‘Winner’ နဲ႕ ‘Beyond’ လို႕အမည္ေပးထားတဲ့ Galaxy ဖုန္းမ်ားကို ဆမ္ေဆာင္းလုပ္ေဆာင္ေန

0
1953

Zawgyi Version

Samsung Galaxy S9 နဲ႕ S9+ ျပီးေနာက္မွာ ေနာက္ထပ္ေမဂ်ာစမတ္ဖုန္းႏွစ္လံုးကို ထုတ္ျပဖုိ႕အတြက္ လုပ္ေဆာင္ေနပါတယ္။ Galaxy Note 9 နဲ႕ ေခါက္စမတ္ဖုန္းတစ္လံုးလည္း ထြက္လာႏုိင္ဖို႕ရွိေနပါတယ္။ Note 9 ကိုေတာ့ ခန္႕မွန္းခ်က္ေပါင္းမ်ားစြာ ထြက္ေပၚခဲ့ျပီးပါျပီ။ ေနာက္ႏွစ္မွာ ထြက္ရွိလာမယ့္ ေခါက္ႏုိင္တဲ့စမတ္ဖုန္းဒါမွမဟုတ္ Galaxy S10 အေၾကာင္းလည္း နည္းနည္းၾကားထားပါတယ္။ ရိုးရိုးသားသား၀န္ခံရမယ္ဆုိုရင္ ဒီႏွစ္အတြက္ေတာ့ ေခါက္စမတ္ဖုန္းေလးက မေသခ်ာေသးပါဘူး။ လက္ရွိမွာ လုပ္ေဆာင္ေနဆဲျဖစ္လို႕ ထြက္လာမယ္ဆိုရင္ေတာင္ မယံုၾကည္ရတဲ့အေနအထားမွာ ရွိေနပါတယ္။

အဲဒီေခါက္စမတ္ဖုန္းေလးအတြက္ code name အသစ္ေလးကို ဆမ္ေဆာင္းဆီက ၾကားထားပါတယ္။ ‘FoldableBPON’ ဆိုတာေလးကို “foldable phone” လို႕ ဘာသာျပန္လိုက္လို႕ရလား။ B ဆိုတာ Bixby ကိုေျပာတာမ်ားလား။ ႏို၀င္ဘာမွာထြက္လာေလာက္မယ္လို႕ လူေတြက ရင္ခုန္ေနေပမယ့္လည္း ေနာက္ႏွစ္ Mobile World Congress ေလာက္ကို ေရာက္သြားႏုိင္ပါတယ္။ အဲဒီဖုန္းကို ‘Winner’ လို႕အမည္ေပးထားပါတယ္။ ဒါေၾကာင့္ ေအာင္ႏုိင္သူဒီဇုိင္းေတြနဲ႕မ်ား ထြက္ေပၚလာႏုိင္မွာလား။

Winner ဆိုတဲ့ ေခါက္စမတ္ဖုန္းေလးအျပင္ Galaxy S10 လည္း ရွိေနပါတယ္။ 10th Anniversary Galaxy S10 ကိုေတာ့ ‘Beyond’ လို႕နာမည္ေပးထားပါတယ္။ ဒီေတာ့ စမတ္ဖုန္းလုပ္ငန္းေတြ လုပ္ေဆာင္ႏုိင္တဲ့နယ္ပယ္အလြန္က စမတ္ဖုန္းေလးမ်ား ျဖစ္လာမွာလား။ on-screen fingerprint sensor ပါ၀င္လာမလားဆိုတာလည္း ေမွ်ာ္လင့္ေနခ်င္ပါတယ္။ 3D sensing camera ပါမယ္လို႕လည္း ေျပာေနၾကပါတယ္။

‘Beyond’ နဲ႕ သာလြန္ျပီးေတာ့ ‘Winner’ နဲ႕ အႏုိင္ယူမွာလား။ ေျပာဖို႕ေစာေနပါေသးတယ္။ Note 9 မွာ in-display fingerprint sensor ပါ၀င္လာမလားဆိုတာ သိခ်င္ေနမိပါတယ္။

Unicode Version

Samsung Galaxy S9 နဲ့ S9+ ပြီးနောက်မှာ နောက်ထပ်မေဂျာစမတ်ဖုန်းနှစ်လုံးကို ထုတ်ပြဖို့အတွက် လုပ်ဆောင်နေပါတယ်။ Galaxy Note 9 နဲ့ ခေါက်စမတ်ဖုန်းတစ်လုံးလည်း ထွက်လာနိုင်ဖို့ရှိနေပါတယ်။ Note 9 ကိုတော့ ခန့်မှန်းချက်ပေါင်းများစွာ ထွက်ပေါ်ခဲ့ပြီးပါပြီ။ နောက်နှစ်မှာ ထွက်ရှိလာမယ့် ခေါက်နိုင်တဲ့စမတ်ဖုန်းဒါမှမဟုတ် Galaxy S10 အကြောင်းလည်း နည်းနည်းကြားထားပါတယ်။ ရိုးရိုးသားသားဝန်ခံရမယ်ဆိုရင် ဒီနှစ်အတွက်တော့ ခေါက်စမတ်ဖုန်းလေးက မသေချာသေးပါဘူး။ လက်ရှိမှာ လုပ်ဆောင်နေဆဲဖြစ်လို့ ထွက်လာမယ်ဆိုရင်တောင် မယုံကြည်ရတဲ့အနေအထားမှာ ရှိနေပါတယ်။
အဲဒီခေါက်စမတ်ဖုန်းလေးအတွက် code name အသစ်လေးကို ဆမ်ဆောင်းဆီက ကြားထားပါတယ်။ ‘FoldableBPON’ ဆိုတာလေးကို “foldable phone” လို့ ဘာသာပြန်လိုက်လို့ရလား။ B ဆိုတာ Bixby ကိုပြောတာများလား။ နိုဝင်ဘာမှာထွက်လာလောက်မယ်လို့ လူတွေက ရင်ခုန်နေပေမယ့်လည်း နောက်နှစ် Mobile World Congress လောက်ကို ရောက်သွားနိုင်ပါတယ်။ အဲဒီဖုန်းကို ‘Winner’ လို့အမည်ပေးထားပါတယ်။ ဒါကြောင့် အောင်နိုင်သူဒီဇိုင်းတွေနဲ့များ ထွက်ပေါ်လာနိုင်မှာလား။
Winner ဆိုတဲ့ ခေါက်စမတ်ဖုန်းလေးအပြင် Galaxy S10 လည်း ရှိနေပါတယ်။ 10th Anniversary Galaxy S10 ကိုတော့ ‘Beyond’ လို့နာမည်ပေးထားပါတယ်။ ဒီတော့ စမတ်ဖုန်းလုပ်ငန်းတွေ လုပ်ဆောင်နိုင်တဲ့နယ်ပယ်အလွန်က စမတ်ဖုန်းလေးများ ဖြစ်လာမှာလား။ on-screen fingerprint sensor ပါဝင်လာမလားဆိုတာလည်း မျှော်လင့်နေချင်ပါတယ်။ 3D sensing camera ပါမယ်လို့လည်း ပြောနေကြပါတယ်။
‘Beyond’ နဲ့ သာလွန်ပြီးတော့ ‘Winner’ နဲ့ အနိုင်ယူမှာလား။ ပြောဖို့စောနေပါသေးတယ်။ Note 9 မှာ in-display fingerprint sensor ပါဝင်လာမလားဆိုတာ သိချင်နေမိပါတယ်။

Leave a Reply