၁၅ရက္ေန႔လန္ဒန္မွာ မိတ္ဆက္သြားမယ့္ Huawei Honor 10

0
2041

Huawei အေနနဲ႔ Honor 10 စမတ္ဖုန္းကို  ပထမဦးဆုံး အေနနဲ႔ တရုတ္ႏိုင္ငံမွာ မိတ္ဆက္ၿပီးသြားပါၿပီ။ အခုသူတုိ႔ရဲ႕
Global Launch ကိုေတာ့ ယခုလ ၁၅ရက္ေန႔မွာ လန္ဒန္ၿမိဳ႕မွာ က်င္းပသြားမွာ ျဖစ္ပါတယ္။ Honor 10 ဟာ P20 လိုမ်ိဴး Flagship စမတ္ဖုန္းေတြကို ေစ်းသက္သက္သာသာနဲ႔ ဝယ္ယူ အသုံးျပဳႏိုင္ေအာင္ ေျပာင္းလဲ ထုတ္လုပ္ထားတဲ့ စမတ္ဖုန္းဘဲ ျဖစ္ပါတယ္။ အားသာခ်က္လို႔ဆိုႏိုင္တာကေတာ့ P20 Series မွာ အသုံးျပဳထားတဲ့ HiSilicon Kirin 970 Proecssor ကို Honor 10 မွာ ထည့္သြင္း အသုံးျပဳထားျခင္း ျဖစ္ပါတယ္။

မ်က္ႏွာျပင္ ၅.၈၄ လက္မ မ်က္ႏွာျပင္အက်ယ္ရွိတဲ့ IPS LCD Display ကို အသုံးျပဳထားၿပီး 19:9
Aspect Ratio ျဖစ္ပါတယ္။ Resolution က 1080 x 2280 pixels ပါဝင္ၿပီး
Pixel density ကေတာ့ 432ppi ရွိပါမယ္။ ပရိုဆက္ဆာအပိုင္းမွာ Huawei ရဲ႕ ကိုယ္ပိုင္
Processor ျဖစ္တဲ့ Kirin 970 ကို ထည့္သြင္းေပးထားပါတယ္။ RAM အေနနဲ႔ 4GB ပါဝင္ၿပီး
အခ်က္အလက္သိုေလွာင္ႏိုင္စြမ္းကေတာ့  64GB နဲ႔ 128GB ဆိုၿပီး ၂မ်ိဴး ေ႐ြးခ်ယ္ဝယ္ယူႏိုင္မွာ ျဖစ္ပါတယ္။

Software အပိုင္းမွာေတာ့ Android 8.1 Oreo ကို Customize လုပ္ထားတဲ့
EMUI 8.1 နဲ႔ ပြဲထြက္လာတာ ျဖစ္ပါတယ္။ f/1.8 Aperture ပါဝင္တဲ့ 16MP ကင္မရာ ၁လုံးနဲ႔
24MP ကင္မရာ ၁လုံးတို႔ကို ေက်ာဘက္မွာ အလ်ားလိုက္ တပ္ဆင္ထားတာ ျဖစ္ပါတယ္။ Selfie ႐ိုက္ဖို႔အတြက္ f/2.0 Aperture ပါဝင္တဲ့ 24MP ကင္မရာကို ေရွ႕ဘက္မ်က္ႏွာျပင္မွာ တပ္ဆင္ထားပါတယ္။ ေက်ာဘက္ ကင္မရာက 4K ဗီဒီယိုမ်ားကို ႐ိုက္ကူးႏိုင္ၿပီး ေရွ႕ဘက္ကင္မရာကေတာ့ 1080p ဗီဒီယိုမ်ားကို ႐ိုက္ကူးႏိုင္မွာ ျဖစ္ပါတယ္။
Honor 10 မွာ တပ္ဆင္ထားတဲ့ ကင္မရာေတြဟာ Artificial Intelligence (AI)
နည္းပညာ ပါဝင္တဲ့အတြက္ မ်က္ႏွာကို ပိုမိုေခ်ာေမြ႕လာေအာင္ အလိုအေလ်ာက္ ျပင္ဆင္ေပးပါလိမ့္မယ္။

ဘက္ထရီ သိုေလွာင္မႈ ပမာဏ 3400mAh ပါဝင္ၿပီး 4.5A Fast Charge စနစ္လည္း ရရွိမွာ
ျဖစ္ပါတယ္။ Honor 10 ရဲ႕ အျမန္အားသြင္း စနစ္ဟာ ၂၅မိနစ္အတြင္းမွာ ၅၀% ထိ အားသြင္းႏိုင္မွာ ျဖစ္တယ္လို႔ သိရပါတယ္။ ဒါ့အျပင္ Fingerprint Sensor ပါဝင္တဲ့ Home Button ကို ထည့္သြင္းထားၿပီး Face Unlock စနစ္လည္း အသုံးျပဳႏိုင္မွာ ျဖစ္ပါတယ္။ Honor 10 ကို အေရာင္ေတြ အေနနဲ႔ Mirage Purple, Mirage Blue, Black နဲ႔
Grey ဆိုၿပီး အေရာင္ ၄မ်ိဴး ေ႐ြးခ်ယ္ဝယ္ယူႏိုင္မွာ ျဖစ္ပါတယ္။

Unicode Version

Huawei အနေနဲ့ Honor 10 စမတ်ဖုန်းကို  ပထမဦးဆုံး အနေနဲ့ တရုတ်နိုင်ငံမှာ မိတ်ဆက်ပြီးသွားပါပြီ။ အခုသူတို့ရဲ့
Global Launch ကိုတော့ ယခုလ ၁၅ရက်နေ့မှာ လန်ဒန်မြို့မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။ Honor 10 ဟာ P20 လိုမျိူး Flagship စမတ်ဖုန်းတွေကို ဈေးသက်သက်သာသာနဲ့ ဝယ်ယူ အသုံးပြုနိုင်အောင် ပြောင်းလဲ ထုတ်လုပ်ထားတဲ့ စမတ်ဖုန်းဘဲ ဖြစ်ပါတယ်။ အားသာချက်လို့ဆိုနိုင်တာကတော့ P20 Series မှာ အသုံးပြုထားတဲ့ HiSilicon Kirin 970 Proecssor ကို Honor 10 မှာ ထည့်သွင်း အသုံးပြုထားခြင်း ဖြစ်ပါတယ်။

မျက်နှာပြင် ၅.၈၄ လက်မ မျက်နှာပြင်အကျယ်ရှိတဲ့ IPS LCD Display ကို အသုံးပြုထားပြီး 19:9
Aspect Ratio ဖြစ်ပါတယ်။ Resolution က 1080 x 2280 pixels ပါဝင်ပြီး
Pixel density ကတော့ 432ppi ရှိပါမယ်။ ပရိုဆက်ဆာအပိုင်းမှာ Huawei ရဲ့ ကိုယ်ပိုင်
Processor ဖြစ်တဲ့ Kirin 970 ကို ထည့်သွင်းပေးထားပါတယ်။ RAM အနေနဲ့ 4GB ပါဝင်ပြီး
အချက်အလက်သိုလှောင်နိုင်စွမ်းကတော့  64GB နဲ့ 128GB ဆိုပြီး ၂မျိူး ရွေးချယ်ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။

Software အပိုင်းမှာတော့ Android 8.1 Oreo ကို Customize လုပ်ထားတဲ့
EMUI 8.1 နဲ့ ပွဲထွက်လာတာ ဖြစ်ပါတယ်။ f/1.8 Aperture ပါဝင်တဲ့ 16MP ကင်မရာ ၁လုံးနဲ့
24MP ကင်မရာ ၁လုံးတို့ကို ကျောဘက်မှာ အလျားလိုက် တပ်ဆင်ထားတာ ဖြစ်ပါတယ်။ Selfie ရိုက်ဖို့အတွက် f/2.0 Aperture ပါဝင်တဲ့ 24MP ကင်မရာကို ရှေ့ဘက်မျက်နှာပြင်မှာ တပ်ဆင်ထားပါတယ်။ ကျောဘက် ကင်မရာက 4K ဗီဒီယိုများကို ရိုက်ကူးနိုင်ပြီး ရှေ့ဘက်ကင်မရာကတော့ 1080p ဗီဒီယိုများကို ရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။
Honor 10 မှာ တပ်ဆင်ထားတဲ့ ကင်မရာတွေဟာ Artificial Intelligence (AI)
နည်းပညာ ပါဝင်တဲ့အတွက် မျက်နှာကို ပိုမိုချောမွေ့လာအောင် အလိုအလျောက် ပြင်ဆင်ပေးပါလိမ့်မယ်။

ဘက်ထရီ သိုလှောင်မှု ပမာဏ 3400mAh ပါဝင်ပြီး 4.5A Fast Charge စနစ်လည်း ရရှိမှာ
ဖြစ်ပါတယ်။ Honor 10 ရဲ့ အမြန်အားသွင်း စနစ်ဟာ ၂၅မိနစ်အတွင်းမှာ ၅၀% ထိ အားသွင်းနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် Fingerprint Sensor ပါဝင်တဲ့ Home Button ကို ထည့်သွင်းထားပြီး Face Unlock စနစ်လည်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Honor 10 ကို အရောင်တွေ အနေနဲ့ Mirage Purple, Mirage Blue, Black နဲ့
Grey ဆိုပြီး အရောင် ၄မျိူး ရွေးချယ်ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။

Leave a Reply