ယူေကနဲ႕ဥေရာပကို တရား၀င္ေရာက္ရွိလာေတာ့မယ့္ Xiaomi

0
1922

Zawgyi Version

ဟုတ္ပါတယ္။ သူ႕ရဲ႕ဖုန္းေတြကုို ယူေကမွာေရာင္းခ်ေပးႏုိင္ေတာ့မွာပါ။

အခုဆုိရင္ Xiaomi ဟာ သူ႕ရဲ႕ေတာင္ပံေတြကိုျဖန္႕က်က္ျပီးေတာ့ ယူေကနဲ႕ ဥေရာပေစ်းကြက္ကို ေျခခ်ဖို႕အတြက္ လုပ္ေဆာင္ေနပါျပီ။ CK Hutchison နဲ႕ မိတ္ဖြဲ႕လုိက္တဲ့အတြက္ေၾကာင့္ သူ႕ရဲ႕စမတ္ဖုန္းေတြဟာ ေဟာင္ေကာင္ conglomerate ရဲ႕ telecom subsidiary Three UK မွတစ္ဆင့္ ၀ယ္ယူရရွိႏုိင္ေတာ့မွာ ျဖစ္ပါတယ္။ ေနာက္ပိုင္းမွာ ဥေရာပတစ္ခြင္ရဲ႕ A.S.Watson ဆိုင္ေတြမွာလည္း အျခားေသာ Xiaomi ထုတ္ကုန္ေတြကို ေတြ႕ျမင္ႏုိင္ေတာ့မွာပါ။ စမတ္ဖုန္းနဲ႕ လက္ပ္ေတာ့အျပင္ စက္ရုပ္ဖုန္စုပ္စက္၊ စမတ္စက္ဘီး၊ ထမင္းေပါင္းအိုး၊ ေလသန္႕စင္စက္ စတာေတြကိုလည္း တင္သြားဖို႕ရွိေနပါတယ္။ ဥေရာပကိုေတာ့ ဘယ္ပစၥည္းေတြတင္မလဲဆိုတာ မသိရေသးပါဘူး။ ဒါေပမယ့္ Xiaomi ရဲ႕ i Ecosystem IoT နဲ႕ lifestyle ထုတ္ကုန္ေတြကေတာ့ ဖုန္းအျပင္ ေစ်းကြက္ထဲကို၀င္ေရာက္လာမွာကေတာ့ က်ိန္းေသပါတယ္။

Xiaomi က အာရွကိုႏွစ္ေပါင္းမ်ားစြာ ဦးတည္ခဲ့ျပီးေတာ့ သူ႕ရဲ႕အားထုတ္မႈေတြကလည္း ေအာင္ျမင္ခဲ့ပါတယ္။ ထိိပ္တန္းစမတ္ဖုန္းထုတ္လုပ္သူတစ္ေယာက္လည္း ျဖစ္လာခဲ့ပါျပီ။ ၂၀၁၇ ခုႏွစ္ ဘာစီလိုနာမွာ Mi store တစ္ခုကို ဖြင့္လွစ္အျပီးမွာေတာ့ ဥေရာပေစ်းကြက္ထဲကို ၀င္ေရာက္ဖုိ႕စီစဥ္ထားေၾကာင္း ေၾကညာခဲ့ပါတယ္။ သူ႕ရဲ႕ထုတ္ကုန္ေတြကို ၾသစေတးလ်၊ ဒိန္းမတ္၊ ေဟာင္ေကာင္၊ အုိင္ယာလန္၊ အီတလီ၊ ဆြီဒင္ နဲ႕ယူေကတို႕မွာ 3 Group စတိုးဆုိင္၊ ေဟာင္ေကာင္၊ အိုင္ယာလန္၊ ယူေကနဲ႕ နယ္သာလန္တို႕မွာ ဖြင့္လွစ္ထားတဲ့ A.S. Watson’s Fortress ၊ Superdrug နဲ႕ Kruidvat ဆုိင္ေတြမွာလည္း ရႏုိင္ေတာ့မွာ ျဖစ္ပါတယ္။

Three UK ရဲ႕ ဒီဂ်စ္တယ္အမႈေဆာင္ Tom Malleschitz ကေတာ့ အခုလိုေျပာျပပါတယ္။

“ကၽြန္ေတာ္တို႕ Xiaomi ရဲ႕ေအာင္ျမင္မႈကိုေစာင့္ၾကည့္ေနတာအေတာ္ၾကာပါျပီ။ လက္ရွိမွာ ေထာက္ပံ့ႏုိင္တဲ့ပစၥည္းအမ်ိဳးအစားကလည္း က်ယ္ျပန္႕တဲ့အတြက္ေၾကာင့္ အေတာ္ေလး အထင္ၾကီးမိပါတယ္။ ဒီလိုမိတ္ဖြဲ႕လုိက္မႈက ကၽြန္ေတာ္တို႕စမတ္ဖုန္းေလာကကို နယ္က်ယ္သြားေစျပီးေတာ့ ခ်ိ္တ္ဆက္ထားတဲ့ပစၥည္းအမ်ိဳးအစားေတြလည္း ပမာဏမ်ားျပားလာမွာျဖစ္ပါတယ္။  Three သံုးစြဲသူမိဘျပည္သူေတြအတြက္လည္း မ်ားမ်ားေထာက္ပံ့ေပးႏုိင္ေတာ့မွာပါ။ ဒီေတာ့ ေစာင့္ၾကည့္ေစခ်င္ပါတယ္”

initial launch အျပီးမွာ သူ႕ရဲ႕ထုတ္ကုန္ေတြကို ေနရာအေတာ္မ်ားမ်ားမွာ ရႏုိင္ဖို႕ ေမွ်ာ္လင့္ထားၾကပါတယ္။ ယူအက္စ္ကို ေရာက္လာႏုိင္မလားဆိုတာကလည္း စိတ္၀င္စားမိပါတယ္။ ေခါင္းေဆာင္ Lei Jun ကေတာ့ ယူအက္စ္မွာ စမတ္ဖုန္းေတြကို ၂၀၁၈အကုန္၊ ၂၀၁၉အေစာပိုင္းေလာက္မွာ ေရာင္းခ်ဖို႕ ရည္ရြယ္ထားတယ္လို႕ ေျပာသြားခဲ့ပါတယ္။

Unicode Version

ဟုတ်ပါတယ်။ သူ့ရဲ့ဖုန်းတွေကို ယူကေမှာရောင်းချပေးနိုင်တော့မှာပါ။
အခုဆိုရင် Xiaomi ဟာ သူ့ရဲ့တောင်ပံတွေကိုဖြန့်ကျက်ပြီးတော့ ယူကေနဲ့ ဥရောပဈေးကွက်ကို ခြေချဖို့အတွက် လုပ်ဆောင်နေပါပြီ။ CK Hutchison နဲ့ မိတ်ဖွဲ့လိုက်တဲ့အတွက်ကြောင့် သူ့ရဲ့စမတ်ဖုန်းတွေဟာ ဟောင်ကောင် conglomerate ရဲ့ telecom subsidiary Three UK မှတစ်ဆင့် ဝယ်ယူရရှိနိုင်တော့မှာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာ ဥရောပတစ်ခွင်ရဲ့ A.S.Watson ဆိုင်တွေမှာလည်း အခြားသော Xiaomi ထုတ်ကုန်တွေကို တွေ့မြင်နိုင်တော့မှာပါ။ စမတ်ဖုန်းနဲ့ လက်ပ်တော့အပြင် စက်ရုပ်ဖုန်စုပ်စက်၊ စမတ်စက်ဘီး၊ ထမင်းပေါင်းအိုး၊ လေသန့်စင်စက် စတာတွေကိုလည်း တင်သွားဖို့ရှိနေပါတယ်။ ဥရောပကိုတော့ ဘယ်ပစ္စည်းတွေတင်မလဲဆိုတာ မသိရသေးပါဘူး။ ဒါပေမယ့် Xiaomi ရဲ့ i Ecosystem IoT နဲ့ lifestyle ထုတ်ကုန်တွေကတော့ ဖုန်းအပြင် ဈေးကွက်ထဲကိုဝင်ရောက်လာမှာကတော့ ကျိန်းသေပါတယ်။
Xiaomi က အာရှကိုနှစ်ပေါင်းများစွာ ဦးတည်ခဲ့ပြီးတော့ သူ့ရဲ့အားထုတ်မှုတွေကလည်း အောင်မြင်ခဲ့ပါတယ်။ ထိပ်တန်းစမတ်ဖုန်းထုတ်လုပ်သူတစ်ယောက်လည်း ဖြစ်လာခဲ့ပါပြီ။ ၂၀၁၇ ခုနှစ် ဘာစီလိုနာမှာ Mi store တစ်ခုကို ဖွင့်လှစ်အပြီးမှာတော့ ဥရောပဈေးကွက်ထဲကို ဝင်ရောက်ဖို့စီစဉ်ထားကြောင်း ကြေညာခဲ့ပါတယ်။ သူ့ရဲ့ထုတ်ကုန်တွေကို သြစတေးလျ၊ ဒိန်းမတ်၊ ဟောင်ကောင်၊ အိုင်ယာလန်၊ အီတလီ၊ ဆွီဒင် နဲ့ယူကေတို့မှာ 3 Group စတိုးဆိုင်၊ ဟောင်ကောင်၊ အိုင်ယာလန်၊ ယူကေနဲ့ နယ်သာလန်တို့မှာ ဖွင့်လှစ်ထားတဲ့ A.S. Watson’s Fortress ၊ Superdrug နဲ့ Kruidvat ဆိုင်တွေမှာလည်း ရနိုင်တော့မှာ ဖြစ်ပါတယ်။
Three UK ရဲ့ ဒီဂျစ်တယ်အမှုဆောင် Tom Malleschitz ကတော့ အခုလိုပြောပြပါတယ်။
“ကျွန်တော်တို့ Xiaomi ရဲ့အောင်မြင်မှုကိုစောင့်ကြည့်နေတာအတော်ကြာပါပြီ။ လက်ရှိမှာ ထောက်ပံ့နိုင်တဲ့ပစ္စည်းအမျိုးအစားကလည်း ကျယ်ပြန့်တဲ့အတွက်ကြောင့် အတော်လေး အထင်ကြီးမိပါတယ်။ ဒီလိုမိတ်ဖွဲ့လိုက်မှုက ကျွန်တော်တို့စမတ်ဖုန်းလောကကို နယ်ကျယ်သွားစေပြီးတော့ ချိတ်ဆက်ထားတဲ့ပစ္စည်းအမျိုးအစားတွေလည်း ပမာဏများပြားလာမှာဖြစ်ပါတယ်။ Three သုံးစွဲသူမိဘပြည်သူတွေအတွက်လည်း များများထောက်ပံ့ပေးနိုင်တော့မှာပါ။ ဒီတော့ စောင့်ကြည့်စေချင်ပါတယ်”
initial launch အပြီးမှာ သူ့ရဲ့ထုတ်ကုန်တွေကို နေရာအတော်များများမှာ ရနိုင်ဖို့ မျှော်လင့်ထားကြပါတယ်။ ယူအက်စ်ကို ရောက်လာနိုင်မလားဆိုတာကလည်း စိတ်ဝင်စားမိပါတယ်။ ခေါင်းဆောင် Lei Jun ကတော့ ယူအက်စ်မှာ စမတ်ဖုန်းတွေကို ၂၀၁၈အကုန်၊ ၂၀၁၉အစောပိုင်းလောက်မှာ ရောင်းချဖို့ ရည်ရွယ်ထားတယ်လို့ ပြောသွားခဲ့ပါတယ်။

Leave a Reply