Microsoft မှ Windows 10 တွင် screenshot ရိုက်ကူးမှုလွယ်ကူအောင် ကြိုးစားနေ

0
1746

Zawgyi Version




Unicode Version

OS အသစ်လေးမှာ standalone app တွေမိတ်ဆက်ထားသလို shortcut ကောင်းကောင်းတွေကိုလည်း ထည့်သွင်းတော့မှာပါ။
Windows 10 Insider preview လေးမှာတော့ trial feature လေးတွေ အများကြီးပါဝင်လာမှာပါ။ screenshot ရိုက်ကူးနည်းအသစ်ရောပေါ့။ Screen Sketch tool ကို Windows Ink menu နောက်မှာထားလိုက်ခြင်းထက် အခုဆိုရင် standalone app အဖြစ်ပြောင်းလဲလိုက်ပါပြီ။ သုံးစွဲသူတွေအနေနဲ့ shortcut (winkey + shift + S) ကို ခေါ်ပြီးတော့ အသုံးပြုနိုင်ပါပြီ။ full screen ရိုက်ကူးမယ့်အစား ‘snipping tool’ လိုမျိုး လိုချင်တဲ့အပိုင်းကိုပဲ သိမ်းနိုင်အောင် လုပ်ဆောင်ပေးထားပါတယ်။
standard print screen functionality ကို Screen Sketch tool အသစ်လေးနဲ့ အစားထိုးနိုင်တော့မှာပါ။ Action Center ထကြ quick “screen snip” button လေးကိုလည်း အသုံးပြုနိုင်ပါသေးတယ်။ digitally-interfacing pen ရှိတဲ့သူတွေကတော့ ကလစ်တချက်နဲ့ အသုံးပြုနိုင်ဦးမှာပါ။ ဒီပြောင်းလဲမှုတွေကို feedback တွေကနေတစ်ဆင့်လုပ်ဆောင်ပေးခဲ့တာဖြစ်ပါတယ်။ ဒီတော့ ကောင်းမကောင်းဆက်ပြောပေးကြပါစို့လား။

Leave a Reply