သက်သက်ကြေညာခဲ့ဖူးတယ်လေ။
Fuchsia
မနှစ်ကတုန်းကလည်း ဒီလိုစာရင်းထဲမှာပါခဲ့တယ်။ ဒီနှစ်လည်း သိပ်တော့မသေချာပါဘူး။ ဒါပေမယ့်လည်း ထည့်ရမှာပဲ။ Fuchsia ဆိုတာက operating system တစ်ခုပါပဲ။ Android နဲ့ Chrome OS တို့လိုမဟုတ်တာက အသေးစိတ်ပြောမှရမှာပါ။ hybrid operating system လို့ပြောနေကြပါတယ်။ သူတို့နှစ်ခုကြားမှာ ပေါင်းစပ်ထားတဲ့အရာလေးပေါ့။ Ars Technica ရဲ့ ဖွင့်ထုတ်မှုကြောင့် interface လေးကို မြင်ပြီးပါပြီ။ လုံးဝလှပါတယ်။ ဒါပေမယ့်လည်း လုပ်ဆောင်ချက်ကတော့ မမိုက်သေးပါဘူး။ သူ့ရဲ့တကယ့်အသုံးပြုမှုနယ်ပယ်ကတော့ လျှိ့ဝှက်ထားတုန်းပါပဲ။ ဒီအကြောင်းကို ထုတ်ပြောမလားဆိုတာကလည်း စိတ်ဝင်စားဖို့ကောင်းတဲ့အချက်တစ်ခုပါပဲ။
Leave a Reply