FaceTime သံုးစြဲခြင့္ရေရးၾကိဳးစားညွိႏႈိင္းေနတဲ့ Apple နဲ႕ ယူေအအီးအစိုးရ

0
1847

Zawgyi Version

သင္က ဒူဘိုင္း ဒါမွမဟုတ္ ယူေအအီးမွာေနထိုင္ေနတဲ့ iPad ၊ iPhone ပို္္င္ရွင္တစ္ေယာက္ဆိုရင္ေတာ့ Apple ရဲ႕ FaceTime feature ကို ေဒသတြင္းကစည္းမ်ဥ္းေတြေၾကာင့္ အပိတ္ခံထားရတာကို သတိထားျပီးျဖစ္မွာပါ။

အခ်ိန္ေတြလည္း အေတာ္ၾကာခဲ့ပါျပီ။ ဒါေၾကာင့္ Apple က ယူေအအီးအစိုးရနဲ႕ တုိက္ရိုက္ေတြ႕ဆံုျပီးေတာ့ အဆင္ေျပေအာင္ညွိႏႈိင္းေနပါတယ္။

ယူေအအီးက Apple ပစၥည္းသံုးစြဲသူေတြက FaceTime မသံုးပါဘူးလို႕ ျပီးခဲ့တဲ့ႏွစ္ေတြကတည္းက လက္မွတ္ထိုးထားရတာျဖစ္ပါတယ္။

သူတို႕ဆီမွာ အင္တာနက္ဗြီဒီယို၊ audio ၀န္ေဆာင္မႈေတြကို သံုးခြင့္ေပးမထားျခင္းေၾကာင့္ FaceTime ကိုလည္း ban ထားတာပါ။ Apple က ေရာင္းခ်ေနတဲ့ hardware နဲ႕ အျခားေသာ၀န္ေဆာင္မႈေတြမွာ အဓိက feature ျဖစ္ေနတဲ့ FaceTime ကို အသံုးျပဳခြင့္မရေနျခင္းကလည္း သံုးစြဲသူေတြအတြက္ အဆင္မေျပျဖစ္ရပါတယ္။ ဒါေၾကာင့္ ဖယ္ဒရယ္အစိုးရနဲ႕ Apple တို႕ရဲ႕ညွိႏိႈ္င္းေနမႈက ေအာင္ျမင္သြားရင္ေတာ့ FaceTime သံုးခြင့္ရလာမွာ ျဖစ္ပါတယ္။

Apple အေနနဲ႕ အစိုးရနဲ႕ေဆြးေႏြးရာမွာ အေတာ္ေလးညွိႏႈိင္းမႈေတြ ျပဳလုပ္ရမယ့္အေနအထားမွာ ရွိေနပါတယ္။ ယူေအအီးက သူ႕ရဲ႕ ဗြီဒီယို chat functionality နဲ႕ ၀န္ေဆာင္မႈေတြကို အၾကမ္းဖက္သမားေတြရဲ႕ လက္ေအာက္ကိုေရာက္သြားမွာ စိုးရိမ္ေနပါတယ္။ hardware ၀ယ္လုိက္တာနဲ႕ လစဥ္ေၾကးေပးစရာမလိုဘဲ FaceTime လို၀န္ေဆာင္မႈမ်ိဳးကို အသံုးျပဳခြင့္ေပးမယ့္ Apple ရဲ႕စိတ္ကူးက အဆင္မေျပျဖစ္ေနတာပါ။

အဲဒီလိုဥပေဒေတြနဲ႕ ကန္႕သတ္ထားတယ္ဆိုေပမယ့္လည္း အျခားေဒသေတြမွာေရာင္းခ်ေနတဲ့ပစၥည္းေတြကို ယူေအအီးမွာတင္သြင္းလိုက္ျပီး VPN သံုးလိုက္မယ္ဆိုရင္ေတာ့ FaceTime အသံုးျပဳလို႕ရေနတာပဲ ျဖစ္ပါတယ္။

Apple အတြက္ကေတာ့ သူ႕ရဲ႕ hardware ေတြနဲ႕ iPhone ေတြကို ေရာင္းခ်ေနျခင္းကို တစ္ေနရာကေန တစ္ေနရာကူးေျပာင္းဖုိ႕အတြက္ မခက္ခဲပါဘူး။ ဒါေပမယ့္လည္း FaceTime က သံုးစြဲသူအေတာ္မ်ားမ်ားအတြက္ လြယ္ကူျပီး အခမဲ့အသံုးျပဳႏုိင္တဲ့ ဗြီဒီယိုေကာလ္ေခၚဆိုမႈကို ေပးစြမ္းႏုိင္ပါတယ္။

အဲဒီ feature ကိုသာ ယူေအအီးမွာ အသံုးျပဳခြင့္ရေအာင္ လုပ္ေဆာင္ႏုိင္မယ္ဆိုရင္ကေတာ့ျဖင့္ ဒီထက္ပိုျပီး ေရာင္းအားေကာင္းလာမွာ အေသအခ်ာပါပဲ။

Unicode Version

သင်က ဒူဘိုင်း ဒါမှမဟုတ် ယူအေအီးမှာနေထိုင်နေတဲ့ iPad ၊ iPhone ပို်င်ရှင်တစ်ယောက်ဆိုရင်တော့ Apple ရဲ့ FaceTime feature ကို ဒေသတွင်းကစည်းမျဉ်းတွေကြောင့် အပိတ်ခံထားရတာကို သတိထားပြီးဖြစ်မှာပါ။
အချိန်တွေလည်း အတော်ကြာခဲ့ပါပြီ။ ဒါကြောင့် Apple က ယူအေအီးအစိုးရနဲ့ တိုက်ရိုက်တွေ့ဆုံပြီးတော့ အဆင်ပြေအောင်ညှိနှိုင်းနေပါတယ်။
ယူအေအီးက Apple ပစ္စည်းသုံးစွဲသူတွေက FaceTime မသုံးပါဘူးလို့ ပြီးခဲ့တဲ့နှစ်တွေကတည်းက လက်မှတ်ထိုးထားရတာဖြစ်ပါတယ်။
သူတို့ဆီမှာ အင်တာနက်ဗွီဒီယို၊ audio ဝန်ဆောင်မှုတွေကို သုံးခွင့်ပေးမထားခြင်းကြောင့် FaceTime ကိုလည်း ban ထားတာပါ။ Apple က ရောင်းချနေတဲ့ hardware နဲ့ အခြားသောဝန်ဆောင်မှုတွေမှာ အဓိက feature ဖြစ်နေတဲ့ FaceTime ကို အသုံးပြုခွင့်မရနေခြင်းကလည်း သုံးစွဲသူတွေအတွက် အဆင်မပြေဖြစ်ရပါတယ်။ ဒါကြောင့် ဖယ်ဒရယ်အစိုးရနဲ့ Apple တို့ရဲ့ညှိနှိုင်းနေမှုက အောင်မြင်သွားရင်တော့ FaceTime သုံးခွင့်ရလာမှာ ဖြစ်ပါတယ်။
Apple အနေနဲ့ အစိုးရနဲ့ဆွေးနွေးရာမှာ အတော်လေးညှိနှိုင်းမှုတွေ ပြုလုပ်ရမယ့်အနေအထားမှာ ရှိနေပါတယ်။ ယူအေအီးက သူ့ရဲ့ ဗွီဒီယို chat functionality နဲ့ ဝန်ဆောင်မှုတွေကို အကြမ်းဖက်သမားတွေရဲ့ လက်အောက်ကိုရောက်သွားမှာ စိုးရိမ်နေပါတယ်။ hardware ဝယ်လိုက်တာနဲ့ လစဉ်ကြေးပေးစရာမလိုဘဲ FaceTime လိုဝန်ဆောင်မှုမျိုးကို အသုံးပြုခွင့်ပေးမယ့် Apple ရဲ့စိတ်ကူးက အဆင်မပြေဖြစ်နေတာပါ။
အဲဒီလိုဥပဒေတွေနဲ့ ကန့်သတ်ထားတယ်ဆိုပေမယ့်လည်း အခြားဒေသတွေမှာရောင်းချနေတဲ့ပစ္စည်းတွေကို ယူအေအီးမှာတင်သွင်းလိုက်ပြီး VPN သုံးလိုက်မယ်ဆိုရင်တော့ FaceTime အသုံးပြုလို့ရနေတာပဲ ဖြစ်ပါတယ်။
Apple အတွက်ကတော့ သူ့ရဲ့ hardware တွေနဲ့ iPhone တွေကို ရောင်းချနေခြင်းကို တစ်နေရာကနေ တစ်နေရာကူးပြောင်းဖို့အတွက် မခက်ခဲပါဘူး။ ဒါပေမယ့်လည်း FaceTime က သုံးစွဲသူအတော်များများအတွက် လွယ်ကူပြီး အခမဲ့အသုံးပြုနိုင်တဲ့ ဗွီဒီယိုကောလ်ခေါ်ဆိုမှုကို ပေးစွမ်းနိုင်ပါတယ်။
အဲဒီ feature ကိုသာ ယူအေအီးမှာ အသုံးပြုခွင့်ရအောင် လုပ်ဆောင်နိုင်မယ်ဆိုရင်ကတော့ဖြင့် ဒီထက်ပိုပြီး ရောင်းအားကောင်းလာမှာ အသေအချာပါပဲ။

Leave a Reply