အားအျမန္သြင္းနည္းပညာသံုး Adapter နဲ႕ ၾကိဳးေတြကို 2018 iPhone ဘူးထဲမွာ ေတြ႕ျမင္ရႏုိင္

0
1908

Zawgyi Version

iPhone ကို အားျမန္ျမန္သြင္းေစခ်င္တဲ့စိတ္ေလးရွိေနပါသလား။ ဒါဆိုရင္တာ့ ဒီႏွစ္ရဲ႕ iPhone ေတြက သင့္စိတ္ကူးကိုအေကာင္အထည္ေဖာ္ေပးႏုိင္မွာ အေသအခ်ာပါပဲ။ အားျမန္ျမန္သြင္းလို႕ရမယ့္ Adapter နဲ႕ ၾကိဳးေတြကို တစ္ပါတည္းထည့္ေပးေတာ့မွာပါ။

တရုတ္လူမႈကြန္ရက္တစ္ခုျဖစ္တဲ့ Weibo ေပၚမွာ 2018 iPhone ေတြဟာ USB-C power adapter ၊ USB-C Lightning cable နဲ႕ ထြက္ေပၚလာမယ္လို႕ ေျပာထားတာမို႕ လက္ရွိထက္ ပိုမိုျမန္ဆန္စြာ အားသြင္းႏုိင္ေတာ့မွာပါ။ hardware ေတြကလည္း USB-C platform ဘက္ကို ဆက္သြားေနတာျဖစ္တဲ့အတြက္ iPhone နဲ႕ iPad ရဲ႕အားသြင္းနည္းလမ္းကလည္း အဲဒီလိုပဲ ျဖစ္ပါလိမ့္မယ္။ တကယ္လို႕ Lightning ခ်ိတ္ဆက္မႈေတြရွိိေနမယ္ဆိုရင္ေတာင္မွ အဆင္ေျပေအာင္လုပ္ေဆာင္ေပးဖို႕ ေမွ်ာ္လင့္ထားပါတယ္။

18W USB-C power adapter ကေတာ့ အားအျမန္သြင္းစနစ္ကို ေထာက္ပံ့ေပးႏုိင္ျပီးေတာ့ iPhone ကို မိနစ္သံုးဆယ္အတြင္းမွာ ၅၀% ေရာက္ေစႏုိင္ပါတယ္။

အားအျမန္သြင္းစနစ္ဟာ iPhone ေတြရဲ႕ အားနည္းခ်က္တစ္ခုလို ျဖစ္ေနပါတယ္။ အျခားေသာ high-end Android ေတြမွာ ပါ၀င္ေနျပီးျဖစ္ပါတယ္။ ေနာက္ျပီး wireless charging အပုိင္းမွာလည္း ၀င္ေရာက္မႈ ေနာက္က်ေနတာကို ေတြ႕ျမင္ရမွာပါ။

အခုဆိုရင္ေတာ့ iPhone 8 ၊ iPhone 8 Plus ၊ iPhone X ၊ iPad Pro တို႕မွာ အားအျမန္သြင္းစနစ္ကို ရေနပါျပီ။ ဒီလိုလုပ္ႏုိင္ဖို႕အတြက္ USB-C to Lightning cable ၊ USB-C power adapter တို႕ကုိ လုိအပ္မွာျဖစ္ပါတယ္။ ဒီလို၀ယ္ယူဖို႕ဆုိရင္ ေဒၚလာ၇၅လာက္ကနု္က်မွာပါ။ ဒီေတာ့ Samsung Galaxy S9 ၀ယ္လိုက္တာကမွ တစ္ခါတည္းပါေနတယ္လို႕ ေတြးမိေစႏုိင္ပါတယ္။

ဒါေၾကာင့္ iPhone နဲ႕တစ္ပါတည္းထည့္သြင္းေပးဖို႕အတြက္ Apple က စဥ္းစားလိုက္တာလည္း ျဖစ္ႏုိင္ပါတယ္။ ၾကိဳဆိုပါတယ္။ အရင္ကတည္းက ျဖစ္သင့္တာပဲမလား။

Unicode Version

iPhone ကို အားမြန်မြန်သွင်းစေချင်တဲ့စိတ်လေးရှိနေပါသလား။ ဒါဆိုရင်တာ့ ဒီနှစ်ရဲ့ iPhone တွေက သင့်စိတ်ကူးကိုအကောင်အထည်ဖော်ပေးနိုင်မှာ အသေအချာပါပဲ။ အားမြန်မြန်သွင်းလို့ရမယ့် Adapter နဲ့ ကြိုးတွေကို တစ်ပါတည်းထည့်ပေးတော့မှာပါ။
တရုတ်လူမှုကွန်ရက်တစ်ခုဖြစ်တဲ့ Weibo ပေါ်မှာ 2018 iPhone တွေဟာ USB-C power adapter ၊ USB-C Lightning cable နဲ့ ထွက်ပေါ်လာမယ်လို့ ပြောထားတာမို့ လက်ရှိထက် ပိုမိုမြန်ဆန်စွာ အားသွင်းနိုင်တော့မှာပါ။ hardware တွေကလည်း USB-C platform ဘက်ကို ဆက်သွားနေတာဖြစ်တဲ့အတွက် iPhone နဲ့ iPad ရဲ့အားသွင်းနည်းလမ်းကလည်း အဲဒီလိုပဲ ဖြစ်ပါလိမ့်မယ်။ တကယ်လို့ Lightning ချိတ်ဆက်မှုတွေရှိနေမယ်ဆိုရင်တောင်မှ အဆင်ပြေအောင်လုပ်ဆောင်ပေးဖို့ မျှော်လင့်ထားပါတယ်။
18W USB-C power adapter ကတော့ အားအမြန်သွင်းစနစ်ကို ထောက်ပံ့ပေးနိုင်ပြီးတော့ iPhone ကို မိနစ်သုံးဆယ်အတွင်းမှာ ၅၀% ရောက်စေနိုင်ပါတယ်။
အားအမြန်သွင်းစနစ်ဟာ iPhone တွေရဲ့ အားနည်းချက်တစ်ခုလို ဖြစ်နေပါတယ်။ အခြားသော high-end Android တွေမှာ ပါဝင်နေပြီးဖြစ်ပါတယ်။ နောက်ပြီး wireless charging အပိုင်းမှာလည်း ဝင်ရောက်မှု နောက်ကျနေတာကို တွေ့မြင်ရမှာပါ။
အခုဆိုရင်တော့ iPhone 8 ၊ iPhone 8 Plus ၊ iPhone X ၊ iPad Pro တို့မှာ အားအမြန်သွင်းစနစ်ကို ရနေပါပြီ။ ဒီလိုလုပ်နိုင်ဖို့အတွက် USB-C to Lightning cable ၊ USB-C power adapter တို့ကို လိုအပ်မှာဖြစ်ပါတယ်။ ဒီလိုဝယ်ယူဖို့ဆိုရင် ဒေါ်လာ၇၅လာက်ကနု်ကျမှာပါ။ ဒီတော့ Samsung Galaxy S9 ဝယ်လိုက်တာကမှ တစ်ခါတည်းပါနေတယ်လို့ တွေးမိစေနိုင်ပါတယ်။
ဒါကြောင့် iPhone နဲ့တစ်ပါတည်းထည့်သွင်းပေးဖို့အတွက် Apple က စဉ်းစားလိုက်တာလည်း ဖြစ်နိုင်ပါတယ်။ ကြိုဆိုပါတယ်။ အရင်ကတည်းက ဖြစ်သင့်တာပဲမလား။

Leave a Reply