LG V35 ThinQ ရဲ႕ ဒီဇုိင္းဓာတ္ပံုမ်ား ေပါက္ၾကားလာ

0
1687

LG V35 ThinQ  ထြက္ရွိလာမယ္ဆိုတာကေတာ့ ဟုတ္ပါတယ္ ဒါေပမယ့္သူနဲ႔ပတ္သတ္တဲ့အခ်က္အလက္ေတြကို ေတာ့ တိက်စြာ ထုတ္ေဖာ္ေျပာၾကားျခင္းမရွိေသးပါဘူး။ စမတ္ဖုန္း ထုတ္လုပ္ေရာင္းခ်မႈမွာ ပိုမိုအာရုံစိုက္လာတဲ့ LG အေနနဲ႔ ယခုႏွစ္အတြင္းေနာက္ထပ္ စမတ္ဖုန္းသစ္တလုံးကို မိတ္ဆက္သြားအုံးမယ္ဆုိတာ ေသခ်ာေနပါတယ္။ အခုေတာ့ အဲ့ဒီဖုန္းနဲ႔ပတ္သတ္တဲ့ အခ်က္အလက္အနည္းငယ္ကို သိရွိရၿပီ ျဖစ္ပါတယ္။

အေမရိကန္ဆက္သြယ္ေရးကုမၸဏီ AT&T အေနနဲ႔လက္ရွိအခ်ိန္မွာ အသစ္ထြက္ထားတဲ့ LG G7 ThinQ ကုိ ေရာင္းခ်သြားမွာ မဟုတ္ပါဘူ။ ဒါေပမယ့္ AT%T ဟာ ယခုႏွစ္ ေႏွာင္းပုိင္းအတြက္ ျပင္ဆင္ထားၿပီး ျဖစ္ပါတယ္။ AT&T ဟာ ယခုႏွစ္ေႏွာင္းပုိင္းမွာ ထြက္လာမယ့္ LG V35 ThinQ ကုိ ေရာင္းခ်သြားမွာ ျဖစ္ပါတယ္။

ယေန႔မွာ LG V35 ThinQ ရဲ ႕ ဓာတ္ပံုမ်ားေပါက္ၾကားလာခဲ့ပါၿပီ။ ယခု ေပါက္ၾကားလာတဲ့ ဓာတ္ပံုမွာ AT&T ဆိုၿပီး တယ္လီကြန္းအမည္ကုိ ေဖာ္ျပထားတာေၾကာင့္ ယင္းမွာ ေရာင္းခ်လာမယ္လုိ႔ ေရးေနၾကတာ ျဖစ္ပါတယ္။

LG V35 ThinQ မွာ LG V30s ThinQ လုိပဲ ေက်ာဘက္ကင္မရာႏွစ္ခု ပါ၀င္လာပါမယ္။ မ်က္ႏွာျပင္ ၆ လက္မရွိၿပီး Quad HD+ ႐ုပ္ထြက္ႏွင့္ ေထာက္ပံ့လာပါမယ္။ ဒီဖုန္းကုိ Snapdragon 845 ႏွင့္အထုိင္ခ်လာဖုိ႔ ရွိေနၿပီး RAM6GB ပါ၀င္ဖုိ႔ ရွိပါတယ္။

လက္ရွိအခ်ိန္မွာ LG V35 ThinQ ႏွင့္ပတ္သက္ၿပီး ဒီေလာက္ပဲ ေျပာႏုိင္ပါေသးတယ္။ ဒီဖုန္းကုိ ၾသဂုတ္လမွာ မိတ္ဆက္လာဖို႔ ရွိေနၿပီး မၾကာမီကာလအတြင္းမွာ ဒီဖုန္းနဲ႔ပတ္သက္ၿပီး သတင္းေတြအမ်ားႀကီး ထြက္လာဖို႔ ရွိပါတယ္။

Unicode Version

LG V35 ThinQ  ထွက်ရှိလာမယ်ဆိုတာကတော့ ဟုတ်ပါတယ် ဒါပေမယ့်သူနဲ့ပတ်သတ်တဲ့အချက်အလက်တွေကို တော့ တိကျစွာ ထုတ်ဖော်ပြောကြားခြင်းမရှိသေးပါဘူး။ စမတ်ဖုန်း ထုတ်လုပ်ရောင်းချမှုမှာ ပိုမိုအာရုံစိုက်လာတဲ့ LG အနေနဲ့ ယခုနှစ်အတွင်းနောက်ထပ် စမတ်ဖုန်းသစ်တလုံးကို မိတ်ဆက်သွားအုံးမယ်ဆိုတာ သေချာနေပါတယ်။ အခုတော့ အဲ့ဒီဖုန်းနဲ့ပတ်သတ်တဲ့ အချက်အလက်အနည်းငယ်ကို သိရှိရပြီ ဖြစ်ပါတယ်။

အမေရိကန်ဆက်သွယ်ရေးကုမ္ပဏီ AT&T အနေနဲ့လက်ရှိအချိန်မှာ အသစ်ထွက်ထားတဲ့ LG G7 ThinQ ကို ရောင်းချသွားမှာ မဟုတ်ပါဘူ။ ဒါပေမယ့် AT%T ဟာ ယခုနှစ် နှောင်းပိုင်းအတွက် ပြင်ဆင်ထားပြီး ဖြစ်ပါတယ်။ AT&T ဟာ ယခုနှစ်နှောင်းပိုင်းမှာ ထွက်လာမယ့် LG V35 ThinQ ကို ရောင်းချသွားမှာ ဖြစ်ပါတယ်။

ယနေ့မှာ LG V35 ThinQ ရဲ့ ဓာတ်ပုံများပေါက်ကြားလာခဲ့ပါပြီ။ ယခု ပေါက်ကြားလာတဲ့ ဓာတ်ပုံမှာ AT&T ဆိုပြီး တယ်လီကွန်းအမည်ကို ဖော်ပြထားတာကြောင့် ယင်းမှာ ရောင်းချလာမယ်လို့ ရေးနေကြတာ ဖြစ်ပါတယ်။

LG V35 ThinQ မှာ LG V30s ThinQ လိုပဲ ကျောဘက်ကင်မရာနှစ်ခု ပါဝင်လာပါမယ်။ မျက်နှာပြင် ၆ လက်မရှိပြီး Quad HD+ ရုပ်ထွက်နှင့် ထောက်ပံ့လာပါမယ်။ ဒီဖုန်းကို Snapdragon 845 နှင့်အထိုင်ချလာဖို့ ရှိနေပြီး RAM6GB ပါဝင်ဖို့ ရှိပါတယ်။

လက်ရှိအချိန်မှာ LG V35 ThinQ နှင့်ပတ်သက်ပြီး ဒီလောက်ပဲ ပြောနိုင်ပါသေးတယ်။ ဒီဖုန်းကို သြဂုတ်လမှာ မိတ်ဆက်လာဖို့ ရှိနေပြီး မကြာမီကာလအတွင်းမှာ ဒီဖုန်းနဲ့ပတ်သက်ပြီး သတင်းတွေအများကြီး ထွက်လာဖို့ ရှိပါတယ်။

Leave a Reply