Razer Gaming Phone ကို MMAS တွင်ဝယ်ယူရရှိနိုင်

0
788

ဂိမ်းဝါသနာရှင်တွေအတွက် Razer Gaming Phone (Gold Edition) တွေ Myanmar Mobile App Store (MMAS) မှာ ပစ္စည်းပြန်ရောက်ပါတယ်ခင်ဗျာ။

Price – 1,005,000 ks

Razer Phone ဟာ Gamer တွေအတွက်တကယ့် Powerhouse Smartphone တစ်လုံးပါ။
Gaming Laptop တွေမှာနာမည်ကြီးလှတဲ့ Razer ရဲ့ပွဲဦးထွက်စမတ်ဖုန်းကလည်း Gamer တွေအတွက်ကိုပဲ အဓိကရည်ရွယ်ထားပါတယ်။

ဒီဖုန်းမှာအဓိက အားသာချက်ကတော့ ရုပ်ထွက် နဲ့ အသံပိုင်းဆိုင်ရာပဲဖြစ်ပါတယ်။ Razer Phone မှာ ကမ္ဘာ့ပထမဆုံးအနေနဲ့ Screen refresh rate 120 Hz ထိရှိတဲ့ 5.7 လက်မအရွယ် IGZO LCD Display (1440×2560 resolution) ကိုတပ်ဆင်ထားတာပါ။ လက်ရှိ အခြားထိပ်တန်းစမတ်ဖုန်းတွေဖြစ်တဲ့ Galaxy Note 8 တို့ဘာတို့မှာဆိုရင် Screen refresh rate အနေနဲ့ 60 Hz ထိပဲရှိပါတယ်။


120 Hz Display အကြောင်းဆက်ရမယ်ဆိုရင် လွန်ခဲ့တဲ့နှစ်တွေတုန်းက ဖုန်းထုတ်လုပ်သူတွေဟာ ဖုန်းရဲ့ Display မှာ Pixel ပိုများတဲ့အပိုင်းကိုပဲအဓိကထားခဲ့ကြတာပါ။ ဥပမာ- ၂၀၁၄ ခုနှစ်မှာ LG ကစမတ်ဖုန်းတွေအတွက် QHD Display (2K Display) ကိုစတင်ခဲ့ပြီးနောက် Sony ကလည်း 4K Display တပ်ဆင်ထားတဲ့စမတ်ဖုန်းတွေကိုထုတ်လုပ်ခဲ့ပါတယ်။ လက်ရှိထိပ်တန်းစမတ်ဖုန်းတော်တော်များများကတော့ QHD Display အဆင့်လောက်ကိုပဲအဓိကအသုံးပြုလာကြပါပြီ။ QHD အဆင့်ကိုမှ တစ်ချို့ဖုန်းတွေမှာ LCD Panel ၊ အချို့ဖုန်းတွေမှာ AMOLED Panel စသဖြင့် Display အသုံးပြုထားတာတော့ကွာဦးမှာပေါ့။ အခု Razer ကတော့ အခြားထိပ်တန်းစမတ်ဖုန်းတွေလိုပဲ QHD အဆင့် DISPLAY ကိုအသုံးပြုထားတာပါ။ ဒါပေမယ့် ဘာကွာသွားလဲဆိုတော့ Razer Phone ရဲ့ Display ကတော့ ဖုန်းတစ်လုံးအတွက် အလွန်အံ့အားသင့်ဖွယ် refresh rate ဖြစ်တဲ့ 120 Hz (120 frames per second) အထိပါဝင်လို့ပါပဲ။
အပေါ်မှာပြောခဲ့သလိုပဲ သူ့ရဲ့ Screen refresh rate က အခြားထိပ်တန်းစမတ်ဖုန်းတွေရဲ့ Screen refresh rate 60 Hz ထက် ၂ ဆရှိပါတယ်။ 60 Hz ဆိုတာကတော့ 60 frame per second လို့ဆိုလိုခြင်းဖြစ်ပြီး ၁ စက္ကန့်အတွင်း frame အခု ၆၀ တစ်ခုပြီးတစ်ခုဆက်တိုက်ပြသပေးဖို့အထိ Handle လုပ်ပေးနိုင်ပါတယ်။ (Frame ၁ ခုမှာ လှုပ်ရှားမှုပုံရိပ်တစ်ခုပါတယ်လို့အကြမ်းဖျဉ်းအားဖြင့်မှတ်ယူလိုက်ပါ။ ) စမတ်ဖုန်းတစ်လုံးအနေနဲ့ဆိုရင်တော့ 60 Hz ကတော်တော်ကြီး ရုပ်ထွက်ဖော်ပြမှု motion ဖော်ပြမှုချောမွေ့မှုအပိုင်းမှာ အတော်ကြီး smooth ဖြစ်နေပြီလို့ဆိုရမှာပါ။ ဒါဆိုရင် 120 Hz refresh rate ပါတဲ့ Razer စမတ်ဖုန်း Display ရဲ့ Animation ဖော်ပြပေးနိုင်မှု smooth ဖြစ်မှုအပိုင်းက ဘယ်လောက်ထိကောင်းမယ်ဆိုတာ သိနိုင်ပါလိမ့်မယ်။

iPhone X , Samsung Galaxy note 8 တို့နဲ့ webpage တွေကို ယှဉ်ပြီး Scroll လုပ်ကြည့်တာကို Slo-mo video အနေနဲ့ရိုက်ထားပြီး ပြန်ယှဉ်ကြည့်တဲ့အခါမှာလည်း iPhone X နဲ့ Note 8 တို့က Scroll လုပ်နေတဲ့အချိန်မှာ အနည်းငယ်လေးထစ်ငေါ့မှုရှိပြီး smooth မဖြစ်တာလေးကိုတွေ့ရပါတယ်။ Razer phone နဲ့ webpage တွေကိုအထက်အောက် scroll လုပ်နေချိန်မှာတော့ လုံးဝနီးပါး smooth ဖြစ်တဲ့ရလဒ်ကိုလည်း အံ့အားသင့်ဖွယ်မြင်ရပါတယ်။ ဒီစမ်းသပ်ချက်ကို 60 fps Slo-mo အနေအထားမှာစမ်းသပ်ထားတာဖြစ်တဲ့အတွက် 60 fps Slo-mo အနှေးရိုက်အနေအထားနဲ့ Video ပုံရိပ်ဖမ်းယူရိုက်ကူးမှုမှာ 120 Hz refresh rate ရှိတဲ့ Razer Phone ရဲ့ Display ပေါ်မှာ scroll ဆွဲ ၊ Animation အကူးအပြောင်းဖြစ်နေစဉ် smooth မဖြစ်တာကိုမမြင်တွေ့နိုင်အောင် ဖြစ်သွားရတာလည်းပါ ပါတယ်။
Screen refresh rate ကိုစိတ်ကြိုက်သတ်မှတ်ထားနိုင်တဲ့ mode လည်းပါဝင်ပါတယ်။ Default refresh rate အနေနဲ့ကတော့ 90 Hz ဖြစ်ပြီး Maximum smoothness အနေနဲ့ 120 ထိမြှင့်နိုင်တာပါ။


လက်ရှိမှာတော့ Android ဂိမ်းတော်တော်များများက 60 Frame per second စံနှုန်းနဲ့ပဲရေးဆွဲထုတ်လုပ်ထားကြပေမယ့် နောက်ထွက်လာမယ့် ဂိမ်းအသစ်တွေနဲ့နာမည်ကြီးဂိမ်းတချို့ဖြစ်တဲ့ endless snowboarder Alto’s Adventure, MOBA Arena of Valor နဲ့ Final Fantasy XV Pocket Edition တို့ရဲ့ နောက်ထွက်လာမယ့် ဂိမ်း update တွေမှာတော့ 120 FPS အထိ support လုပ်မှာဖြစ်လို့ Razer Phone ပေါ်မှာ ဘယ်လိုတောင်အရသာရှိရှိဆော့ကစားနိုင်မလဲဆိုတာ ရင်ခုန်ဖွယ်ရာပါပဲ။
ဖုန်းရဲ့ setting ထဲမှာ Game Booster feature လည်းထည့်သွင်းပေးထားပြီး ဂိမ်းကစားနေစဉ်မှာ ဖုန်းဝင်မလာအောင်တားဆီးပေးတာ ၊ ပါဝါသုံးစွဲမှုပိုင်းဆိုင်ရာနဲ့ Performance ပိုင်းဆိုင်ရာတွေကိုချိန်ညှိနိုင်ပါတယ်။
ဖုန်းရဲ့ Processor အနေနဲ့ Snapdragon 835 Chipset ကိုအသုံးပြုထားပြီး GPU အနေနဲ့ ကတော့ Adreno 540 ဖြစ်ပါတယ်။
အခြားထိပ်တန်းစမတ်ဖုန်းတွေက ဘေးဘောင် ၊ အထက်အောက်ဘောင်နေရာလွတ်တွေကို ပိုမိုကျဉ်းမြောင်းလာဖို့ ဒီဇိုင်းထုတ်လာကြချိန်မှာ Razer Phone မှာတော့ အထက် ၊ အောက် ဘောင်နေရာတွေက Sony ဖုန်းတွေလိုပဲ နေရာယူနေဆဲပါပဲ။ ဒါပေမယ့် Sony နဲ့မတူတဲ့အချက်ကတော့ Razer က သူ့ဖုန်းရဲ့အထက် ၊ အောက် နေရာတွေကို ဒီအတိုင်းနေရာလွတ်နေတာမျိုးမဟုတ်ဘဲ ဖုန်းရဲ့အထက် ၊ အောက်နေရာ ၂ ခုစလုံးမှာ Dual Front-facing Stereo Speaker တွေကိုသိသာထင်ရှားစွာတပ်ဆင်ထားတာပါ။ Dolby Atmos (Dolby 5.1) စနစ်ကိုအထောက်အပံ့ပေးတဲ့ Speaker စနစ်တွေဖြစ်ပြီး လက်တွေ့စမ်းသပ်ကြည့်ရာမှာတော့ ဗီဒီယိုကြည့်နေချိန် ၊ ဂိမ်းကစားနေချိန်၊ သီချင်းနားထောင်နေချိန်မှာ ကြားသိခံစားရတဲ့ အသံရလဒ်ကတော့ အလွန်ကိုကောင်းမွန်ပါတယ်။


Razer Phone မှာ 8 GB LPDDR4X RAM ကိုအသုံးပြုပေးထားပါတယ်။ ဒါ့အပြင် ဘက်ထရီပမာဏအနေနဲ့ 4000 mAh battery ကိုအသုံးပြုပေးထားတဲ့အတွက် တစ်နေကုန် စိတ်ကြိုက်ဂိမ်းဆော့ပေတော့ပါပဲ ။ အဆင့်မြင့်စမတ်ဖုန်းတွေထဲမှာတော့ ဘက်ထရီပမာဏအများဆုံးပါဝင်လာတဲ့ ဖုန်းတစ်လုံးလည်းဖြစ်ခဲ့ပါပြီ။ အမြန်အားသွင်းမှုစနစ်အနေနဲ့ တစ်နာရီအတွင်း ၈၅ ရာခိုင်နှုန်းအထိအားဖြည့်ပေးနိုင်တဲ့ Quick charge 4.0+ နည်းပညာလည်းပါဝင်ပါတယ်။ Quick Charge 4.0+ နည်းပညာကိုပထမဆုံးစတင်ထည့်သွင်းပေးထားတဲ့ စမတ်ဖုန်းလည်းဖြစ်ပါတယ်။
Camera ပိုင်းအနေနဲ့ကတော့ ဖုန်းရဲ့ နောက်ဘက်ခြမ်းမှာ 12 MP Camera ၂ လုံး (12 MP (f/1.8, 25mm) + 12 MP (f/2.6), 2x optical zoom, phase detection autofocus, dual-LED dual-tone flash) ထည့်သွင်းပေးထားပါတယ်။ Dual Camera ၂ လုံးထဲမှာ ၁ လုံးကတော့ Tele Lens ပါ။ ရှေ့ဘက်ခြမ်းမှာတော့ 8 MP Camera အသုံးပြုပေးထားပါတယ်။
အားနည်းချက်တွေအနေနဲ့ကတော့ Headphone jack မပါဝင်ပါဘူး ။ ရေစိမ်ခံစနစ်လည်းမပါဝင်ပါဘူး။ Wireless အားသွင်းစနစ်လည်းမပါဝင်ပါဘူး။ ဖုန်းရဲ့ Touch မျက်နှာပြင်ကိုလည်း Gorilla Glass 3 မှန်အမျိုးအစားနဲ့ဖုံးအုပ်ထားပါတယ်။
Razer Phone ရဲ့ Display ဟာ HDR-10 ကိုလည်း Support လုပ်တဲ့အတွက် Netflix ရဲ့ HDR ရုပ်ထွက်နဲ့ Videos တွေကိုလည်း ကောင်းကောင်းကြီးကြည့်နိုင်ပါဦးမယ်။
ဂိမ်းဝါသနာရှင်တစ်ယောက် ၊ ဂိမ်းနဲ့ပတ်သက်တဲ့ ပစ္စည်းအလန်းတွေ ၊ Razer Products တွေကို ကြိုက်နှစ်သက်သူ၊ ဝယ်ယူလေ့ရှိသူတစ်ယောက်အတွက်ကတော့ ဒီဖုန်းဟာဝယ်ယူချင်စရာအတိဖြစ်နေမှာ သေချာပါတယ်။

Razer Gaming Phone ကို Myanmar Mobile App Store (MMAS) မှာ 1,005,000 ကျပ်ဖြင့်ဝယ်ယူရရှိနိင်ပါပြီ။

MMAS Mobile Phone နှင့် Spareparts အမျိုးမျိုးဖြန့်ချိရေးတွင်
°~°~°~°~°~°~°~°~°~°~°~°
⛱ မိုဘိုင်းဖုန်း Accessories အမျိုးမျိုး
⛱ ဖုန်းပြုပြင်အပိုပစ္စည်းအစိတ်ပိုင်းမျိုးစုံ ၊
⛱ ဖုန်းပြုပြင်ပစ္စည်းကရိယာမျိုးစုံ ကို လက်လီလက္ကား ဝယ်ယူရရှိနိုင်ပါသည်။
နယ်မြို့အသီးသီးမှမှာယူမှုများအတွက်လည်းကားဂိတ်မှတဆင့်ပို့ဆောင်ပေးနေပါတယ်ခင်ဗျာ။
MMAS Phone Sparepart Distribution
၈၄ လမ်း ၊ ၃၃x၃၄ လမ်းကြား ၊ မန္တလေးမြို့
09794555888, 09974555888

Leave a Reply