Huawei Y9 စမတ်ဖုန်းအားသုံးသပ်ချက်

0
5214

၂ သိန်းခွဲတန်ဖုန်းတွေထဲကမှ အသစ်ထွက်ထားတာလည်းမကြာသေးတဲ့ Huawei Y9 စမတ်ဖုန်းကိုလေ့လာသုံးသပ်ဖြစ်ခဲ့ပါတယ်။ Huawei ဟာ ဒီနောက်ပိုင်းသူ့ရဲ့ Smartphone တွေကို တခြားပြိုင်ဘက်တွေနဲ့ယှဉ်ပြိုင်ဖို့ဈေးကွက်ဗျူဟာပိုင်းမှာအများကြီးပြောင်းလဲပြင်ဆင်လိုက်တာတွေ့ရပါတယ်။ ဘယ်လိုမျိုးအပိုင်းတွေမှာလဲဆိုတော့ တန်ဖိုးနည်းစမတ်ဖုန်းတွေမှာဆိုရင်လည်း ဖြစ်သလိုတော်သလိုမဟုတ်ဘဲ ဒီဇိုင်းအရရော ၊ Specification အရရော သေသေချာချာလေးတွေလုပ်လာတာမျိုး ၊ နောက်ပြီးတော့ feature စုံလင်မှု ၊ ဈေးကွက်အကြိုက်ဖြစ်သည့် ကင်မရာပိုင်းကိုအထူးဦးစားပေးလာတာ ၊ တန်ဖိုးနည်းဖုန်းတောင်မှ System ပိုင်းမှာ Android version (Latest) တွေကိုအသုံးပြုလာတာ စတဲ့အချက်တွေမြင်လာရပါတယ်။ တန်ဖိုးကြီးစမတ်ဖုန်းတွေထဲမှာဆိုရင်လည်း ဒီရက်ပိုင်း စိတ်ဝင်စားမှုအရမ်းများနေတဲ့ Huawei P20 Pro ကိုပြေးမြင်ကြည့်လို့ရပါတယ်။ သူ့ရဲ့ပြည်တွင်းပြိုင်ဘက် Xiaomi ကိုအဓိကယှဉ်ပြိုင်ဖို့ရည်ရွယ်ထားပုံပါပဲ။ 

Huawei Y9 (2018) စမတ်ဖုန်းရဲ့အဓိက Feature တွေကတော့ Battery ပမာဏအနေနဲ့ 4,000 mAh Battery ပါတာ ၊ ကင်မရာ ၄ လုံးပါတာ (ရှေ့ ၂ လုံး ၊ နောက် ၂ လုံး) ပါ။ Processor အနေနဲ့ Huawei ရဲ့ကိုယ်ပိုင် Chipset ဖြစ်တဲ့ Kirin 659 processor, RAM အနေနဲ့ 3 GB ၊ Memory Storage အနေနဲ့ 32 GB ပါဝင်ပါတယ်။  Kirin 659 Processor ဟာ Xiaomi Mi Max 2 မှာသုံးထားတဲ့ Snapdragon 625 Processor နဲ့ယှဉ်လိုက်ရင် Performance ပိုင်းမှာတော့မတိမ်းမယိမ်းအနေအထားလောက်ရှိပါတယ် (Snapdragon 625 Processor ကတော့ Overall Performance ပိုင်းမှာ အနည်းငယ်လေး ပိုမြန်ပါမယ်) ။ Camera ပိုင်းမှာဆိုရင် Selfie Camera ပိုင်းကိုဦးစားပေးတဲ့စမတ်ဖုန်းဖြစ်လို့ ရှေ့ Selfie Camera အနေနဲ့ 16 MP and 2 MP cameras တွေကိုတပ်ဆင်ပေးထားပြီး  ဖုန်းရဲ့နောက်ဘက်ခြမ်းမှာတော့ 13 MP and 2 MP Lens ၂ လုံးတပ်ဆင်ပေးထားပါတယ်။

OLYMPUS DIGITAL CAMERA

Selfie Camera အသားပေးဖြစ်လို့ ရှေ့ဘက်ခြမ်းကင်မရာတွေက နောက်ဘက်ခြမ်းကင်မရာတွေထက်ပင် Pixel ပိုများနေတာကိုတွေ့ရမှာပါ။

OLYMPUS DIGITAL CAMERA

ဒါပေမယ့်  2 MP Sensor  တွေဟာ Protrait Mode Photo တွေရိုက်ဖို့အတွက်ပဲထည့်သွင်းတည်ဆောက်ထားတာဖြစ်လို့ Portrait Mode မဟုတ်ဘဲ သာမန်ဓာတ်ပုံတွေရိုက်တဲ့အခါမှာတော့ ရှေ့၊နောက် Dual Camera တွေထဲက 13 MP နဲ့ 16 MP ကင်မရာတွေ ပဲအလုပ်လုပ်ပါမယ်။ အဓိကရိုက်ချင်တဲ့ အရာဝတ္တုကြည် ၊ ကျန်တာတွေဝါးစေတဲ့ Portrait Mode ရိုက်တဲ့အချိန်မှသာ ရှေ့ (သို့) နောက်ဘက်ခြမ်းက ကင်မရာ စုံလိုက်အလုပ်လုပ်မှာပါ။

နေ့ဘက် ကင်မရာစမ်းသပ်ချက်
နေ့ဘက် ကင်မရာစမ်းသပ်ချက်
ညဘက် ကင်မရာစမ်းသပ်ချက်
ညဘက် ကင်မရာစမ်းသပ်ချက်
ညဘက်ကင်မရာ စမ်းသပ်ချက်

နောက်ဘက်ခြမ်းကင်မရာအနေနဲ့ သာမန်ဓာတ်ပုံ ၊ ဗီဒီယိုရိုက်ကူးခြင်းအပြင် နှစ်စက္ကန့်ကြာ ဗီဒီယိုကို ရိုက်ကူးပေးပြီး GIF file အနေနဲ့ပြောင်းလဲပေးနိုင်တဲ့ Moving  Picture Mode လည်း ပါပါတယ်။ အရှေ့ ကင်မရာမှာ Portrait , Smart Face Recognition , AR Lens စတဲ့ Mode သုံးခုပါပါတယ်။ အရှေ့ ကင်မရာရဲ့ Portrait Mode မှာ နောက်ခံ မှုန်ဝါးမှုနဲ့ အလှအပကို တိုးမြှင့်ပေးတဲ့ စွမ်းရည်များ ပါပြီး လှပတဲ့ Selfie ပုံရိပ် များကို ဖမ်းယူပေးပါတယ်။

Smart Face Recognition ဟာ ဓာတ်ပုံရိုက်ခံမယ့်သူရဲ့ အသားအရေ အပေါ် မူတည်ပြီး သင့်တော်တဲ့ အလှအပ Setting များကို ရွေးချယ်ပေးပါတယ်။ AR Lens feature လည်းပါဝင်ပြီး ဒီ feature က သင့်ရဲ့ Selfie ပုံများမှာ ချစ်စရာကောင်းတဲ့ စတစ်ကာများကို ထည့်ပေးနိုင်ပါတယ်။ လက်ဖြင့် အချက်ပြပြီး ၂ စက္ကန့်အကြာမှာ  ဓါတ်ပုံ အလိုအလျှောက် ရိုက်ပေးတဲ့ စွမ်းရည်လည်း အရှေ့ ကင်မရာမှာ ပါပါတယ်။  Selfie ရိုက်ဖို့ ခလုတ်နှိပ်နေစရာမလိုတော့ပါဘူး။ Camera ပိုင်းဆိုင်ရာ software feature လေးတွေကတော့ ဖုန်းကင်မရာနဲ့ဓာတ်ပုံရိုက်ကူးလေ့ရှိသူတွေအတွက် ပိုမိုလွယ်ကူပြီး ပုံထွက်ကောင်းကောင်းအလွယ်တကူရရှိစေမယ့် အနေအထားမျိုးလေးလုပ်ပေးထားတာပါ။ 

Fingerprint Sensor ကိုတော့ဖုန်းရဲ့နောက်ဘက်ခြမ်းမှာပဲတပ်ဆင်ပေးထားပါတယ်။ Fingerprint စနစ်အပြင် မျက်နှာနဲ့ Screen Lock ဖွင့်လို့ရတဲ့ Face Unlock စနစ်လည်းပါဝင်ပါတယ်။ Huawei Y9 ဟာ Screen Size အနေနဲ့ ၅.၉  လက်မဖြစ်ပြီး Screen Resolution အနေနဲ့  1080x2160p resolution ဖြစ်လို့ Display ရုပ်ထွက်ကောင်းမွန်မှုရှိတဲ့စမတ်ဖုန်းလို့ဆိုရမှာပါ။ Android version ကလည်းမြင့်ပါတယ်။ Software System ပိုင်းအနေနဲ့ Android 8.0 Oreo ကိုအခြေခံတဲ့ EMUI 8.0 ကိုအသုံးပြုထားပါတယ်။  Processor , RAM  အနေအထားအရ ဂိမ်းဆော့ဖို့လည်း အဆင်ပြေမယ့်စမတ်ဖုန်းတစ်လုံးပါ။ အခုလတ်တလောခေတ်စားနေတဲ့ Mobile Legends, PUBG, Rules of Survival စတဲ့ဂိမ်းတွေကို ဒီဖုန်းပေါ်မှာဆော့လို့အဆင်ပြေပါတယ်။ ဒါပေမယ့် Graphic/Resolution အရမ်းကောင်းလွန်းတဲ့ဂိမ်းတွေ(ဥပမာ – Asphalt 8 ကဲ့သို့ဂိမ်း) ဆိုရင်တော့ ဆော့ရတာချောမွေ့မှုရှိမှာမဟုတ်ဘဲ သိပ်ပြီး Smooth မဖြစ်တဲ့အနေအထားတွေနဲ့ပဲ ကစားရမှာပါ။ Battery ကလည်း 4000 mAh ဆိုတော့ အချိန်ကြာဂိမ်းဆော့လို့အဆင်ပြေတဲ့ပမာဏပါပဲ။ Huawei Y9 (2018) ရဲ့ ဈေးနှုန်းကတော့ ၂၅၉၀၀၀ ကျပ် ဖြစ်ပါတယ်။

အရောင်အနေနဲ့ အနက် ၊ အပြာ နဲ့ ရွှေရောင် စတဲ့အရောင် ၃ မျိုးနဲ့ထုတ်လုပ်ပေးထားပါတယ်။

Leave a Reply