Review/Unboxing Smartphone

Huawei Y9 စမတ်ဖုန်းဗူးပါကင်အသစ်စက်စက်ကိုဖွင့်ဖောက်လေ့လာကြည့်ရအောင်


Huawei Y9 (2018) စမတ်ဖုန်းရဲ့အဓိက Feature တွေကတော့ Battery ပမာဏအနေနဲ့ 4,000 mAh Battery ပါတာ ၊ ကင်မရာ ၄ လုံးပါတာ (ရှေ့ ၂ လုံး ၊ နောက် ၂ လုံး) ပါ။ Processor အနေနဲ့ Huawei ရဲ့ကိုယ်ပိုင် Chipset ဖြစ်တဲ့ Kirin 659 processor, RAM အနေနဲ့ 3 GB ၊ Memory Storage အနေနဲ့ 32 GB ပါဝင်ပါတယ်။   Camera ပိုင်းမှာဆိုရင် Selfie Camera ပိုင်းကိုဦးစားပေးတဲ့စမတ်ဖုန်းဖြစ်လို့ ရှေ့ Selfie Camera အနေနဲ့ 13 MP and 2 MP cameras တွေကိုတပ်ဆင်ပေးထားပြီး  ဖုန်းရဲ့နောက်ဘက်ခြမ်းမှာတော့ 16 MP and 2 MP Lens ၂ လုံးတပ်ဆင်ပေးထားပါတယ်။ Fingerprint စနစ်အပြင် မျက်နှာနဲ့ Screen Lock ဖွင့်လို့ရတဲ့ Face Unlock စနစ်လည်းပါဝင်ပါတယ်။ Huawei Y9 ဟာ Screen Size အနေနဲ့ ၅.၉  လက်မဖြစ်ပြီး Screen Resolution အနေနဲ့  1080x2160p resolution ဖြစ်လို့ Display ရုပ်ထွက်ကောင်းမွန်မှုရှိတဲ့စမတ်ဖုန်းလို့ဆိုရမှာပါ။ Android version ကလည်းမြင့်ပါတယ်။ Software System ပိုင်းအနေနဲ့ Android 8.0 Oreo ကိုအခြေခံတဲ့ EMUI 8.0 ကိုအသုံးပြုထားပါတယ်။ Battery ကလည်း 4000 mAh ဆိုတော့ အချိန်ကြာဂိမ်းဆော့လို့အဆင်ပြေတဲ့ပမာဏပါပဲ။ Huawei Y9 (2018) ရဲ့ ဈေးနှုန်းကတော့ ၂၅၉၀၀၀ ကျပ် ဖြစ်ပါတယ်။ အရောင်အနေနဲ့ အနက် ၊ အပြာ နဲ့ ရွှေရောင် စတဲ့အရောင် ၃ မျိုးနဲ့ထုတ်လုပ်ပေးထားပါတယ်။

myanmarmobileapp
Myanmar Mobile App Store www.myanmarmobileapp.org

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.