iOS 11.3မှာ iPhone 7 Microphone တွေအလုပ်မလုပ်ဘူးဖြစ်နေလား
0
2275
Zawgyi Version
Unicode Version
Warranty မရှိတော့ရင်တောင်မှ လဲပေးမယ်လို့ သိရပါတယ်။
iOS 11.3 မှာ microphone အဆင်မပြေဖြစ်နေတဲ့ iPhone 7 နဲ့ iPhone 7 Plus ပိုင်ရှင်တွေအတွက် သတင်းကောင်းပါပဲ။ Apple က ဒီကိစ္စကို နားလည်ပေးမှာပါ။
အပြစ်တင်မှုတွေကို သေချာနားထောင်ပြီးတော့ ချက်ချင်းဆိုသလို feedback တွေပေးနေတာကလည်း ချီးကျူးရမှာပါပဲ။ ဒါပေမယ့်လည်း တရားဝင်မပြောမချင်းတော့ ဘယ်သူက စိတ်ချလက်ချနေနိုင်မှာတဲ့လဲ။
Apple Authorized Service Providers တွေဆီကို Tim Cook ကနေပြီးတော့ iPhone 7/7 Plus ပိုင်ရှင်တွေမှာ ဒီလိုအခက်အခဲတွေဖြစ်နေရင် အဆင်ပြေအောင်လုုပ်ပေးဖို့ပြောလိုက်ပါပြီ။ ဖုန်းဆက်ချိန်တိုင်းမှာ speaker button မီးခိုးရောင်ပြောင်းသွားတာမျိုးပေါ့။
speaker mode ကို မဝင်ဖို့အတွက် ပြောထားပါတယ်။ ဒါပမယ့်လည်း အချို့ကဖုန်းပြောရင် မသုံးဘဲမနေတတ်တာရယ်၊ FaceTime call မှာ အသုံးပြုချင်တာရယ်တွေလည်း ရှိနေပါတယ်။ Apple က Apple Authorized Service Providers တွေကို Bluetooth ပစ္စည်းတွေနဲ့ အသုံးမပြုဖို့၊ audio accessories တွေဖြုတ်ထားကြည့်ဖို့ ပြောထားပါတယ်။ ဒီလိုဆိုရင် အဆင်ပြေသွားနိုင်သလားကြည့်ခိုင်းတာပါ။ အဆင်မပြေဘူးဆိုရင်တော့ iOS 11.3 ကြောင့်ဆိုတာ သေချာသွားပါပြီ။
Apple Authorized Service Providers တွေက Apple ရဲ့ လမ်းညွှန်ချက်တွေအတိုင်း လုပ်ဆောင်ရမှာပါ။ dock ကို မသိတော့တာမျိုး၊ accessory တွေကို ထောက်ပံ့ခြင်းမရှိတော့တာမျိုးဆိုရင်တော့ ပြင်ဆင်ခွင့်ရရှိမှာဖြစ်ပါတယ်။ iPhone 7 နဲ့ 7 Plus ပိုင်ရှင်တွေက warranty ရှိနေရင် အဆင်ပြေပါတယ်။ ဒါပေမယ့် warranty ကုန်သွားတဲ့သူတွေအတွက်ပါ စဉ်းစားပြီးတော့ ပြင်ဆင်ခွင့်ပေးလိုက်ပါပြီ။
ဘာကြောင့်ဖြစ်နေရသလဲဆိုတဲ့ တရားဝင်အကြောင်းပြချက်ကတော့ Apple ဆီကနေ ထွက်ပေါ်မလာသေးပါဘူး။ iPhone 7 နဲ့ iPhone 7 Plus ပိုင်ရှင်တွေကတော့ authorized reseller ဆီကိုသွားတာဖြစ်ဖြစ်၊ Apple Genius Bar နဲ့တိုက်ရိုက်ချိတ်ဆက်လိုက်တာဖြစ်ဖြစ် လုပ်နိုင်ပါပြီ။
Leave a Reply