Posted on Leave a comment

Apple ရဲ႕ ဘတ္ထရီလဲလွယ္ေပးမႈက ပြဲၾကီးပြဲေကာင္းတစ္ခုကို ျဖစ္ေပၚေစခဲ့

Zawgyi Version

မႏွစ္ကတုန္းက Apple က iPhone အေဟာင္းေတြရဲ႕ ဘတ္ထရီကို လဲလွယ္ေပးမယ္လို႕ ေျပာခဲ့ပါတယ္။ ဟုတ္ပါတယ္။ တရားစြဲဆိုမႈေတြျဖစ္ခဲ့တဲ့အထိိေတာင္ ေရာက္ခဲ့တယ္ဆိုတာ မွတ္မိၾကဦးမလား။ အဲဒီကတည္းက Apple က iPhone ဘတ္ထရီလဲလွယ္မႈအစီအစဥ္ကို ေစ်းေလွ်ာ့ေပးခဲ့ပါတယ္။

ဒါေပမယ့္ ဒီကိစၥကျပီးသြားတာမဟုတ္ပါဘူး။ ဒီကိစၥကို ထပ္မံစံုစမ္းၾကည့္လုိက္ေတာ့ Apple ရဲ႕ ဘတ္္ထရီလဲလွယ္ေပးမႈပရိုဂရမ္ဟာ Apple အတြက္ အေထာက္အကူမျပဳဘူးဆိုတာ သိလိုက္ရတယ္။

သံုးစြဲသူေတြက iPhone ဘတ္ထရီလဲလွယ္ဖို႕အတြက္ ပို႕ခဲ့တဲ့အခ်ိန္မွာ ေစ်းၾကီးတဲ့အစားထိုးျပဳျပင္မႈေတြ၊ ထိိခိုက္မႈေတြအေၾကာင္း ေျပာတာကိုၾကားရပါတယ္။ ဘတ္ထရီေလးလဲေပးလိုက္တာတင္မဟုတ္ဘဲ ဘာျပင္ရမယ္၊ ညာျပင္ရမယ္ေျပာတာမ်ိဳးေပါ့။

Josh Landsburgh က သူ႕ရဲ႕ဖုန္းကို ဘတ္ထရီလဲဖို႕အတြက္ ေဖေဖာ္၀ါရီလကတည္းက ပို႕ထားတာပါ။

ႏွစ္ရက္ၾကာသြားတဲ့အခ်ိန္မွာ Apple ဆီကေန အီးေမးလ္တစ္ေစာင္၀င္လာပါတယ္။ ဖုန္းရဲ႕ေထာင့္နားမွာ ပြန္းေနတဲ့အတြက္ေၾကာင့္ ေပါင္၂၀၀ ထပ္မံကုန္က်မယ္ဆိုတဲ့အေၾကာင္း ေရးသားထားတာပါ။

Josh က ဖုန္းကို Apple ဆီကေန ျပန္ယူခဲ့တယ္။။ ေဒသတြင္းမွာရွိတဲ့ျပင္ဆုိင္မွာ ဘတ္ထရီကို ဘာမွမျဖစ္ဘဲနဲ႕ လဲႏုိင္ခဲ့ပါတယ္။ ဒီေတာ့ Apple warranty ကို ဖ်က္လိုက္တဲ့သေဘာပါပဲ။

ေနာက္ထပ္သံုးစြဲသူတစ္ေယာက္ျဖစ္ရပ္ကို ေလ့လာၾကည့္လုိက္ရေအာင္။

သူ႕ဖုန္းကေတာ့ လံုး၀အေကာင္းအတုိင္းပါပဲ။ ဒါေပမယ့္ ဘတ္ထရီလဲဖို႕ပဲလိုတာပါ။ ဒီအခ်ိန္မွာ အျပင္ဘက္မွာဘာထိခိုက္မႈမွ ရွိမေနပါဘူး။ Apple က David ကို အတြင္းပိုင္းထိခိုက္မႈေတြရွိေနတယ္လို႕ ေမးလ္ပို႕ပါတယ္။

အေရွ႕မိုက္နဲ႕ စပီကာက အဆင္မေျပတဲ့အတြက္ေၾကာင့္ ျပင္ရင္ ေပါင္၂၅၀ က်မယ္လို႕ ေျပာပါတယ္။

David က သူသံုးေနတာအဆင္ေျပတယ္လို႕ ျပန္ေျပာခဲ့ျပီးေတာ့ ဖုန္းကိုျပန္ေတာင္းခဲ့ပါတယ္။ ျပင္ဆိုင္ကိုသြားျပၾကည့္တဲ့အခါမွာေတာ့

“အေကာင္းအတုိင္းပဲ အလုပ္လုပ္ပါတယ္။ အဆင္မေျပဘူးလို႕ မေျပာသင့္ဘူး။”

Apple ကေတာ့ ဘတ္ထရီလဲမယ့္အခ်ိန္မွာ သတ္မွတ္ထားတဲ့ စည္းကမ္းေတြကို အခုလိုေျပာထားပါတယ္။ “မွန္ကြဲတဲ့ျဖစ္ရပ္မ်ိဳးေတြရွိေနမယ္ဆိုရင္ေတာ့ ဘတ္ထရီမလဲေပးခင္ အဲဒီျဖစ္ရပ္ေတြကို ျပင္ဆင္ေပးရမွာျဖစ္ပါတယ္။” ဒါေပမယ့္လည္း အခုျဖစ္ရပ္ေတြက ဘတ္ထရီနဲ႕မဆိုင္သလိုပဲလို႕ ထင္ျမင္မိပါတယ္။ ဒီအေၾကာင္းကိုေတာ့ ဥပေဒပညာရွင္ေတြက ဘယ္လိုလုပ္ေဆာင္သြားမလဲဆိုတာ စိတ္၀င္စားစရာပြဲတစ္ခု ျဖစ္လာႏုိင္ပါတယ္။

Apple အေနနဲ႕ မွန္ေကာင္းမွန္ႏုိင္တယ္ဆိုေပမယ့္လည္း သံုးစြဲသူေတြကေတာ့ စိတ္တိုေနပါျပီ။ Facebook ေပၚမွာလည္း ေသာင္းက်န္းထားၾကသလို အျပင္မွာလည္း ေသာင္းက်န္းႏုိင္ပါတယ္။ ဒီေတာ့ ဘယ္လိုေျဖရွင္းခ်က္ထုတ္သြားဖို႕ စီစဥ္ေနသလဲဆိုတာ စိတ္၀င္စားမိပါတယ္။

Unicode Version

မနှစ်ကတုန်းက Apple က iPhone အဟောင်းတွေရဲ့ ဘတ်ထရီကို လဲလှယ်ပေးမယ်လို့ ပြောခဲ့ပါတယ်။ ဟုတ်ပါတယ်။ တရားစွဲဆိုမှုတွေဖြစ်ခဲ့တဲ့အထိတောင် ရောက်ခဲ့တယ်ဆိုတာ မှတ်မိကြဦးမလား။ အဲဒီကတည်းက Apple က iPhone ဘတ်ထရီလဲလှယ်မှုအစီအစဉ်ကို ဈေးလျှော့ပေးခဲ့ပါတယ်။
ဒါပေမယ့် ဒီကိစ္စကပြီးသွားတာမဟုတ်ပါဘူး။ ဒီကိစ္စကို ထပ်မံစုံစမ်းကြည့်လိုက်တော့ Apple ရဲ့ ဘတ်ထရီလဲလှယ်ပေးမှုပရိုဂရမ်ဟာ Apple အတွက် အထောက်အကူမပြုဘူးဆိုတာ သိလိုက်ရတယ်။
သုံးစွဲသူတွေက iPhone ဘတ်ထရီလဲလှယ်ဖို့အတွက် ပို့ခဲ့တဲ့အချိန်မှာ ဈေးကြီးတဲ့အစားထိုးပြုပြင်မှုတွေ၊ ထိခိုက်မှုတွေအကြောင်း ပြောတာကိုကြားရပါတယ်။ ဘတ်ထရီလေးလဲပေးလိုက်တာတင်မဟုတ်ဘဲ ဘာပြင်ရမယ်၊ ညာပြင်ရမယ်ပြောတာမျိုးပေါ့။
Josh Landsburgh က သူ့ရဲ့ဖုန်းကို ဘတ်ထရီလဲဖို့အတွက် ဖေဖော်ဝါရီလကတည်းက ပို့ထားတာပါ။
နှစ်ရက်ကြာသွားတဲ့အချိန်မှာ Apple ဆီကနေ အီးမေးလ်တစ်စောင်ဝင်လာပါတယ်။ ဖုန်းရဲ့ထောင့်နားမှာ ပွန်းနေတဲ့အတွက်ကြောင့် ပေါင်၂၀၀ ထပ်မံကုန်ကျမယ်ဆိုတဲ့အကြောင်း ရေးသားထားတာပါ။
Josh က ဖုန်းကို Apple ဆီကနေ ပြန်ယူခဲ့တယ်။။ ဒေသတွင်းမှာရှိတဲ့ပြင်ဆိုင်မှာ ဘတ်ထရီကို ဘာမှမဖြစ်ဘဲနဲ့ လဲနိုင်ခဲ့ပါတယ်။ ဒီတော့ Apple warranty ကို ဖျက်လိုက်တဲ့သဘောပါပဲ။
နောက်ထပ်သုံးစွဲသူတစ်ယောက်ဖြစ်ရပ်ကို လေ့လာကြည့်လိုက်ရအောင်။
သူ့ဖုန်းကတော့ လုံးဝအကောင်းအတိုင်းပါပဲ။ ဒါပေမယ့် ဘတ်ထရီလဲဖို့ပဲလိုတာပါ။ ဒီအချိန်မှာ အပြင်ဘက်မှာဘာထိခိုက်မှုမှ ရှိမနေပါဘူး။ Apple က David ကို အတွင်းပိုင်းထိခိုက်မှုတွေရှိနေတယ်လို့ မေးလ်ပို့ပါတယ်။
အရှေ့မိုက်နဲ့ စပီကာက အဆင်မပြေတဲ့အတွက်ကြောင့် ပြင်ရင် ပေါင်၂၅၀ ကျမယ်လို့ ပြောပါတယ်။
David က သူသုံးနေတာအဆင်ပြေတယ်လို့ ပြန်ပြောခဲ့ပြီးတော့ ဖုန်းကိုပြန်တောင်းခဲ့ပါတယ်။ ပြင်ဆိုင်ကိုသွားပြကြည့်တဲ့အခါမှာတော့
“အကောင်းအတိုင်းပဲ အလုပ်လုပ်ပါတယ်။ အဆင်မပြေဘူးလို့ မပြောသင့်ဘူး။”
Apple ကတော့ ဘတ်ထရီလဲမယ့်အချိန်မှာ သတ်မှတ်ထားတဲ့ စည်းကမ်းတွေကို အခုလိုပြောထားပါတယ်။ “မှန်ကွဲတဲ့ဖြစ်ရပ်မျိုးတွေရှိနေမယ်ဆိုရင်တော့ ဘတ်ထရီမလဲပေးခင် အဲဒီဖြစ်ရပ်တွေကို ပြင်ဆင်ပေးရမှာဖြစ်ပါတယ်။” ဒါပေမယ့်လည်း အခုဖြစ်ရပ်တွေက ဘတ်ထရီနဲ့မဆိုင်သလိုပဲလို့ ထင်မြင်မိပါတယ်။ ဒီအကြောင်းကိုတော့ ဥပဒေပညာရှင်တွေက ဘယ်လိုလုပ်ဆောင်သွားမလဲဆိုတာ စိတ်ဝင်စားစရာပွဲတစ်ခု ဖြစ်လာနိုင်ပါတယ်။
Apple အနေနဲ့ မှန်ကောင်းမှန်နိုင်တယ်ဆိုပေမယ့်လည်း သုံးစွဲသူတွေကတော့ စိတ်တိုနေပါပြီ။ Facebook ပေါ်မှာလည်း သောင်းကျန်းထားကြသလို အပြင်မှာလည်း သောင်းကျန်းနိုင်ပါတယ်။ ဒီတော့ ဘယ်လိုဖြေရှင်းချက်ထုတ်သွားဖို့ စီစဉ်နေသလဲဆိုတာ စိတ်ဝင်စားမိပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.