ႏုိင္ငံတကာေစ်းကြက္ကိုဝင္ေရာက္လာတဲ့ Vivo X21 စမတ္ဖုန္း

0
1964

Vivo အေနနဲ႔ ေဖေဖာ္၀ါရီလမွာ Vivo X21  ကို တ႐ုတ္မွာ စတင္ေရာင္းခ်ခဲ့ပါတယ္။ ဒီေန႔မွာေတာ့ Vivo ဟာ မ်က္ႏွာျပင္ ႐ုပ္ထြက္ေအာက္ လက္ေဗြရာစနစ္ ပါ၀င္တဲ့ Vivo X21  ကုိ ႏုိင္ငံတကာေစ်းကြက္မွာ စတင္ ျဖန္႔ခ်ိ ေရာင္းခ်လာၿပီ ျဖစ္ပါတယ္။  စတင္ ၀င္ေရာက္တဲ့ ေစ်းကြက္က စကၤာပူ ျဖစ္ၿပီး Vivo X21  ကုိ M1 ၊ SratHub ႏွင့္ အျခား စတိုးတို႔မွာ စတင္ ေရာင္းခ်သြားမွာ ျဖစ္ပါတယ္။ ေစ်းႏႈန္းက စကၤာပူေဒၚလာ ၇၉၉ ျဖစ္ပါတယ္။

သူ႕မွာ ၆.၂၈ လက္မ မ်က္ႏွာျပင္အက်ယ္ရွိတဲ့ Full-HD+Super AMOLED Display ကို အသုံးျပဳထားၿပီး Resolution 1080 x 2280 pixels ရွိပါမယ္။ Aspect Ratio ကလက္ရွိစမတ္ဖုန္းေလာကကိုဦးေဆာင္ေနတဲ့ 19:9 Display ျဖစ္ၿပီး Pixel Density က 402 ppi ရွိပါမယ္။ ေနာက္ေက်ာဘက္ ကင္မရာကိုေတာ့ f/1.8 Aperture ပါဝင္တဲ့ 12MP ကင္မရာ ၁လုံးနဲ႔ f/2.4 Aperture ပါဝင္တဲ့ 5MP ကင္မရာ ၁လုံး တို႔ကို တြဲဖက္ၿပီး ေဒါင္လိုက္ တပ္ဆင္ထားမွာ ျဖစ္ပါတယ္။ ေရွ႕ဘက္မ်က္ႏွာျပင္မွာေတာ့ f/2.0 Aperture, IR fill light, 3D Mapping နဲ႔ Face Wake ficial recognition စတဲ့ features ေတြပါဝင္တဲ့ 12MP ကင္မရာ ၁လုံးကို တပ္ဆင္ထားပါတယ္။ Software အပိုင္းမွာ Android 8.1 Oreo ကို ျပန္လည္ဆန္းသစ္ထားတဲ့ FunTouch OS 4.0 နဲ႔ ပြဲထြက္လာတာ ျဖစ္ပါတယ္။

ပရိုဆက္ဆာပိုင္းအတြက္ Qualcomm Snapdragon 660 SoC ကိုသာ အသုံးျပဳထားၿပီးGraphic ပိုင္းအတြက္ Adreno 512GPU ကို အသုံးျပဳထားပါတယ္။ RAM အေနနဲ႔ 6GB ပါဝင္ၿပီး၊အခ်က္အလက္သိုေလွာင္ႏိုင္စြမ္း ကိုေတာ့ 64GB နဲ႔ 128GB ဆိုၿပီး ၂မ်ိဴး ေ႐ြးခ်ယ္ဝယ္ယူႏိုင္မွာ ျဖစ္ပါတယ္။ ဘက္ထရီ သိုေလွာင္မႈ ပမာဏ 3200mAh ပါဝင္ၿပီး Fast Charging ေထာက္ပံ့မႈစနစ္လည္း ရရွိမွာပါ။ Security ပိုင္းအတြက္ကေတာ့ Under Display Fingerprint Sensor အျပင္ Facial Recognitionပါ အသုံးျပဳႏိုင္မွာ ျဖစ္ပါတယ္။

Unicode Version

Vivo အနေနဲ့ ဖေဖော်ဝါရီလမှာ Vivo X21  ကို တရုတ်မှာ စတင်ရောင်းချခဲ့ပါတယ်။ ဒီနေ့မှာတော့ Vivo ဟာ မျက်နှာပြင် ရုပ်ထွက်အောက် လက်ဗွေရာစနစ် ပါဝင်တဲ့ Vivo X21  ကို နိုင်ငံတကာဈေးကွက်မှာ စတင် ဖြန့်ချိ ရောင်းချလာပြီ ဖြစ်ပါတယ်။  စတင် ဝင်ရောက်တဲ့ ဈေးကွက်က စင်္ကာပူ ဖြစ်ပြီး Vivo X21  ကို M1 ၊ SratHub နှင့် အခြား စတိုးတို့မှာ စတင် ရောင်းချသွားမှာ ဖြစ်ပါတယ်။ ဈေးနှုန်းက စင်္ကာပူဒေါ်လာ ၇၉၉ ဖြစ်ပါတယ်။

သူ့မှာ ၆.၂၈ လက်မ မျက်နှာပြင်အကျယ်ရှိတဲ့ Full-HD+Super AMOLED Display ကို အသုံးပြုထားပြီး Resolution 1080 x 2280 pixels ရှိပါမယ်။ Aspect Ratio ကလက်ရှိစမတ်ဖုန်းလောကကိုဦးဆောင်နေတဲ့ 19:9 Display ဖြစ်ပြီး Pixel Density က 402 ppi ရှိပါမယ်။ နောက်ကျောဘက် ကင်မရာကိုတော့ f/1.8 Aperture ပါဝင်တဲ့ 12MP ကင်မရာ ၁လုံးနဲ့ f/2.4 Aperture ပါဝင်တဲ့ 5MP ကင်မရာ ၁လုံး တို့ကို တွဲဖက်ပြီး ဒေါင်လိုက် တပ်ဆင်ထားမှာ ဖြစ်ပါတယ်။ ရှေ့ဘက်မျက်နှာပြင်မှာတော့ f/2.0 Aperture, IR fill light, 3D Mapping နဲ့ Face Wake ficial recognition စတဲ့ features တွေပါဝင်တဲ့ 12MP ကင်မရာ ၁လုံးကို တပ်ဆင်ထားပါတယ်။ Software အပိုင်းမှာ Android 8.1 Oreo ကို ပြန်လည်ဆန်းသစ်ထားတဲ့ FunTouch OS 4.0 နဲ့ ပွဲထွက်လာတာ ဖြစ်ပါတယ်။

ပရိုဆက်ဆာပိုင်းအတွက် Qualcomm Snapdragon 660 SoC ကိုသာ အသုံးပြုထားပြီးGraphic ပိုင်းအတွက် Adreno 512GPU ကို အသုံးပြုထားပါတယ်။ RAM အနေနဲ့ 6GB ပါဝင်ပြီး၊အချက်အလက်သိုလှောင်နိုင်စွမ်း ကိုတော့ 64GB နဲ့ 128GB ဆိုပြီး ၂မျိူး ရွေးချယ်ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။ ဘက်ထရီ သိုလှောင်မှု ပမာဏ 3200mAh ပါဝင်ပြီး Fast Charging ထောက်ပံ့မှုစနစ်လည်း ရရှိမှာပါ။ Security ပိုင်းအတွက်ကတော့ Under Display Fingerprint Sensor အပြင် Facial Recognitionပါ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

Leave a Reply