မျက်လုံးအသွားအလာကိုကြည့်ပြီးတော့ personality ကိုခွဲခြားပေးနိုင်မယ့် AI အသစ်
0
1667
Zawgyi Version
Unicode Version
မျက်လုံးတွေက ဘယ်တော့မှမလိမ်တတ်ဘူးတဲ့။ gangster movie Scarface ထဲမှာ အတွေးအခေါ်ပညာရှင် တိုနီမွန်တာနာက ပြောခဲ့ဖူးတယ်။ မွန်တာနာက ဆေးဝါးရောင်းချမှုနဲ့ လူသတ်လမ်းကြောင်းကို ရွေးချယ်ခဲ့ပေမယ့်လည်း အနှစ်၃၀အကြာမှာတော့ computer interface designer ဖြစ်လာခဲ့တယ်။ ကျွန်တော်တို့ကတော့ သြစတေးလျနဲ့ဂျာမနီက သုတေသီတွေနဲ့ ပရောဂျက်တစ်ခုကိုဖန်တီးဖို့ ရွေးချယ်လိုက်ပါတယ်။ သူတို့ဟာ artificial intelligence တစ်ခုုကို ဖန်တီးခဲ့ကြပါတယ်။ သူကတော့ မျက်လုံးကိုကြည့်ပြီးတော့ လူတစ်ယောက်ရဲ့ personality ကို ခွဲခြားပေးနိုင်ပါတယ်။
“အရင်တုန်းကလုပ်ခဲ့တဲ့အလုပ်တွေရဲ့ အကြံပြုချက်အရ ကျွန်တော်တို့ရဲ့မျက်လုံးဟာ ကျွန်တော်တို့ဘယ်သူဖြစ်သလဲဆိုတာ ဖော်ပြနေတယ်လို့ သိလိုက်ရပါတယ်။”လို့ ဂျာမနီမှ Max Planck Institute for Informatics ရဲ့ ပရော်ဖက်ဆာတစ်ယောက်ဖြစ်သူ Andreas Bulling က ပြောပြပါတယ်။ “personality နဲ့ မျက်လုံးရွေ့လျားမှုရဲ့ ဆက်သွယ်မှုကိုလေ့လာတဲ့အခါမှာ personality တူသူတွေရဲ့ မျက်လုံးအသွားအလာက ဆင်တူဖြစ်တယ်ဆိုတာကို တွေ့လိုက်ရပါတယ်။ အကောင်းမြင်တဲ့သူတွေကို ကြည့်လိုက်မယ်ဆိုရင် မကောင်းတဲ့ခံစားချက်တွေကို ထောက်လှမ်းတဲ့နေရာမှာ အချိန်ကုန်မခံကြပါဘူး။ မကောင်းမြင်တဲ့သူတွေကတော့ သေချာထောက်လှမ်းကြပါတယ်။”
စိတ်တော့ဝင်စားစရာပဲ။ ဒါပေမယ့်လည်း ဒီတွေ့ရှိချက်ကို AI စနစ်တစ်ခုအဖြစ်နဲ့ ပြောင်းလဲဖို့အတွက်ကတော့ သုတေသီတွေအတွက် စိန်ခေါ်မှုတစ်ရပ်ဖြစ်နေပါတယ်။ ဒီလိုလုပ်ဖို့အတွက် AI ကိုကောင်းကောင်းလေ့ကျင့်ပေးဖို့ လိုအပ်ပါတယ်။
သုတေသီတွေက ကျောင်းသား၄၂ယောက်ကို ကိရိယာလေးတွေ ဝတ်ဆင်ထားပြီးတော့ မျက်လုံးအသွားအလာကို စောင့်ကြည့်ခဲ့ပါတယ်။ သူတို့မှာ စမ်းသပ်နေတဲ့ကျောင်းသားတွေနဲ့ personality တွေကိုလည်း မေးခွန်းလေးတွေမေးမြန်းပြီး စုဆောင်းထားပါတယ်။ မျက်လုံးကရတဲ့အချက်အလက်တွေနဲ့ personality တွေကို စုစည်းပြီးတော့ AI ကို ဆက်စပ်နေတဲ့အချက်အလက်တွေ ပေးနိုင်ခဲ့ပါတယ်။
“ကျွန်တော်တို့အနေနဲ့ neuroticism ၊ extraversion ၊ agreeableness ၊ conscientiousness စတဲ့ personality လေးမျိုးကို ကောင်းကောင်းခန့်မှန်းနိုင်ခဲ့ပါတယ်”
Cambridge Analytica လိုမျိုး ကျင့်ဝတ်နဲ့မညီတဲ့ဖြစ်ရပ်တွေ ပါဝင်လာနိုင်ပေမယ့်လည်း အကောင်းဘက်ကနေ အသုံးချနိုင်တဲ့နယ်ပယ်တွေ အများကြီးပါလို့ ပြောကြားခဲ့ပါတယ်။
“ရိုဘော့နဲ့ ကွန်ပျူတာတွေဟာ လက်ရှိမှာတော့ လူမှုအသိုင်းအဝိုင်းမှာ ပစ်ပယ်ထားပြီးတော့ လူနဲ့ဆက်သွယ်မှုတွေ မလုပ်နိုင်ကြသေးပါဘူး။ ကျွန်တော်တို့ စကားပြော၊ တွေ့မြင်၊ တုံ့ပြန်လိုက်တဲ့အခါ အခြားသူတစ်ယောက်က စိတ်ရှုပ်၊ စိတ်ဆိုး၊ စိတ်မဝင်စား၊ အားပျက်တာတွေ ဖြစ်ပါတယ်။ ရိုဘော့နဲ့ ကွန်ပျူတွေကို ဆက်ဆံကြည့်လိုက်မယ်ဆိုရင် ကျွန်တော်တို့ရဲ့အခြေအနေကိုလိုက်ပြီးတော့ တုံ့ပြန်ပေးနိုင်တဲ့အထိ သွားဖို့စိတ်ကူးထားပါတယ်။ ”
လက်ရှိမှာတော့ သူတို့ရဲ့လုပ်ဆောင်နေမှုကို Human Neuroscience ဂျာနယ်မှာ ထုတ်ဝေထားပါတယ်။
Leave a Reply