ေမလ၁၀ရက္ေန႕မွာမိတ္ဆက္ေတာ့မယ့္ XIAOMI REDMI S2

0
1756

တရားဝင္မွတ္ပုံတင္မႈေတြ ရရွိခဲ့ၿပီးတဲ့ေနာက္မွာေတာ့ XIAOMI REDMI S2 ကိုတရားဝင္မိတ္ဆက္မယ့္ရက္ ထြက္ေပၚလာခဲ့ပါၿပီ။ Xiaomi ရဲ႕တရားဝင္ Weibo ဆိုက္မွာအသစ္မိတ္ဆက္ဖုန္းနဲ႔ ပတ္သတ္ၿပီးေၾကာ္ျငာတိုေလးတစ္ခုကို ျဖန္႔ခ်ိလိုက္တာပဲျဖစ္ပါတယ္။ အသစ္ထြက္ေပၚလာတဲ့ ေၾကာ္ျငာတိုေလးဟာ တတိယေျမာက္ျဖစ္ၿပီး အေစာပိုင္း၂ခုထြက္ေပၚလာတုန္းက အခ်က္အလက္အနည္းငယ္ျပသထားပါတယ္။ ကုမၸဏီရဲ႕ Redmi မိုဘိုင္း Weibo အေကာင့္ကေနတဆင့္ ေနာက္ဆုံးေပၚေၾကာ္ျငာကို တိုက္ရိုက္တင္ေပးလိုက္တာျဖစ္ပါတယ္။ အဆိုပါဗီဒီယိုမွာ Redmi S2 ကို မတ္လ၁၀ရက္ေန႔မွာ မိတ္ဆက္သြားေတာ့မယ္ဆိုတာကို အတည္ျပဳလို႔ရသြားပါၿပီ။

အဆိုပါေၾကာ္ျငာမွာ အသစ္ထြက္လာမယ့္ Redmi S2 နဲ႔ပတ္သတ္တဲ့ အခ်က္အလက္အျပည့္အစုံကို ေဖာ္ျပထားျခင္းမရွိေပမယ့္ Sစီးရီးဖုန္းအသစ္ဆိုတာကေတာ့ ေသခ်ာသြားပါၿပီ။ ဘာေၾကာင့္လဲဆိုရင္ ေၾကာ္ျငာမွာ Redmi S2/ Redmi S စီးရဲ႕ဖုန္းေတြကိုအၿမဲေၾကာ္ျငာေပးလ်က္ရွိေနတဲ့ တရုတ္မင္းသား Liu Haoran ကကိုင္ေဆာင္ထားတာေၾကာင့္ပါ။ Redmi S စီးရီးဖုန္းေတြဟာ selfie အသုံးျပဳစမတ္ဖုန္း ေစ်းကြက္ကို အဓိကထားၿပီး ထုတ္လုပ္ေနတဲ့ဖုန္းေတြျဖစ္ၿပီး ဖုန္းအသစ္မွာ selfie နဲ႔ပတ္သတ္တဲ့ လုပ္ေဆာင္ခ်က္ေကာင္းေတြပါဝင္လာမွာေတာ့ မလြဲပါဘဲ။ ထြက္ေပၚလာတဲ့ ေၾကာ္ျငာစာသားမွာေတာ့ ” မဂၤလာပါေမလ၁၀ရက္ေန႔မွာ Redmi S2 စမတ္ဖုန္းကိုေတြ႕ၾကရပါေတာ့မယ္” လို႔ေျပာထားပါတယ္။

Redmi S2 မွာ5.99-inch screen နဲ႔အတူ  HD+ resolution ျမင္ရမွာပါ။ ကင္မရာပိုင္းမွာေတာ့ Snapdragon 625 chip နဲ႔ 3/4GB  RAM နဲ႔ျဖစ္ပါလိမ့္မယ္။ အဓိကကင္မရာကို dual ျဖစ္ၿပီး 12MP (Sony IMX486) နဲ႔ 5MP (Samsung S5KE8) sensors တို႔ေပါင္းစပ္ပါလိမ့္မယ္။ အေရွ႕ဘက္ကင္မရာငယ္ကေတာ့ 5MP သာရွိမွာျဖစ္ၿပီး face unlock နဲ႔ portrait mode တုိ႔ကိုေထာက္ပ့ံ့ပါလိမ့္မယ္။ အျခားအခ်က္အလက္ေတြျဖစ္တဲ့ ဘက္ထရီပုိင္းမွာ 3080mAh နဲ႔အတူ MIUI9 အေျချပဳ Android 8.1 ကိုသံုးလာပါလိမ့္မယ္။ အသစ္ထြက္လာမယ့္ စမတ္ဖုန္းဟာ ေစ်းသက္သာၿပီးေတာ့ ဖုန္းမွာကင္မရာေကာင္းေကာင္းနဲ႔ ကိုင္လိုသူေတြအတြက္ကို ရည္ရြယ္ပါလိမ့္မယ္။

Unicode Version

တရားဝင်မှတ်ပုံတင်မှုတွေ ရရှိခဲ့ပြီးတဲ့နောက်မှာတော့ XIAOMI REDMI S2 ကိုတရားဝင်မိတ်ဆက်မယ့်ရက် ထွက်ပေါ်လာခဲ့ပါပြီ။ Xiaomi ရဲ့တရားဝင် Weibo ဆိုက်မှာအသစ်မိတ်ဆက်ဖုန်းနဲ့ ပတ်သတ်ပြီးကြော်ငြာတိုလေးတစ်ခုကို ဖြန့်ချိလိုက်တာပဲဖြစ်ပါတယ်။ အသစ်ထွက်ပေါ်လာတဲ့ ကြော်ငြာတိုလေးဟာ တတိယမြောက်ဖြစ်ပြီး အစောပိုင်း၂ခုထွက်ပေါ်လာတုန်းက အချက်အလက်အနည်းငယ်ပြသထားပါတယ်။ ကုမ္ပဏီရဲ့ Redmi မိုဘိုင်း Weibo အကောင့်ကနေတဆင့် နောက်ဆုံးပေါ်ကြော်ငြာကို တိုက်ရိုက်တင်ပေးလိုက်တာဖြစ်ပါတယ်။ အဆိုပါဗီဒီယိုမှာ Redmi S2 ကို မတ်လ၁၀ရက်နေ့မှာ မိတ်ဆက်သွားတော့မယ်ဆိုတာကို အတည်ပြုလို့ရသွားပါပြီ။

အဆိုပါကြော်ငြာမှာ အသစ်ထွက်လာမယ့် Redmi S2 နဲ့ပတ်သတ်တဲ့ အချက်အလက်အပြည့်အစုံကို ဖော်ပြထားခြင်းမရှိပေမယ့် Sစီးရီးဖုန်းအသစ်ဆိုတာကတော့ သေချာသွားပါပြီ။ ဘာကြောင့်လဲဆိုရင် ကြော်ငြာမှာ Redmi S2/ Redmi S စီးရဲ့ဖုန်းတွေကိုအမြဲကြော်ငြာပေးလျက်ရှိနေတဲ့ တရုတ်မင်းသား Liu Haoran ကကိုင်ဆောင်ထားတာကြောင့်ပါ။ Redmi S စီးရီးဖုန်းတွေဟာ selfie အသုံးပြုစမတ်ဖုန်း စျေးကွက်ကို အဓိကထားပြီး ထုတ်လုပ်နေတဲ့ဖုန်းတွေဖြစ်ပြီး ဖုန်းအသစ်မှာ selfie နဲ့ပတ်သတ်တဲ့ လုပ်ဆောင်ချက်ကောင်းတွေပါဝင်လာမှာတော့ မလွဲပါဘဲ။ ထွက်ပေါ်လာတဲ့ ကြော်ငြာစာသားမှာတော့ ” မင်္ဂလာပါမေလ၁၀ရက်နေ့မှာ Redmi S2 စမတ်ဖုန်းကိုတွေ့ကြရပါတော့မယ်” လို့ပြောထားပါတယ်။

Redmi S2 မှာ5.99-inch screen နဲ့အတူ  HD+ resolution မြင်ရမှာပါ။ ကင်မရာပိုင်းမှာတော့ Snapdragon 625 chip နဲ့ 3/4GB  RAM နဲ့ဖြစ်ပါလိမ့်မယ်။ အဓိကကင်မရာကို dual ဖြစ်ပြီး 12MP (Sony IMX486) နဲ့ 5MP (Samsung S5KE8) sensors တို့ပေါင်းစပ်ပါလိမ့်မယ်။ အရှေ့ဘက်ကင်မရာငယ်ကတော့ 5MP သာရှိမှာဖြစ်ပြီး face unlock နဲ့ portrait mode တို့ကိုထောက်ပ့ံ့ပါလိမ့်မယ်။ အခြားအချက်အလက်တွေဖြစ်တဲ့ ဘက်ထရီပိုင်းမှာ 3080mAh နဲ့အတူ MIUI9 အခြေပြု Android 8.1 ကိုသုံးလာပါလိမ့်မယ်။ အသစ်ထွက်လာမယ့် စမတ်ဖုန်းဟာ စျေးသက်သာပြီးတော့ ဖုန်းမှာကင်မရာကောင်းကောင်းနဲ့ ကိုင်လိုသူတွေအတွက်ကို ရည်ရွယ်ပါလိမ့်မယ်။

 

Leave a Reply