YouTube က ကိုယ်ပိုင် music streaming ၀န်ဆောင်မှုလေးကို launch လုပ်မည်
0
1700
Zawgyi Version
newyoutubemusicaam
Unicode Version
YouTube အဖွဲကကနေပြီးတော့ သူတို့ရဲ့ YouTube Remix လို့ခေါ်တဲ့ ကိုယ်ပိုင် music streaming ဝန်ဆောင်မှုလေးကို launch လုုပ်ဖို့ပြင်ဆင်နေပါတယ်။ ဘယ်လိုလေးလဲဆိုတာကို သိဖို့အတွက် ဆက်ဖတ်ကြည့်လိုက်ရအောင်။
Reddit ပေါ်မှာ သုံးစွဲသူတစ်ယောက်ဖြစ်တဲ့ c2fifield က YouTube ရဲ့ feature အသစ်လေးကို အတည်ပြုတဲ့ပို့စ်တွေ တင်ခဲ့ပါတယ်။ YouTube Music က သူ့ရဲ့ music player screen မှာ နည်းနည်းလေးချင်းပြောင်းလဲနေတာကို တွေ့ရပါတယ်။ screen အသစ်မှာ သာမန်ဝန်ဆောင်မှုပုံစံနဲ့ မတူတော့ဘဲ အခြားသော streaming ဝန်ဆောင်မှုတွေနဲ့ ယှဉ်လို့ရတဲ့အထိ ပြောင်းလဲသွားတာပါ။
YouTube Music သုံးစွဲသူတွေကတော့ သူတို့ရဲ့ music queue တွေကို ကြည့်နိုင်ပြီးတော့ ကြိုက်တဲ့အချိန်မှာ ပြောင်းလဲပြင်ဆင်နိုင်မှာပါ။ YouTube Remix မှာရော ဒီလိုဖြစ်လာမလားဆိုတာ မသိရသေးပါဘူး။ YouTube ရဲ့ ပြောဆိုခွင့်ရှိသူကတော့ အပြောင်းအလဲတွေကို အတည်ပြုပေးခဲ့ပါတယ်။ “ကျွန်တော်တို့က YouTube Music ကို ပိုမိုကောင်းမွန်အောင်လုပ်ဆောင်နေပါတယ်။ သုံးစွဲသူတွေအတွက် အကောင်းမွန်ဆုံးခံစားမှုတွေကို ပေးစွမ်းနိုင်စေဖို့ပါ။ update လုပ်လိုက်တဲ့အပေါ် သုံးစွဲသူတွေကြိုက်နှစ်သက်တယ်ဆိုတာကိုလည်း ဝမ်းသာမိပါတယ်။”
Google I/O ကတော့ နောက်တစ်ပတ်မှာ ကျင်းပတော့မှာပါ။ အဲဒီအချိန်မှာတော့ YouTube Remix အကြောင်းပိုမိုသိခွင့်ရမှာဖြစ်ပါတယ်။ ဒီတော့ ဆက်လက်စောင့်မျှော်ဖတ်ရှုပေးကြပါဦး။
player screen အသစ်လေးကို ကြည့်ပြီးပြီလား။ ဘယ်လိုထင်လဲ။
Leave a Reply