Dual camera ပါဝင္တဲ့ HTC U12+ ကို ေမ ၂၃ တြင္ မိတ္ဆက္မည္

0
2029

HTC အေနနဲ႔ယခုလအတြင္းမွာ စမတ္ဖုန္းသစ္တစ္မ်ိဳးကို မိတ္ဆက္ေပးပါေတာ့မယ္။ ဌာနအႀကီးအကဲပိုင္းဆိုင္ရာ ေျပာင္းလဲမႈနဲ႔ ယခုႏွစ္ပိုင္းေတြအတြင္းမွာ မိုဘိုင္းေစ်းကြက္ေဝစုေလ်ာ႔နည္းလာမႈေတြ ျဖစ္ေပၚခဲ့ၿပီးတဲ့ေနာက္မွာေတာ့ ကုမၸဏီရဲ႕ဖုန္းသစ္ဟာ ဆန္းသစ္ျပင္ဆင္မႈေတြနဲ႔ ထြက္ရွိလာေတာ့မွာ ျဖစ္ပါတယ္။ HTC ဟာသူတို႔ဖုန္းအသစ္မိတ္ဆက္ပြဲနဲ႔ပတ္သတ္တဲ့ ေၾကာ္ျငာမွာ ဖုန္းအသစ္ရဲ႕ အစိတ္အပိုင္းေတြကို ဓာတ္ပံုတစ္ပံုထဲမွာ ထည့္သြင္းေဖာ္ျပတဲ့နည္းကို အသုံးျပဳလိုက္ပါတယ္။ 

HTC ရဲ႕အသစ္မိတ္ဆက္ေတာ့မယ့္ ဖုန္းသစ္ဟာ HTC U12+ ျဖစ္ၿပီး HTC U12 life ကိုပါတစ္ပါတည္းမိတ္ဆက္ႏုိင္ေျခရွိပါတယ္။ ပထမပုံရိပ္ထြက္ေပၚလာခ်ိန္မွာ သုံးသပ္သူေတြက HTC U12လို႔ထင္ေပမယ့္ Hardware ပိုင္းဟာလုံးဝေျပာင္းလဲမႈေတြရွိေနပါတယ္။ ထိပ္ဘက္မွာေတြ႕ရတဲ့ အရြယ္ငယ္တဲ့ ကင္မရာ module ႏွစ္ခုက အေရွ႕ဘက္ကင္မရာ ျဖစ္ႏိုင္ပါတယ္။ အရြယ္ႀကီးတဲ့ ကင္မရာ module ႏွစ္ခုက ပင္မကင္မရာ ျဖစ္ႏိုင္ပါတယ္။ ဒါ့အျပင္သူ႕မွာ ကင္မရာ၂ခုထက္ပိုတဲ့ ribbon cable အစိတ္အပိုင္း ႏွစ္ခုနဲ႔LED တစ္ခုကိုလည္း ေတြ႕ရပါတယ္။ ကင္မရာ၆ခုမ်ား တပ္ဆင္ထားမလားလို႔ စဥ္းစားစရာေတြျဖစ္လာခဲ့ပါတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ အသစ္ထြက္မယ့္ဖုန္းကေတာ့ စိတ္ဝင္စားစရာအျပည့္နဲ႔ပါ။

ေကာလာဟလသတင္းေတြကေတာ့ Snapdragon 845 chipset သံုးထားၿပီး RAM ကို 6GB ကေန 8GB အထိ ရရိွႏိုင္မယ္လို႔ ဆိုပါတယ္။ ဘက္ထရီက 3,420mAh ပါ။ ဓာတ္ပံုမွာမပါတဲ့ screen အရြယ္က ၅.၅ လက္မျဖစ္ၿပီး QHD+ resolution ျဖစ္တယ္လို႔ သိရပါတယ္။ ကင္မရာအပိုင္းမွာ ပင္မကင္မရာက 12MP + 16MP UltraPixel ကင္မရာ ျဖစ္ၿပီး အေရွ႕ဘက္ကင္မရာက 8MP + 8MP ျဖစ္ပါတယ္။ ႏွစ္ခုစလံုးမွာ OIS ပါဝင္လာမယ္လို႔ ဆိုပါတယ္။ ဒါ့အျပင္ dual hybrid tray ကိုလည္း ျပသထားတာေၾကာင့္ microSD card နဲ႔လည္း အသံုးျပဳႏိုင္မွာ ျဖစ္ပါတယ္။ USB-C port ကို ျပသထားေပမယ့္ 3.5mm နားၾကပ္ေပါက္ကိုေတာ့ မေတြ႕ရပါဘူး။

Unicode Version

HTC အနေနဲ့ယခုလအတွင်းမှာ စမတ်ဖုန်းသစ်တစ်မျိုးကို မိတ်ဆက်ပေးပါတော့မယ်။ ဌာနအကြီးအကဲပိုင်းဆိုင်ရာ ပြောင်းလဲမှုနဲ့ ယခုနှစ်ပိုင်းတွေအတွင်းမှာ မိုဘိုင်းဈေးကွက်ဝေစုလျော့နည်းလာမှုတွေ ဖြစ်ပေါ်ခဲ့ပြီးတဲ့နောက်မှာတော့ ကုမ္ပဏီရဲ့ဖုန်းသစ်ဟာ ဆန်းသစ်ပြင်ဆင်မှုတွေနဲ့ ထွက်ရှိလာတော့မှာ ဖြစ်ပါတယ်။ HTC ဟာသူတို့ဖုန်းအသစ်မိတ်ဆက်ပွဲနဲ့ပတ်သတ်တဲ့ ကြော်ငြာမှာ ဖုန်းအသစ်ရဲ့ အစိတ်အပိုင်းတွေကို ဓာတ်ပုံတစ်ပုံထဲမှာ ထည့်သွင်းဖော်ပြတဲ့နည်းကို အသုံးပြုလိုက်ပါတယ်။
HTC ရဲ့အသစ်မိတ်ဆက်တော့မယ့် ဖုန်းသစ်ဟာ HTC U12+ ဖြစ်ပြီး HTC U12 life ကိုပါတစ်ပါတည်းမိတ်ဆက်နိုင်ခြေရှိပါတယ်။ ပထမပုံရိပ်ထွက်ပေါ်လာချိန်မှာ သုံးသပ်သူတွေက HTC U12လို့ထင်ပေမယ့် Hardware ပိုင်းဟာလုံးဝပြောင်းလဲမှုတွေရှိနေပါတယ်။ ထိပ်ဘက်မှာတွေ့ရတဲ့ အရွယ်ငယ်တဲ့ ကင်မရာ module နှစ်ခုက အရှေ့ဘက်ကင်မရာ ဖြစ်နိုင်ပါတယ်။ အရွယ်ကြီးတဲ့ ကင်မရာ module နှစ်ခုက ပင်မကင်မရာ ဖြစ်နိုင်ပါတယ်။ ဒါ့အပြင်သူ့မှာ ကင်မရာ၂ခုထက်ပိုတဲ့ ribbon cable အစိတ်အပိုင်း နှစ်ခုနဲ့LED တစ်ခုကိုလည်း တွေ့ရပါတယ်။ ကင်မရာ၆ခုများ တပ်ဆင်ထားမလားလို့ စဉ်းစားစရာတွေဖြစ်လာခဲ့ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အသစ်ထွက်မယ့်ဖုန်းကတော့ စိတ်ဝင်စားစရာအပြည့်နဲ့ပါ။

ကောလာဟလသတင်းတွေကတော့ Snapdragon 845 chipset သုံးထားပြီး RAM ကို 6GB ကနေ 8GB အထိ ရရှိနိုင်မယ်လို့ ဆိုပါတယ်။ ဘက်ထရီက 3,420mAh ပါ။ ဓာတ်ပုံမှာမပါတဲ့ screen အရွယ်က ၅.၅ လက်မဖြစ်ပြီး QHD+ resolution ဖြစ်တယ်လို့ သိရပါတယ်။ ကင်မရာအပိုင်းမှာ ပင်မကင်မရာက 12MP + 16MP UltraPixel ကင်မရာ ဖြစ်ပြီး အရှေ့ဘက်ကင်မရာက 8MP + 8MP ဖြစ်ပါတယ်။ နှစ်ခုစလုံးမှာ OIS ပါဝင်လာမယ်လို့ ဆိုပါတယ်။ ဒါ့အပြင် dual hybrid tray ကိုလည်း ပြသထားတာကြောင့် microSD card နဲ့လည်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ USB-C port ကို ပြသထားပေမယ့် 3.5mm နားကြပ်ပေါက်ကိုတော့ မတွေ့ရပါဘူး။

 

Leave a Reply