Dual VoLTE ေထာက္ပံ့မႈရရွိေတာ့မယ့္ Nokia 7 Plus

0
2177

HMD အေနနဲ႔ မၾကာေတာ့မယ္အခိ်န္မွာ Nokia 7 Plus စမတ္ဖုန္းကို dual VoLTE ေထာက္ပံ့မႈရရွိေတာ့မယ္လို႔ အတည္ျပဳေျပာၾကားလုိက္ပါတယ္။ အဆိုပါအတည္ျပဳခ်က္ကို HMD ရဲ႕ထုတ္ကုန္ပိုင္းဆိုင္ရာ အႀကီးအကဲျဖစ္တဲ့ ဂ်ဳဟိုဆာဗီကတ္က သုံးစြဲသူတစ္ေယာက္ရဲ႕ Twitter မွာေမးျမန္းခ်က္ကို ေျဖၾကားလိုက္တာျဖစ္ပါတယ္။ ဒီလုပ္ေဆာင္ခ်က္ေၾကာင့္ 7 Plus အသုံးျပဳတဲ့သူေတြဟာ ဆင္းကတ္၂ခုလုံးကေန 4G LTE ကိုအသုံးျပဳႏိုင္မွာျဖစ္ပါတယ္။ ဝမ္းနည္းစရာေကာင္းတာကေတာ့ အဆိုပါေထာက္ပံ့မႈကို ဘယ္အခ်ိန္မွာေပးသြားမယ္ဆိုတာကို မေျပာၾကားသြားတာပါ။ လက္ရွိစမတ္ဖုန္းေတြ အၿပိဳင္အဆိုင္ထြက္ရွိေနမႈအရေတာ့ ယခုလအတြင္းျဖစ္ႏိုင္ေျခရွိပါတယ္။

Nokia 7 Plus ကို သတၱဳကိုယ္ထည္ျဖင့္ တည္ေဆာက္ထားပါတယ္။ ၆ လက္မ Full HD+ Display နဲ႔အတူ မ်က္ႏွာျပင္ ေဘးေဘာင္မ်ားဟာ အလြန္ပါးလႊာၿပီး ေထာင့္စြန္းမ်ားဟာ လံုး၀ိုင္းပါတယ္။ Physical Keys မ်ားအားလံုးကို ဖုန္းရဲ႕ ညာဘက္ျခမ္းမွာ တပ္ဆင္ထားပါတယ္။ လက္ေဗြရာ အာရံုခံ ကိရိယာကို အေနာက္ဘက္မွာ တပ္ဆင္ထားပါတယ္။ အေနာက္ ကင္မရာ ႏွစ္လံုးတပ္ဆင္ထားပါတယ္။ 12 MP (f/1.8, 1.4µm) နဲ႔ 13 MP (f/2.6, 1.0µm) မ်ား ျဖစ္ပါတယ္။ အေရွ႕ဘက္မွာ 16MP Camera တစ္လံုး ပါပါတယ္။ ကင္မရာေတြမွာ Zeiss optics ေထာက္ပံ့မႈပါဝင္ပါတယ္။

သူ႔မွာ Snapdragon 660 Octa-Core Chipset ထည့္သြင္းထားပါတယ္။  64GB Internal Storage ထည့္သြင္းထားၿပီး microSD Card စိုက္ႏုိင္ပါတယ္။ 3800mAh Battery ကို အေသတပ္ဆင္ထားပါတယ္။ လွ်င္ျမန္စြာ အားသြင္းႏုိင္တဲ့ နည္းပညာ ပါပါတယ္။ SIM Slot တစ္ခုကို microSD Card နဲ႔ မွ်ေ၀ သံုးႏုိင္ပါတယ္။ 4GB RAM နဲ႔ 6GB RAM မ်ား ေရြးခ်ယ္ႏုိင္ပါတယ္။  Android One Phone ျဖစ္တဲ့အတြက္ Android 8.0 Oreo ကို အေျချပဳထားတဲ့ Android One Os ျဖစ္ပါတယ္။

Unicode Version

HMD အနေနဲ့ မကြာတော့မယ်အချိန်မှာ Nokia 7 Plus စမတ်ဖုန်းကို dual VoLTE ထောက်ပံ့မှုရရှိတော့မယ်လို့ အတည်ပြုပြောကြားလိုက်ပါတယ်။ အဆိုပါအတည်ပြုချက်ကို HMD ရဲ့ထုတ်ကုန်ပိုင်းဆိုင်ရာ အကြီးအကဲဖြစ်တဲ့ ဂျုဟိုဆာဗီကတ်က သုံးစွဲသူတစ်ယောက်ရဲ့ Twitter မှာမေးမြန်းချက်ကို ဖြေကြားလိုက်တာဖြစ်ပါတယ်။ ဒီလုပ်ဆောင်ချက်ကြောင့် 7 Plus အသုံးပြုတဲ့သူတွေဟာ ဆင်းကတ်၂ခုလုံးကနေ 4G LTE ကိုအသုံးပြုနိုင်မှာဖြစ်ပါတယ်။ ဝမ်းနည်းစရာကောင်းတာကတော့ အဆိုပါထောက်ပံ့မှုကို ဘယ်အချိန်မှာပေးသွားမယ်ဆိုတာကို မပြောကြားသွားတာပါ။ လက်ရှိစမတ်ဖုန်းတွေ အပြိုင်အဆိုင်ထွက်ရှိနေမှုအရတော့ ယခုလအတွင်းဖြစ်နိုင်ခြေရှိပါတယ်။

Nokia 7 Plus ကို သတ္တုကိုယ်ထည်ဖြင့် တည်ဆောက်ထားပါတယ်။ ၆ လက်မ Full HD+ Display နဲ့အတူ မျက်နှာပြင် ဘေးဘောင်များဟာ အလွန်ပါးလွှာပြီး ထောင့်စွန်းများဟာ လုံးဝိုင်းပါတယ်။ Physical Keys များအားလုံးကို ဖုန်းရဲ့ ညာဘက်ခြမ်းမှာ တပ်ဆင်ထားပါတယ်။ လက်ဗွေရာ အာရုံခံ ကိရိယာကို အနောက်ဘက်မှာ တပ်ဆင်ထားပါတယ်။ အနောက် ကင်မရာ နှစ်လုံးတပ်ဆင်ထားပါတယ်။ 12 MP (f/1.8, 1.4µm) နဲ့ 13 MP (f/2.6, 1.0µm) များ ဖြစ်ပါတယ်။ အရှေ့ဘက်မှာ 16MP Camera တစ်လုံး ပါပါတယ်။ ကင်မရာတွေမှာ Zeiss optics ထောက်ပံ့မှုပါဝင်ပါတယ်။

သူ့မှာ Snapdragon 660 Octa-Core Chipset ထည့်သွင်းထားပါတယ်။  64GB Internal Storage ထည့်သွင်းထားပြီး microSD Card စိုက်နိုင်ပါတယ်။ 3800mAh Battery ကို အသေတပ်ဆင်ထားပါတယ်။ လျှင်မြန်စွာ အားသွင်းနိုင်တဲ့ နည်းပညာ ပါပါတယ်။ SIM Slot တစ်ခုကို microSD Card နဲ့ မျှေ၀ သုံးနိုင်ပါတယ်။ 4GB RAM နဲ့ 6GB RAM များ ရွေးချယ်နိုင်ပါတယ်။  Android One Phone ဖြစ်တဲ့အတွက် Android 8.0 Oreo ကို အခြေပြုထားတဲ့ Android One Os ဖြစ်ပါတယ်။

Leave a Reply