Wear OS ရဲ့ Google Assistant မှာ function ပိုစုံလင်လာပြီ

0
1447

Zawgyi Version






Unicode Version

Wear OS ကို ထုတ်လုပ်သူတွေက နည်းနည်းလောက်သာ သဘောကျပေမယ့်လည်း Google ကတော့ သူ့ရဲ့ OS ကို တိုးတက်ကောင်းမွန်အောင် လုပ်ဆောင်နေပါတယ်။ နောက်ဆုံးထွက်ထားတဲ့ batch မှာ တိုးတက်အောင်လုပ်ဆောင်ထားတာကတော့ Google Assistant ဖြစ်ပါတယ်။
အရင်တုန်းကကြေညာထားတဲ့ လုပ်ဆောင်ချက်တွေက အခုဆိုရင် Wear OS ကို ရောက်လာပါပြီ။ ဒါကြောင့် third-party devices နဲ့ apps တွေကို အသံနဲ့ထိန်းချုပ်ခိုင်းစေနိုင်တော့မှာ ဖြစ်ပါတယ်။
နောက်တစ်ခုက smart suggestions တွေကိုလည်း ထည့်သွင်းပေးထားပါတယ်။ မေးခွန်းကိုမေးလိုက်တာနဲ့ Assistant က အဖြေပေးမှာ ဖြစ်ပါတယ်။ တစ်ချက်လောက်နှိပ်လိုက်တာနဲ့ နောက်ထပ် conversation တွေကိုလည်း suggestion တွေ မြင်တွေ့ရမှာဖြစ်ပါတယ်။ ထားပါတော့ ဒီနေ့ရာသီဥတုကို မေးလိုက်တယ်ဆိုရင် တစ်ပတ်စာရောကြည့်ဦးမလား မေးမြန်းတာမျိုးပေါ့။
နောက်ဆုံးအနေနဲ့ built in speaker ဒါမှမဟုတ် Bluetooth audio device နဲ့လည်း အသံတွေကို ကြားရဦးမှာဆိုတော့ display ကိုကြည့်ပြီး ဖတ်နေစရာမလိုအပ်တော့ဘူးပေါ့။
အဲဒီ feature အသစ်တွေက ဒီနေ့မှာပဲ ထုတ်ပေးလိုက်တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း လူတိုင်းရဖို့အတွက်ဆိုရင်တော့ ရက်အနည်းငယ်လောက် ကြာဦးမှာပါ။

Leave a Reply