ထိုးဖောက်မြင်နေရတဲ့ display ပါဝင်တဲ့ စမတ်ဖုန်းကို စိတ်ဝင်စားနေတဲ့ဆမ်ဆောင်း
0
1950
Zawgyi Version
Unicode Version
United States Patent and Trademark Office (USPTO) က အခု patent လေးကို လက်ခံလိုက်ပါပြီ။ မြင်နေရတဲ့ပုံတွေအရ ရေပြင်ညီအတိုင်းခေါက်နိုင်မှာပါ။ ဒီလိုပုံစံမျိုးကို နေရာနှစ်ခုမှာ patent တင်ထားပြီး ဖြစ်ပါတယ်။
သုံးခေါက်ချိုး စမတ်ဖုန်းတွေကတော့ display ကို ခေါက်သွားမှာဖြစ်ပြီးတော့ landscape mode ကနေ ခေါက်ရမှာပါ။ ပတ္တာအပိုလေးတွေကြောင့် ဖုန်းကိုခေါက်ရတာ အဆင်ပြေစေမှာပါ။ ဒါကြောင့် တစ်ဆင့်ချင်းခေါက်နိုင်မှာဖြစ်ပါတယ်။
Patent အရ ပတ္တာကရိုးရိုးလေးမဟုတ်ပါဘူး။ ကွေးနိုင်ဖို့အတွက် sensor တပ်ထားတဲ့ စနစ်တစ်ခုဖြစ်ပါတယ်။ ဒါကြောင့် သုံးစွဲသူက ပတ္တာလေးပေါ်ကို လက်တင်လိုက်တာနဲ့ preset configuration အတိုင်း ကွေးညွှတ်သွားမှာဖြစ်ပါတယ်။ sensor နဲ့ controller က ဖုန်းကွေးသွားတာ၊ ဒီဂရီဘယ်လောက်ကွေးတာတွေကို သိနိုင်မှာဖြစ်ပြီး display ကို ပြောင်းလဲမှုတွေအကြောင်း အသိပေးသွားမှာပါ။
ပိုက်ဆံအိတ်ပုံစံခေါက်ဖုန်း၊ သုံးခေါက်ချိုးဖုန်းတွေမှာ တွေ့မြင်ရတာပါ။ တစ်ဝက်ခေါက်လိုုက်ရင် ဘယ်လိုဖြစ်မလဲဆိုတာကိုလည်း တွေ့မြင်ရပါသေးတယ်။ တစ်ဖက်မှာ အီးမေးလ်ပွင့်နေပြီးတော့ နောက်တစ်ဖက်မှာ app icons တွေကို တွေ့မြင်ရပါတယ်။ Samsung က landscape လုပ်ထားတာဆိုတော့ စိတ်ဝင်စားစရာပါပဲ။
Emails နဲ့ icons တွေကို နေရာ၊ အရွယ်အစားအမျိုးမျိုးနဲ့ ဖော်ပြထားပြီးစိတ်ကြိုက်ထားနိုင်တာကြောင့် Mode အမျိုးမျိုးမှာ ပြသနိုင်တာဖြစ်ပါတယ်။
ဒါ့အပြင် Samsung ဟာ ထိုးဖောက်မြင်နေရတဲ့ display ပါဝင်တဲ့ စမတ်ဖုန်းကို စိတ်ဝင်စားနေကြောင်း ဖော်ပြနေပါတယ်။ ၂၀၁၅ခုနှစ်တုန်းက Samsung TV ကနေ ဒီနည်းပညာကို မြင်ဖူးပါတယ်။ အခု စမတ်ဖုန်းမှာသုံးတော့မှာလား။ transparent screen တွေကို ဖုန်းရဲ့ကိုယ်ထည်မှာအသုံးပြုသွားဖို့ရှိနေပါတယ်။ ဒီပစ္စည်းကတော့ augmented reality အတွက် ရည်ရွယ်လောက်ပါတယ်။ ဒါကြောင့် display ရဲ့နောက်က digital content overlaid တွေနဲ့အတူ လက်တွေ့လောကကို ဖြတ်သန်းစေနိုင်တော့မှာပါ။
Leave a Reply