Galaxy X နဲ႕ပတ္သတ္ေသာအစီအစဥ္မ်ား ေပါက္ၾကားလာျခင္း

0
1831

Zawgyi Version

Mobile World Congress 2019 မွာထုတ္ျပမယ့္ Galaxy X က ေခါက္ႏုိင္တဲ့စမတ္ဖုန္းေလးလားဆိုတာလည္း မသိရေသးေပမယ့္ အဲဒီစမတ္ဖုန္းကိုေတာ့ ထုတ္ျပဖို႕ျပင္ဆင္ထားတယ္လို႕ ေတာင္ကိုရီးယားမွာ သတင္းေတြထြက္ေနပါတယ္။ အဲဒီစမတ္ဖုန္းမွာ ေခါက္ႏုိင္တဲ့ OLED ရဲ႕အစြမ္းကို အျပည့္အ၀အသံုးခ်ထားမွာျဖစ္ပါတယ္။ Samsung ကေတာ့ concept အျဖစ္ကေန ထုတ္ဖုိ႕အဆင္သင့္ျဖစ္ေနျပီလို႕ ဆိုထားပါတယ္။

လက္ရွိေစ်းကြက္မွာေတာ့ ေခါက္ႏုိင္တဲ့စမတ္ဖုန္းေတြက ဇာတ္ကားထဲကပစၥည္းေတြလို႕သာ ျမင္ေယာင္ေနၾကပါတယ္။ လုပ္ငန္းအေတာ္မ်ားမ်ားကေတာ့ form-factor ကို ၾကိဳးစားခဲ့ျပီးပါျပီ။ ဒါေပမယ့္လည္း ပတၱာေလးနဲ႕ခ်ိတ္ဆက္ျပီး အသံုးျပဳႏုိင္တဲ့ဖုန္းေတြကေတာ့ လုပ္ေဆာင္ေနၾကတာ နည္းပါးပါတယ္။ ဒါေၾကာင့္ ေခါက္ႏိုင္တယ္ဆိုေပမယ့္လည္း ျဖန္႕လိုက္တဲ့အခ်ိန္မွာ အျပည့္အ၀မဆက္ႏုိင္ေသးတာကို ေတြ႕ျမင္ေနရပါတယ္။

Samsung ကေတာ့ ဒီထက္ပိုျပီးေတာ့ အဆင့္ျမင့္ေအာင္လုပ္ေဆာင္ဖို႕ စိတ္ကူးထားပါတယ္။ သူ႕ရဲ႕ Samsung Display ကေန ဖန္တီးထားတဲ့ flexible OLED နည္းပညာက ေနာက္ဆံုးေပၚပရီမီယမ္စမတ္ဖုန္းတစ္လံုးကို ထုတ္လုပ္ေပးႏုိင္ေတာ့မွာပါ။ ဒါေၾကာင့္ ထုတ္လုပ္မႈကလည္း အကန္႕အသတ္ရွိျပီး ေစ်းႏႈန္းကေတာ့ အေတာ္ေလးၾကီးျမင့္မယ္လို႕ ခန္႕မွန္းရပါတယ္။

Samsung ဟာ သူ႕ရဲ႕ codename အေဟာင္းကို “Valley” လို႕ျပင္လိုက္ပါတယ္။ “Winner” ဆိုတာကေတာ့ အပိုပစၥည္းေထာက္ပံ့သူေတြနဲ႕ ေဆြးေႏြးေနတုန္းက အသံုးျပဳခဲ့တာျဖစ္ျပီးေတာ့“Valley”  ဆိုတာ ထုတ္လုပ္မႈအပိုင္းကို ရည္ညႊန္းတယ္လို႕ ယူဆထားၾကပါတယ္။

ေခါက္ႏုိင္တဲ့စမတ္ဖုန္းေတြက လက္ရွိမွာေတာ့ ၾကိဳးစားေနၾကဆဲ အေျခအေနျဖစ္ပါတယ္။ ဘယ္လိုပံုေတြထြက္ေပၚလာမလဲဆိုတာကေတာ့ စိတ္၀င္စားဖုိ႕ေကာင္းပါတယ္။ Samsung ရဲ႕ ဒီဇုိင္း patent အေတာ္မ်ားမ်ားကိုၾကည့္လုိက္ျခင္းအားျဖင့္ သူ႕အေနနဲ႕ အမ်ားၾကီးျပင္ဆင္ထားတယ္ဆိုတာ သိသာပါတယ္။ ပတၱာနဲ႕ မ်က္ႏွာျပင္ႏွစ္ခုကိုစပ္ထားျပီးေတာ့ စာအုပ္လုိ႕ ဖြင့္သံုးႏုိင္တာမ်ိဳး၊ clamshell ဖုန္းတစ္လံုးကို ဖြင့္သံုးနုိင္တာမ်ိဳး စတဲ့ဒီဇိုင္းေတြကို ေတြ႕ျမင္ခဲ့ရျပီး ျဖစ္ပါတယ္။

အခုအသစ္ထြက္လာတဲ့ပံုရိပ္ေတြအရ Samsung ဟာ OLED panel သံုးခုကို အသံုးျပဳထားပါတယ္။ ၃.၅လက္မ အသီးသီးရွိျပီးေတာ့ original iPhone display ေလာက္ကို ရွိပါတယ္။ အဲဒီထဲက ႏွစ္ခုကေတာ့ ေပါင္းစပ္ထားျပီး ၇လက္မ မ်က္ႏွာျပင္ျဖစ္ေအာင္ လုပ္ေဆာင္ထားပါတယ္။ က်န္တဲ့မ်က္ႏွာျပင္တစ္ခုကေတာ့ ဟန္းဆက္ရဲ႕အေနာက္ပိုင္းျဖစ္ျပီးေတာ့ ေခါက္ထားခ်ိန္မွာေတာင္ အသံုးျပဳခြင့္ေပးထားမွာပါ။

အခ်ိန္အတိုင္းအတာ ဘယ္ေလာက္ၾကာမယ္ဆိုတာ မသိရေသးေပမယ့္လည္း အစီအစဥ္ေတြက ေျပာင္းလဲသြားႏုိင္ပါတယ္။ ေျပာင္းေတာင္ေျပာင္းျပီးျပီလား မသိႏုိင္ပါဘူး။

ေနာက္ဆံုးဒီဇုိင္းသတ္မွတ္သြားျပီးရင္ေတာင္မွ November 2018 မွာေတာ့ အနည္းငယ္ေလာက္ျဖစ္ျဖစ္ ထုတ္ျပီးသင့္တယ္လို႕ ေမွ်ာ္လင့္ထားၾကပါတယ္။

ဒါကေတာ့ ထုတ္လုပ္မႈရဲ႕ ရွဳပ္ေထြးမႈကို ထင္ဟပ္ေနပါတယ္။ Samsung အေနနဲ႕လည္း ေစ်းကြက္ကို ထိေရာက္မႈရွိေအာင္ၾကိဳးစားရမယ့္အပိုင္းတစ္ခု ျဖစ္လို႕ေနပါတယ္။ သံုးစြဲသူေတြက ၾကီးမားတဲ့ပစၥည္းေတြကို သယ္ယူလိုတဲ့စိတ္္ မရွိၾကေတာ့ပါဘူး။ ဒါေပမယ့္လည္း မ်က္ႏွာျပင္ၾကီးၾကီးကိုေတာ့ ၾကိဳက္ႏွစ္သက္ၾကပါတယ္။ ဒါေၾကာင့္ form-factor အေနနဲ႕ ေခါက္လို႕အဆင္မေျပႏုိင္ပါဘူး။ ဒါေၾကာင့္လည္း လူေတြရဲ႕စိတ္ကိုအလိုျဖည့္ေပးႏုိင္ဖုိ႕က နည္းပညာပိုင္း၊ ထုတ္လုပ္မႈပိုင္းမွာ ရွဳပ္ေထြးမႈအေတာ္မ်ားမ်ားကို ေက်ာ္လႊားဖို႕လိုအပ္ေနတာျဖစ္ပါတယ္။

ေခါက္ႏုိင္တဲ့စမတ္ဖုန္းေတြကို Huawei ကလည္း လုပ္ေဆာင္ေနတယ္လိုဳ႕ ၾကားထားပါတယ္။ MWC 2019 နီးကပ္လာရင္ေတာ့ အေၾကာင္းစံုကို ပိုသိခြင့္ရမွာပါ။ ခက္တာက ကိုးလေလာက္လို္ေနပါေသးတယ္။ ဒါထက္အေရးၾကီးတာက phablet flagship Galaxy Note 9 ကို ထုတ္ျပဖို႕ ေစာင့္ေမွ်ာ္ရမွာပါပဲ။

Unicode Version

Mobile World Congress 2019 မှာထုတ်ပြမယ့် Galaxy X က ခေါက်နိုင်တဲ့စမတ်ဖုန်းလေးလားဆိုတာလည်း မသိရသေးပေမယ့် အဲဒီစမတ်ဖုန်းကိုတော့ ထုတ်ပြဖို့ပြင်ဆင်ထားတယ်လို့ တောင်ကိုရီးယားမှာ သတင်းတွေထွက်နေပါတယ်။ အဲဒီစမတ်ဖုန်းမှာ ခေါက်နိုင်တဲ့ OLED ရဲ့အစွမ်းကို အပြည့်အဝအသုံးချထားမှာဖြစ်ပါတယ်။ Samsung ကတော့ concept အဖြစ်ကနေ ထုတ်ဖို့အဆင်သင့်ဖြစ်နေပြီလို့ ဆိုထားပါတယ်။
လက်ရှိဈေးကွက်မှာတော့ ခေါက်နိုင်တဲ့စမတ်ဖုန်းတွေက ဇာတ်ကားထဲကပစ္စည်းတွေလို့သာ မြင်ယောင်နေကြပါတယ်။ လုပ်ငန်းအတော်များများကတော့ form-factor ကို ကြိုးစားခဲ့ပြီးပါပြီ။ ဒါပေမယ့်လည်း ပတ္တာလေးနဲ့ချိတ်ဆက်ပြီး အသုံးပြုနိုင်တဲ့ဖုန်းတွေကတော့ လုပ်ဆောင်နေကြတာ နည်းပါးပါတယ်။ ဒါကြောင့် ခေါက်နိုင်တယ်ဆိုပေမယ့်လည်း ဖြန့်လိုက်တဲ့အချိန်မှာ အပြည့်အဝမဆက်နိုင်သေးတာကို တွေ့မြင်နေရပါတယ်။
Samsung ကတော့ ဒီထက်ပိုပြီးတော့ အဆင့်မြင့်အောင်လုပ်ဆောင်ဖို့ စိတ်ကူးထားပါတယ်။ သူ့ရဲ့ Samsung Display ကနေ ဖန်တီးထားတဲ့ flexible OLED နည်းပညာက နောက်ဆုံးပေါ်ပရီမီယမ်စမတ်ဖုန်းတစ်လုံးကို ထုတ်လုပ်ပေးနိုင်တော့မှာပါ။ ဒါကြောင့် ထုတ်လုပ်မှုကလည်း အကန့်အသတ်ရှိပြီး ဈေးနှုန်းကတော့ အတော်လေးကြီးမြင့်မယ်လို့ ခန့်မှန်းရပါတယ်။
Samsung ဟာ သူ့ရဲ့ codename အဟောင်းကို “Valley” လို့ပြင်လိုက်ပါတယ်။ “Winner” ဆိုတာကတော့ အပိုပစ္စည်းထောက်ပံ့သူတွေနဲ့ ဆွေးနွေးနေတုန်းက အသုံးပြုခဲ့တာဖြစ်ပြီးတော့“Valley” ဆိုတာ ထုတ်လုပ်မှုအပိုင်းကို ရည်ညွှန်းတယ်လို့ ယူဆထားကြပါတယ်။
ခေါက်နိုင်တဲ့စမတ်ဖုန်းတွေက လက်ရှိမှာတော့ ကြိုးစားနေကြဆဲ အခြေအနေဖြစ်ပါတယ်။ ဘယ်လိုပုံတွေထွက်ပေါ်လာမလဲဆိုတာကတော့ စိတ်ဝင်စားဖို့ကောင်းပါတယ်။ Samsung ရဲ့ ဒီဇိုင်း patent အတော်များများကိုကြည့်လိုက်ခြင်းအားဖြင့် သူ့အနေနဲ့ အများကြီးပြင်ဆင်ထားတယ်ဆိုတာ သိသာပါတယ်။ ပတ္တာနဲ့ မျက်နှာပြင်နှစ်ခုကိုစပ်ထားပြီးတော့ စာအုပ်လို့ ဖွင့်သုံးနိုင်တာမျိုး၊ clamshell ဖုန်းတစ်လုံးကို ဖွင့်သုံးနိုင်တာမျိုး စတဲ့ဒီဇိုင်းတွေကို တွေ့မြင်ခဲ့ရပြီး ဖြစ်ပါတယ်။
အခုအသစ်ထွက်လာတဲ့ပုံရိပ်တွေအရ Samsung ဟာ OLED panel သုံးခုကို အသုံးပြုထားပါတယ်။ ၃.၅လက်မ အသီးသီးရှိပြီးတော့ original iPhone display လောက်ကို ရှိပါတယ်။ အဲဒီထဲက နှစ်ခုကတော့ ပေါင်းစပ်ထားပြီး ၇လက်မ မျက်နှာပြင်ဖြစ်အောင် လုပ်ဆောင်ထားပါတယ်။ ကျန်တဲ့မျက်နှာပြင်တစ်ခုကတော့ ဟန်းဆက်ရဲ့အနောက်ပိုင်းဖြစ်ပြီးတော့ ခေါက်ထားချိန်မှာတောင် အသုံးပြုခွင့်ပေးထားမှာပါ။
အချိန်အတိုင်းအတာ ဘယ်လောက်ကြာမယ်ဆိုတာ မသိရသေးပေမယ့်လည်း အစီအစဉ်တွေက ပြောင်းလဲသွားနိုင်ပါတယ်။ ပြောင်းတောင်ပြောင်းပြီးပြီလား မသိနိုင်ပါဘူး။
နောက်ဆုံးဒီဇိုင်းသတ်မှတ်သွားပြီးရင်တောင်မှ November 2018 မှာတော့ အနည်းငယ်လောက်ဖြစ်ဖြစ် ထုတ်ပြီးသင့်တယ်လို့ မျှော်လင့်ထားကြပါတယ်။
ဒါကတော့ ထုတ်လုပ်မှုရဲ့ ရှုပ်ထွေးမှုကို ထင်ဟပ်နေပါတယ်။ Samsung အနေနဲ့လည်း ဈေးကွက်ကို ထိရောက်မှုရှိအောင်ကြိုးစားရမယ့်အပိုင်းတစ်ခု ဖြစ်လို့နေပါတယ်။ သုံးစွဲသူတွေက ကြီးမားတဲ့ပစ္စည်းတွေကို သယ်ယူလိုတဲ့စိတ် မရှိကြတော့ပါဘူး။ ဒါပေမယ့်လည်း မျက်နှာပြင်ကြီးကြီးကိုတော့ ကြိုက်နှစ်သက်ကြပါတယ်။ ဒါကြောင့် form-factor အနေနဲ့ ခေါက်လို့အဆင်မပြေနိုင်ပါဘူး။ ဒါကြောင့်လည်း လူတွေရဲ့စိတ်ကိုအလိုဖြည့်ပေးနိုင်ဖို့က နည်းပညာပိုင်း၊ ထုတ်လုပ်မှုပိုင်းမှာ ရှုပ်ထွေးမှုအတော်များများကို ကျော်လွှားဖို့လိုအပ်နေတာဖြစ်ပါတယ်။
ခေါက်နိုင်တဲ့စမတ်ဖုန်းတွေကို Huawei ကလည်း လုပ်ဆောင်နေတယ်လိုု့ ကြားထားပါတယ်။ MWC 2019 နီးကပ်လာရင်တော့ အကြောင်းစုံကို ပိုသိခွင့်ရမှာပါ။ ခက်တာက ကိုးလလောက်လိုနေပါသေးတယ်။ ဒါထက်အရေးကြီးတာက phablet flagship Galaxy Note 9 ကို ထုတ်ပြဖို့ စောင့်မျှော်ရမှာပါပဲ။

Leave a Reply