Vivo Y75s နဲ့ Y83 တို့ရဲ့တိကျတဲ့အချက်အလက်များ ထွက်ပေါ်လာ

0
1790






Unicode Version

Vivo အနေနဲ့ ပြီးခဲ့တဲ့ ဒီဇင်ဘာလတုန်းက Vivo Y75 ကို ကြေညာခဲ့ပါတယ်။ အခုတော့ ကုမ္ပဏီဟာ Y75 ကို အဆင့်မြင့်ထားတဲ့ Y75s ကို ထုတ်လုပ်ဖို့ အဆင်သင့် ဖြစ်နေပြီလိုဆို့ပါတယ်။ Vivo Y75s ဟာ TENNA ရဲ့ ခွင့်ပြုချက် ရရှိထားပြီး ဖြစ်ကြောင်းကို ကုမ္ပဏီရဲ့တရားဝင်ဝက်ဘ်ဆိုက်မှာ ပြသထားပါတယ်။  ယနေ့မှာတော့ Vivo Y75s အပြင် Vivo Y83 ရဲ့အချက်အလက်ကိုပါ သိခွင့်ရလာပါတယ်။

Vivo Y75s ရဲ့ ဒီဇိုင်းနှင့် အချက်အလက်တွေက V7+ နှင့် တော်တော်လေး ဆင်တူပါတယ်။ ဒါပေမယ့် ကင်မရာပိုင်းမှာ ကွဲပြားနေပါတယ်။ Y75s က မျက်နှာပြင် ၅.၉၉ လက်မရှိပြီး 720×1440 18:9 FullView 2.5D ရုပ်ထွက်နှင့် ထောက်ပံ့ထားပါတယ်။ Snapdragon 450 ပရိုဆက်ဆာထောက်ပံ့မှုနဲ့အတူ  RAM4GB နှင့် Stoage 64GB ပါဝင်ပါမယ်။ microSD မှ တစ်ဆင့် 256GB အထိ တိုးမြှင့်နိုင်ပါမယ်။

ကျောဘက်ကင်မရာက 13MP ဖြစ်ပြီး ရှေ့ကင်မရာက 16MP ဖြစ်ပါတယ်။ ကင်မရာ၂ခုလုံးမှာ LED flash တပ်ဆင်ပေးထားပါတယ်။  ဘက်ထရီစွမ်းအား 3225 mAh ပါဝင်ပါတယ်။ Android 7.1.2 Nougat အခြေခံ Vivo Funtouch OS 3.2 OS သုံးလာပါမယ်။

Vivo Y83 ကတော့ မျက်နှာပြင် ၆.၂၂ လက်မဖြစ်ပြီး (720 x 1520 pixel)မှာ ခပ်ရှည်ရှည်အချိုး 19:9 FullView Display 2.5D ရုပ်ထွက်နှင့် ထောက်ပံ့လာပါမယ်။ ပရိုဆက်ဆာပိုင်းမှာတော့ 2.0GHz Octa-core CPU ၊ RAM4GB နှင့် အထိုင်ချလာပါမယ်။ အချက်အလက်သိုလှောင်နိုင်စွမ်းအတွက် Stoage 64GB ပါဝင်ပြီး microSD မှ တစ်ဆင့် ထပ်မံ တိုးမြှင့်နိုင်ပါမယ်။

ကျောဘက်ကင်မရာ 13MP နဲ့ ရှေ့ကင်မရာက 8MP ဖြစ်ပါတယ်။ ဘက်ထရီပါဝါပိုင်းအတွက် 3180 mAh ပါဝင်ပါတယ်။ Android 8.1 Oreo သုံးလာပါမယ်။ Funtouch 4.0 OS သုံးလာပါမယ်။ Y75s ကို အပြာရောင်၊ အနက်ရောင်၊ အနီရောင်၊ ရွှေရောင်နှင့် ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။ Y83 ကို အနက်ရောင်၊ ရွှေရောင်နှင့် ရွေးချယ်နိုင်ပါမယ်။ ဈေးနှုန်းနဲ့တရားဝင်ရောင်းချမယ့်အချိန်ကိုတော့ မသိရှိရသေးပါဘူး။

Leave a Reply