OnePlus 6 ရဲ႕အခ်က္အလက္အမ်ားစု TENAA စာရင္းထြက္ေပၚ

0
1872

ယခုလအတြင္းမွာ One Plus 6 စမတ္ဖုန္းသစ္ကို မိတ္ဆက္ေပးေတာ့မွာ ျဖစ္ပါတယ္။ သိုေပမယ့္သူနဲ႔ပတ္သတ္တဲ့ အခ်က္အလက္ေတြကေတာ့ တိက်စြာထြက္ရွိလာျခင္းမရွိေသးပါဘူး။ ဒီေန႔မွာ One Plus 6 မွာပါဝင္မယ္လို႔ ေသခ်ာေစတဲ့အခ်က္အလက္ေတြ TENAA မွာေပၚထြက္လာခဲ့ပါတယ္။ တရုတ္ႏုိင္ငံမွာ စမတ္ဖုန္းေရာင္းေတာ့မယ့္ဆိုရင္ TENAA မွာစာရင္းတင္သြင္းမွသာ ရႏိုင္ပါလိမ့္မယ္။ အခုေတာ့ TENAA ကိုတင္လိုက္တဲ့ ဖုန္းအသစ္ရဲ႕အခ်က္အလက္ေတြဟာ ဖုန္းအသစ္မွာ ပါဝင္ဖို႔ေသခ်ာသေလာက္ရွိသြားပါၿပီ။

ယခုလ၁၆ရက္ေန႔မိတ္ဆက္မယ့္ပြဲမွာမွ ဖုန္းအသစ္နဲ႔ပတ္သတ္တဲ့အခ်က္အလက္ေတြ တိက်ေသခ်ာစြာ သိရွိႏိုင္မွာ ျဖစ္ေပမယ့္ TENAA မွာေပၚလာတဲ့အခ်က္အလက္ေတြအရေတာ့ OnePlus 6 ဟာအေတာ္ေကာင္းမြန္တဲ့ ဖုန္းတစ္လုံးျဖစ္မွာပါ။ TENAA ရဲ႕အတည္ျပဳထုတ္ေဖာ္ခ်က္ေတြအရ Snapdragon 845 ပရိုဆက္ဆာကို သုံးစြဲလာမွာျဖစ္ၿပိီး မူကြဲေတြထြက္ေပၚလာမွာပါ။  4x 2.7 GHz Kryo 385 Gold နဲ႔ 4x 1.7 GHz Kryo Silver cores တို႔ျဖစ္ႏိုင္ၿပီး  Adreon 630 GPU နဲ႔အတူ 6GB of RAM ကိုသုံးလာမွာျဖစ္ပါတယ္။ အျမင့္စားဗားရွင္းကိုေတာ့ 8GB RAM ျဖစ္မွာပါ။ အခ်က္အလက္သိုေလွာင္ႏိုင္စြမ္းမွာေတာ့  64GB (သို႔) 128GB ဆိုၿပီးေရြးႏိုင္မွာပါ။ Display  6.28″ လက္မနဲ႔အတူ1080×2280 pixel resolution ေဖာ္ျပႏိုင္စြမ္းရွိမွာရွိၿပီး မ်က္ႏွာျပင္အခ်ိဳးကေတာ့ 19:9 ျဖစ္မွာပါ။

ကင္မရာပိုင္းမွာေတာ့ 20MP + 16MP ကိုဦးစားေပးထည့္သြင္းလာမွာျဖစ္ၿပီး အေရွ႕ဘက္ကင္မရာကေတာ့ 16MP ျဖစ္မွာပါ။ ဖုန္းရဲ႕အရြယ္အစားကေတာ့ 155.7×75.35×7.75 ျဖစ္ၿပီး အေလးခ်ိန္ 177 g ရွိမွာျဖစ္ပါတယ္။

Unicode Version

ယခုလအတွင်းမှာ One Plus 6 စမတ်ဖုန်းသစ်ကို မိတ်ဆက်ပေးတော့မှာ ဖြစ်ပါတယ်။ သိုပေမယ့်သူနဲ့ပတ်သတ်တဲ့ အချက်အလက်တွေကတော့ တိကျစွာထွက်ရှိလာခြင်းမရှိသေးပါဘူး။ ဒီနေ့မှာ One Plus 6 မှာပါဝင်မယ်လို့ သေချာစေတဲ့အချက်အလက်တွေ TENAA မှာပေါ်ထွက်လာခဲ့ပါတယ်။ တရုတ်နိုင်ငံမှာ စမတ်ဖုန်းရောင်းတော့မယ့်ဆိုရင် TENAA မှာစာရင်းတင်သွင်းမှသာ ရနိုင်ပါလိမ့်မယ်။ အခုတော့ TENAA ကိုတင်လိုက်တဲ့ ဖုန်းအသစ်ရဲ့အချက်အလက်တွေဟာ ဖုန်းအသစ်မှာ ပါဝင်ဖို့သေချာသလောက်ရှိသွားပါပြီ။

ယခုလ၁၆ရက်နေ့မိတ်ဆက်မယ့်ပွဲမှာမှ ဖုန်းအသစ်နဲ့ပတ်သတ်တဲ့အချက်အလက်တွေ တိကျသေချာစွာ သိရှိနိုင်မှာ ဖြစ်ပေမယ့် TENAA မှာပေါ်လာတဲ့အချက်အလက်တွေအရတော့ OnePlus 6 ဟာအတော်ကောင်းမွန်တဲ့ ဖုန်းတစ်လုံးဖြစ်မှာပါ။ TENAA ရဲ့အတည်ပြုထုတ်ဖော်ချက်တွေအရ Snapdragon 845 ပရိုဆက်ဆာကို သုံးစွဲလာမှာဖြစ်ပြီး မူကွဲတွေထွက်ပေါ်လာမှာပါ။  4x 2.7 GHz Kryo 385 Gold နဲ့ 4x 1.7 GHz Kryo Silver cores တို့ဖြစ်နိုင်ပြီး  Adreon 630 GPU နဲ့အတူ 6GB of RAM ကိုသုံးလာမှာဖြစ်ပါတယ်။ အမြင့်စားဗားရှင်းကိုတော့ 8GB RAM ဖြစ်မှာပါ။ အချက်အလက်သိုလှောင်နိုင်စွမ်းမှာတော့  64GB (သို့) 128GB ဆိုပြီးရွေးနိုင်မှာပါ။ Display  6.28″ လက်မနဲ့အတူ1080×2280 pixel resolution ဖော်ပြနိုင်စွမ်းရှိမှာရှိပြီး မျက်နှာပြင်အချိုးကတော့ 19:9 ဖြစ်မှာပါ။

ကင်မရာပိုင်းမှာတော့ 20MP + 16MP ကိုဦးစားပေးထည့်သွင်းလာမှာဖြစ်ပြီး အရှေ့ဘက်ကင်မရာကတော့ 16MP ဖြစ်မှာပါ။ ဖုန်းရဲ့အရွယ်အစားကတော့ 155.7×75.35×7.75 ဖြစ်ပြီး အလေးချိန် 177 g ရှိမှာဖြစ်ပါတယ်။

Leave a Reply