system ဘက္မွာ error တက္သြားျခင္းေၾကာင့္ သံုးစြဲသူေတြရဲ႕ Password ေတြကို တြစ္တာက အတုိင္းသားျမင္ေနရ

0
2000

Zawgyi Version

ခ်ိဳးေဖာက္တာမ်ိဳး၊ အလြဲသံုးစားလုုပ္တာမ်ိဳးရဲ႕ သက္ေသအေထာက္အထားမေတြ႕ရေသးေပမယ့္လည္း password ေတာ့ ေျပာင္းသင့္ပါတယ္။

စာသားေတြထဲမွာ bug တစ္ခုေတြ႕လုိက္တာေၾကာင့္ သံုးစြဲသူသန္း၃၃၀ကို password ေျပာင္းဖို႕ တြစ္တာကအၾကံျပဳလုိက္တာျဖစ္ပါတယ္။ တြစ္တာရဲ႕စံုစမ္းမႈအရ ျပစ္မႈအေထာက္အထား မေတြ႕ခဲ့ရေပမယ့္လည္း သူတို႕အေနနဲ႕ password ေျပာင္းထားတာပိုျပီးေတာ့ စိတ္ခ်ရမယ္လို႕ ယူဆထားၾကပါတယ္။ ဒါေၾကာင့္ သံုးစြဲသူေတြကို အသိေပးေၾကညာလိုက္တာျဖစ္ပါတယ္။ third-party app ေတြျဖစ္တဲ့ Twitterrific နဲ႕ TweetDeck တို႕မွာပါ ေျပာင္းလဲအသံုးျပဳဖုိ႕ ေျပာထားပါတယ္။

တြစ္တာရဲ႕ေတြ႕ရွိမႈအရ bug တစ္ခုေၾကာင့္ hash လုပ္တဲ့အခ်ိန္မွာ password ေတြကို random string အေနနဲ႕ေျပာင္းလဲျပီးေတာ့ တြစ္တာရဲ႕ system ထဲကိုသိမ္းထားလိုက္ပါတယ္။ system ဘက္မွာ error တက္နတဲ့အတြက္ေၾကာင့္ password ေတြကို internal log ထဲမွာ စာသားတစ္ခုအေနနဲ႕သာ သိမ္းဆည္းလိုက္ပါတယ္။ အရင္တုန္းကေတာ့ hash လုပ္ျပီးေတာ့ သိမ္းထားတာမို႕ အလြယ္တကူၾကည့္္လုိ႕မရပါဘူး။ တြစ္တာက ဒီbug ကို သူတို႕ကိုယ္တုိင္ေတြ႕ခဲ့တာျဖစ္ျပီးေတာ့ password ေတြကို ဖ်က္ခဲ့တယ္လို႕ ေျပာထားပါတယ္။ ဒီလိုမ်ိဳးေနာက္တစ္ၾကိမ္မျဖစ္ေအာင္လည္း လုပ္ေဆာင္ေနပါတယ္။

သံုးစြဲသူဘယ္ေလာက္အထိ password ေတြ မလံုျခံဳခဲ့ရလဲ၊ ဘယ္ေလာက္ၾကာၾကာေနမွ ေတြ႕ခဲ့တာလဲဆိုတာကိုေတာ့ မေျပာထားပါဘူး။ ဒါေပမယ့္လည္း သံုးစြဲသူေတြရဲ႕ password ေတြကို ေျပာင္းဖုိ႕အသိေပးလိုက္တယ္ဆိုေတာ့ အေတာ္မ်ားမ်ားရဲ႕ password ေတြ မလံုျခံဳဘူးလို႕ပဲ ယူဆရမွာပါ။

ပံုမွန္အရေတာ့ သင့္ရဲ႕ password ကို ဘယ္လိုိထားသလဲဆိုတာလည္း ေျပာရမယ့္ကိစၥတစ္ခုပါ။ password manager နဲ႕ သံုးမယ္ဆိုရင္ေတာ့ သံုးေနတဲ့service တိုင္းမွာ password မထပ္ေအာင္ လုပ္ေဆာင္ႏုိင္ပါတယ္။ ဒါဆိုရင္ေတာ့ ထိခိုက္မႈအနည္းဆံုးျဖစ္ပါလိမ့္မယ္။ password အတူတူထားမယ္ဆိုရင္ေတာ့ ရွိသမွ် အကုန္ပါသြားဖို႕ လြယ္ကူေနလို႕ပါပဲ။ ကဲ တြစ္တာသံုးစြဲသူေတြ အခုပဲေျပာင္းလိုက္ရေအာင္။

Unicode Version

ချိုးဖောက်တာမျိုး၊ အလွဲသုံးစားလုုပ်တာမျိုးရဲ့ သက်သေအထောက်အထားမတွေ့ရသေးပေမယ့်လည်း password တော့ ပြောင်းသင့်ပါတယ်။
စာသားတွေထဲမှာ bug တစ်ခုတွေ့လိုက်တာကြောင့် သုံးစွဲသူသန်း၃၃၀ကို password ပြောင်းဖို့ တွစ်တာကအကြံပြုလိုက်တာဖြစ်ပါတယ်။ တွစ်တာရဲ့စုံစမ်းမှုအရ ပြစ်မှုအထောက်အထား မတွေ့ခဲ့ရပေမယ့်လည်း သူတို့အနေနဲ့ password ပြောင်းထားတာပိုပြီးတော့ စိတ်ချရမယ်လို့ ယူဆထားကြပါတယ်။ ဒါကြောင့် သုံးစွဲသူတွေကို အသိပေးကြေညာလိုက်တာဖြစ်ပါတယ်။ third-party app တွေဖြစ်တဲ့ Twitterrific နဲ့ TweetDeck တို့မှာပါ ပြောင်းလဲအသုံးပြုဖို့ ပြောထားပါတယ်။
တွစ်တာရဲ့တွေ့ရှိမှုအရ bug တစ်ခုကြောင့် hash လုပ်တဲ့အချိန်မှာ password တွေကို random string အနေနဲ့ပြောင်းလဲပြီးတော့ တွစ်တာရဲ့ system ထဲကိုသိမ်းထားလိုက်ပါတယ်။ system ဘက်မှာ error တက်နတဲ့အတွက်ကြောင့် password တွေကို internal log ထဲမှာ စာသားတစ်ခုအနေနဲ့သာ သိမ်းဆည်းလိုက်ပါတယ်။ အရင်တုန်းကတော့ hash လုပ်ပြီးတော့ သိမ်းထားတာမို့ အလွယ်တကူကြည့်လို့မရပါဘူး။ တွစ်တာက ဒီbug ကို သူတို့ကိုယ်တိုင်တွေ့ခဲ့တာဖြစ်ပြီးတော့ password တွေကို ဖျက်ခဲ့တယ်လို့ ပြောထားပါတယ်။ ဒီလိုမျိုးနောက်တစ်ကြိမ်မဖြစ်အောင်လည်း လုပ်ဆောင်နေပါတယ်။
သုံးစွဲသူဘယ်လောက်အထိ password တွေ မလုံခြုံခဲ့ရလဲ၊ ဘယ်လောက်ကြာကြာနေမှ တွေ့ခဲ့တာလဲဆိုတာကိုတော့ မပြောထားပါဘူး။ ဒါပေမယ့်လည်း သုံးစွဲသူတွေရဲ့ password တွေကို ပြောင်းဖို့အသိပေးလိုက်တယ်ဆိုတော့ အတော်များများရဲ့ password တွေ မလုံခြုံဘူးလို့ပဲ ယူဆရမှာပါ။
ပုံမှန်အရတော့ သင့်ရဲ့ password ကို ဘယ်လိုထားသလဲဆိုတာလည်း ပြောရမယ့်ကိစ္စတစ်ခုပါ။ password manager နဲ့ သုံးမယ်ဆိုရင်တော့ သုံးနေတဲ့service တိုင်းမှာ password မထပ်အောင် လုပ်ဆောင်နိုင်ပါတယ်။ ဒါဆိုရင်တော့ ထိခိုက်မှုအနည်းဆုံးဖြစ်ပါလိမ့်မယ်။ password အတူတူထားမယ်ဆိုရင်တော့ ရှိသမျှ အကုန်ပါသွားဖို့ လွယ်ကူနေလို့ပါပဲ။ ကဲ တွစ်တာသုံးစွဲသူတွေ အခုပဲပြောင်းလိုက်ရအောင်။

Leave a Reply