Notch ဖုန္းေတြကို သူအရင္စီစဥ္ခဲ့တာပါဆိုတဲ့ LG

0
1805

Zawgyi Version

Essential Phone ကေတာ့ ေစ်းကြက္ထဲမွာ notch ကို မိတ္ဆက္ခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္လည္း iPhone X ရဲ႕ဒီဇိုင္းကေတာ့ ေပါက္သြားခဲ့တာပါ။ အဲဒီေနာက္ပိုင္းမွာတာ့ notch ပါတဲ့ Android ဖုန္းေတြလည္း အမ်ားၾကီးထြက္ေပၚလာခဲ့ပါတယ္။ Huawei P20 ၊ ASUS ZenFone 5 ၊ Oppo R15 နဲ႕ အျခားဖုန္းေတြလည္း ပါ၀င္ပါတယ္။ LG G7 အသစ္ေလးမွာလည္း Notch ပါ၀င္ပါတယ္။ ဒါေပမယ့္ LG ကေတာ့ ဒီစိတ္ကူးကို အရင္ရခဲ့တာလို႕ ေျပာထားပါတယ္။

ဆိုးလ္ျမိဳ႕ရဲ႕ျပပြဲတစ္ခုမွာ LG မိုဘိုင္းလ္ပိုင္းေခါင္းေဆာင္ျဖစ္တဲ့ Hwang Jeong-hwan က အခုလိုေျပာပါတယ္။

“ကၽြန္ေတာ္တို႕က Apple ထက္ notch ဒီဇိုင္းကို အရင္စီစဥ္ခဲ့တာပါ။” သူတို႕ကေတာ့ notch လို႕ေခၚျခင္းထက္ ‘second display’ အျဖစ္နဲ႕ ထည့္ဖို႕စဥ္းစားခဲ့တာပါ။ ဘာလိုပဲေျပာေျပာပါ LG ရယ္။

အေမးအေျဖပြဲေလးမွာ စိတ္၀င္စားစရာအခ်က္ေလးေတြကိုလည္း ေဖာ္ျပခဲ့ပါတယ္။ G7 မွာ ဘာေၾကာင့္ LCD ကိုအသံုးျပဳထားသလဲလို႕ေမးလိုက္တဲ့အခ်ိန္မွာ G ဖုန္းေတြအတြက္ LCD ကို သံုးမွာျဖစ္ျပီးေတာ့ V လိုင္းေတြမွသာ OLED ကို အသံုးျပဳမွာျဖစ္ေၾကာင္း ေျပာသြားခဲ့ပါတယ္။ G7 ရဲ႕ေရာင္းအားခန္႕မွန္းခ်က္ကို ေျပာဖို႕ျငင္းခဲ့ျပီးေတာ့ “ကၽြန္ေတာ္တို႕ကေတာ့ G6 ထက္ေရာင္းအားေကာင္းဖို႕ ေမွ်ာ္လင့္ထားပါတယ္”လို႕သာ ေျဖၾကားခဲ့ပါတယ္။

LG ဟာ Animoji ကို ေထာက္ပံ့ေပးႏုိင္ဖို႕အတြက္ လုပ္ေဆာင္ေနတဲ့ပံုပါပဲ။ G7 မွာ ဘာေၾကာင့္မထည့္တာလဲလို႕ေမးတဲ့အခ်ိန္မွာ “အဲဒီ software feature ေတြကို ေနာက္မွ update လုပ္သြားႏုိင္ပါတယ္။ G7 နဲ႕ အရင္ထြက္တဲ့ေမာ္ဒယ္လ္ေတြမွာလည္း သံုးစြဲသူေတြရဲ႕ေတာင္းဆိုမႈအရ ထည့္ေပးဖို႕ စီစဥ္ထားပါတယ္။”

Unicode Version

Essential Phone ကတော့ ဈေးကွက်ထဲမှာ notch ကို မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း iPhone X ရဲ့ဒီဇိုင်းကတော့ ပေါက်သွားခဲ့တာပါ။ အဲဒီနောက်ပိုင်းမှာတာ့ notch ပါတဲ့ Android ဖုန်းတွေလည်း အများကြီးထွက်ပေါ်လာခဲ့ပါတယ်။ Huawei P20 ၊ ASUS ZenFone 5 ၊ Oppo R15 နဲ့ အခြားဖုန်းတွေလည်း ပါဝင်ပါတယ်။ LG G7 အသစ်လေးမှာလည်း Notch ပါဝင်ပါတယ်။ ဒါပေမယ့် LG ကတော့ ဒီစိတ်ကူးကို အရင်ရခဲ့တာလို့ ပြောထားပါတယ်။
ဆိုးလ်မြို့ရဲ့ပြပွဲတစ်ခုမှာ LG မိုဘိုင်းလ်ပိုင်းခေါင်းဆောင်ဖြစ်တဲ့ Hwang Jeong-hwan က အခုလိုပြောပါတယ်။
“ကျွန်တော်တို့က Apple ထက် notch ဒီဇိုင်းကို အရင်စီစဉ်ခဲ့တာပါ။” သူတို့ကတော့ notch လို့ခေါ်ခြင်းထက် ‘second display’ အဖြစ်နဲ့ ထည့်ဖို့စဉ်းစားခဲ့တာပါ။ ဘာလိုပဲပြောပြောပါ LG ရယ်။
အမေးအဖြေပွဲလေးမှာ စိတ်ဝင်စားစရာအချက်လေးတွေကိုလည်း ဖော်ပြခဲ့ပါတယ်။ G7 မှာ ဘာကြောင့် LCD ကိုအသုံးပြုထားသလဲလို့မေးလိုက်တဲ့အချိန်မှာ G ဖုန်းတွေအတွက် LCD ကို သုံးမှာဖြစ်ပြီးတော့ V လိုင်းတွေမှသာ OLED ကို အသုံးပြုမှာဖြစ်ကြောင်း ပြောသွားခဲ့ပါတယ်။ G7 ရဲ့ရောင်းအားခန့်မှန်းချက်ကို ပြောဖို့ငြင်းခဲ့ပြီးတော့ “ကျွန်တော်တို့ကတော့ G6 ထက်ရောင်းအားကောင်းဖို့ မျှော်လင့်ထားပါတယ်”လို့သာ ဖြေကြားခဲ့ပါတယ်။
LG ဟာ Animoji ကို ထောက်ပံ့ပေးနိုင်ဖို့အတွက် လုပ်ဆောင်နေတဲ့ပုံပါပဲ။ G7 မှာ ဘာကြောင့်မထည့်တာလဲလို့မေးတဲ့အချိန်မှာ “အဲဒီ software feature တွေကို နောက်မှ update လုပ်သွားနိုင်ပါတယ်။ G7 နဲ့ အရင်ထွက်တဲ့မော်ဒယ်လ်တွေမှာလည်း သုံးစွဲသူတွေရဲ့တောင်းဆိုမှုအရ ထည့်ပေးဖို့ စီစဉ်ထားပါတယ်။”

Leave a Reply