Snapchat က ၁၅၀ ဒေါ်လာတန် စမတ် မျက်မှန်ကို ရောင်းချ

0
1485

Snapchat က စမတ် နေကာမျက်မှန် အသစ်တစ်ခုကို မိတ်ဆက်လိုက်ပါတယ်။ စမတ် မျက်မှန်ဆိုပေမယ့် ပုံမှန် အရွယ်အစားသာ ရှိတဲ့အတွက် ၀တ်ဆင်ထားရင် ဖက်ရှင်ကျနေမှာပါ။ ရေစိုခံနိုင်တဲ့အတွက် ရေကူးကန်တို့၊ ပင်လယ်ကမ်းခြေတို့ သွားရင် အိုကေပါတယ်။ မိုးရေထဲမှာလည်း ၀တ်ဆင်ထားနိုင်ပါတယ်။ ကင်မရာပါပြီး ဓါတ်ပုံနဲ့ ဗီဒီယိုများကို ရိုက်ကူးနိုင်ပါတယ်။

“ သင့် ဘ၀ရဲ့ အမှတ်တရများကို အလွယ်ကူ အရိုးရှင်းဆုံး ဖြစ်အောင် မှတ်တမ်းတင်ထားစေချင်တာပါ။ သင်တို့ရဲ့ ဝေဖန်ချက်များကို ဖိတ်ေါ်ပါတယ်။ သူ့ရဲ့ ထူးခြားဆန်းသစ်မှုများကို သင်တို့ သဘောကျမှာပါ။ “ လို့ ကုမ္ပဏီက ရေးသားထားပါတယ်။

သူဟာ ဒုတိယ မျိုးဆက် ဖြစ်ပြီး အသံအရည်အသွး တိုးတက်လာပါတယ်။ မျက်မှန်ကိုင်းရဲ့ ဘယ်ဘက်မှ ခလုတ်ကို နှိပ်၍ စက္ကန့် ၃၀ ကြာ ဗီဒီယိုများ ရိုက်ကူးနိုင်ပါတယ်။ အဲဒီ ခလုတ်ကို ဖိထားရင် ဓါတ်ပုံများကို ရိုက်ကူးလာနိုင်ပါတယ်။ Snapchat က Mobile App သို့ HD Video  များကို ကူးပြောင်းတဲ့ အမြန်နှုန်းဟာ ၄ ဆ ပိုမိုမြန်လာတယ်လို့ ပြောပါတယ်။ ဗီဒီယိုပေါင်း ၁၅၀ နဲ့ ဓါတ်ပုံပေါင်း ၃၀၀၀ ကို သိမ်းထားနိုင်ပါတယ်။ နေရာပြည့်သွားရင်တော့ Snapchat App သို့ ကူးပြောင်းနိုင်ပါတယ်။ Snapchat က အမေရိကန်မှ စားသုံးသူများအတွက် Lensabl နဲ့ ပူးပေါင်း၍ ပါဝါပါတဲ့ မော်ဒယ်များကို ထုတ်လုပ်ရောင်းချပေးနေပါတယ်။ အမေရိကန်၊ ဗြိတိန်၊ ကနေဒါနဲ့ ပြင်သစ်တို့မှာ မှာယူနိုင်ပြီ ဖြစ်ပြီး ၁၅၀ ဒေါ်လာ သတ်မှတ်ထားပါတယ်။

Leave a Reply