၂၀၁၈ ရဲ႕ ကမာၻ႕ေရာင္းအားအေကာင္းဆံုးစမတ္ဖုန္း 2017 iPhone X

0
2141

Zawgyi Version

ေလ့လာသူေတြနဲ႕ ခန္႕မွန္းသူအေတာ္မ်ားမ်ားက iPhone X ေရာင္းအားကို က်သြားမယ္လို႕ ေျပာခဲ့သလို၊ ခန္႕မွန္းထားတဲ့အေရာင္းအားကို မရႏုိင္ဘူးလို႕ ေျပာဆိုခဲ့ၾကပါတယ္။

Apple ရဲ႕ ေရာင္းအားထြက္ေပၚလာျပီးေနာက္မ်ာေတာ့ ဒါေတြက မမွန္ဘူးဆိုတာကို သလိုက္ရပါတယ္။ iPhone X ရဲ႕ ေရာင္းအားဟာ ၂၀၁၈  အတြင္းမွာ ဘယ္ေလာက္ေအာင္ျမင္ခဲ့သလဲဆိုတာကို Strategy Analytics ေက်းဇူးနဲ႕သိျမင္ခြင့္ရလိုက္ပါျပီ။

၂၀၁၈ ပထမဆံုးသံုးလအတြင္းမွာ iPhone X ဟာ ကမာၻ႕ေရာင္းအားအေကာင္းဆံုးလို႕ ေျပာလိုက္ရံုသာမက iPhone 8 နဲ႕ iPhone 8 Plus ဟာလည္း ဒုတိယ၊ တတိယေနရာကို ရယူထားတယ္လို႕ပါ ေျပာလုိက္ပါတယ္။

သတင္းေကာင္းကေတာ့ ေရာင္းအားအေကာင္းဆံုးပစၥည္းေလးမ်ိဳးစလံုးက Apple ဆီမွာ ရွိေနတာပါပဲ။ iPhone 7 ကလည္း သူ႕ရဲ႕ေစ်းကြက္ကိုထိန္းထားႏုိင္တုန္းပါပဲ။ Xiaomi Redmi 5A နဲ႕ Samsung Galaxy S9 ကေတာ့ နံပါတ္ငါးနဲ႕ နံပါတ္ေျခာက္ေနရာကို ယူထားပါတယ္။ iPhone အလံုးေရ ၅၂.၂သန္းကို ၂၀၁၈ အတြင္းမွာေရာင္းရတယ္လို႕ သိရပါျပီးေတာ့ iPhone X ကေတာ့ ေမာ္ဒယ္လ္အားလံုးထဲမွာ အမ်ားဆံုးျဖစ္ပါတယ္။

လက္ရွိအခ်ိန္အထိ ကမာၻ႕လူၾကိဳက္အမ်ားဆံုးစမတ္ဖုန္းေနရာမွာလည္း ရပ္တည္ေနေသးတယ္ဆိုေတာ့ အေျပာင္းအလဲေတာင္ ရွိလာပါ့မလား။ iPhone X ကို လမ္းေၾကာင္းမ်ိဳးုစံုနဲ႕ တြန္းပို႕ေနလို႕ ဒီလိုျဖစ္ရပ္ေတြ ၾကံဳေတြ႕လာရတာျဖစ္ပါတယ္။ သံုးစြဲသူေတြကလည္း edge-to-edge ဒီဇိုင္း၊ Face ID ၊ TrueDepth camera system ေတြကို ၾကိဳက္ႏွစ္သက္တာလည္း ပါ၀င္ပါတယ္။ Animoji ေလးကလည္း သူတို႕ရဲ႕အသံနဲ႕ ရုပ္အမူအယာကို 3D animated character ေလးဖန္တီးခြင့္ေပးထားေတာ့ မၾကိဳက္တဲ့သူရွိမတဲ့လား။

လက္ရွိလေတြမွာေတာ့ ဘယ္လိုအေျခအေနေတြေျပာင္းလဲလာမလဲဆိုတာကေတာ့ အေတာ္ေလးစိတ္၀င္စားစရာေကာင္းမွာပါ။

Unicode Version

လေ့လာသူတွေနဲ့ ခန့်မှန်းသူအတော်များများက iPhone X ရောင်းအားကို ကျသွားမယ်လို့ ပြောခဲ့သလို၊ ခန့်မှန်းထားတဲ့အရောင်းအားကို မရနိုင်ဘူးလို့ ပြောဆိုခဲ့ကြပါတယ်။
Apple ရဲ့ ရောင်းအားထွက်ပေါ်လာပြီးနောက်မျာတော့ ဒါတွေက မမှန်ဘူးဆိုတာကို သလိုက်ရပါတယ်။ iPhone X ရဲ့ ရောင်းအားဟာ ၂၀၁၈ အတွင်းမှာ ဘယ်လောက်အောင်မြင်ခဲ့သလဲဆိုတာကို Strategy Analytics ကျေးဇူးနဲ့သိမြင်ခွင့်ရလိုက်ပါပြီ။
၂၀၁၈ ပထမဆုံးသုံးလအတွင်းမှာ iPhone X ဟာ ကမ္ဘာ့ရောင်းအားအကောင်းဆုံးလို့ ပြောလိုက်ရုံသာမက iPhone 8 နဲ့ iPhone 8 Plus ဟာလည်း ဒုတိယ၊ တတိယနေရာကို ရယူထားတယ်လို့ပါ ပြောလိုက်ပါတယ်။
သတင်းကောင်းကတော့ ရောင်းအားအကောင်းဆုံးပစ္စည်းလေးမျိုးစလုံးက Apple ဆီမှာ ရှိနေတာပါပဲ။ iPhone 7 ကလည်း သူ့ရဲ့ဈေးကွက်ကိုထိန်းထားနိုင်တုန်းပါပဲ။ Xiaomi Redmi 5A နဲ့ Samsung Galaxy S9 ကတော့ နံပါတ်ငါးနဲ့ နံပါတ်ခြောက်နေရာကို ယူထားပါတယ်။ iPhone အလုံးရေ ၅၂.၂သန်းကို ၂၀၁၈ အတွင်းမှာရောင်းရတယ်လို့ သိရပါပြီးတော့ iPhone X ကတော့ မော်ဒယ်လ်အားလုံးထဲမှာ အများဆုံးဖြစ်ပါတယ်။
လက်ရှိအချိန်အထိ ကမ္ဘာ့လူကြိုက်အများဆုံးစမတ်ဖုန်းနေရာမှာလည်း ရပ်တည်နေသေးတယ်ဆိုတော့ အပြောင်းအလဲတောင် ရှိလာပါ့မလား။ iPhone X ကို လမ်းကြောင်းမျိုးုစုံနဲ့ တွန်းပို့နေလို့ ဒီလိုဖြစ်ရပ်တွေ ကြုံတွေ့လာရတာဖြစ်ပါတယ်။ သုံးစွဲသူတွေကလည်း edge-to-edge ဒီဇိုင်း၊ Face ID ၊ TrueDepth camera system တွေကို ကြိုက်နှစ်သက်တာလည်း ပါဝင်ပါတယ်။ Animoji လေးကလည်း သူတို့ရဲ့အသံနဲ့ ရုပ်အမူအယာကို 3D animated character လေးဖန်တီးခွင့်ပေးထားတော့ မကြိုက်တဲ့သူရှိမတဲ့လား။
လက်ရှိလတွေမှာတော့ ဘယ်လိုအခြေအနေတွေပြောင်းလဲလာမလဲဆိုတာကတော့ အတော်လေးစိတ်ဝင်စားစရာကောင်းမှာပါ။

Leave a Reply