ဒီႏွစ္အစမွာ Samsung ထက္သာသြားတဲ့ Apple ရဲ႕ စမတ္ဖုန္းေရာင္းအား

0
2103

Zawgyi Version

Apple ဘယ္ေလာက္၀င္ေငြရသလဲဆိုတာကို ေစာင့္ေနရတာ အခ်ိန္ၾကာျမင့္ပါျပီ။ ဒါေပမယ့္ ေနာက္ဆံုးေတာ့လည္း ထြက္ေပၚလာပါတယ္။ သူတို႕က ေလ့လာသူေတြ အကုန္သိအကုန္တတ္ေနတာမဟုတ္ေၾကာင္း သက္ေသျပေပးခဲ့ပါတယ္။ Apple ရဲ႕ေျပာၾကားခ်က္အရ iPhone X ဟာ ေရာင္းအားအေကာင္းဆံုးပစၥည္းလို႕သိရပါတယ္။

ဒါေပမယ့္လည္း Apple အတြက္ ေမွ်ာ္မွန္းခ်က္ကိုက္ညီေအာင္ မလုပ္ႏုိင္ခဲ့ပါဘူး။ IDC and Strategy Analytics ဆီကရတဲ့အခ်က္အလက္ေတြကိုၾကည့္လုိက္ေတာ့ ၂၀၁၈ ပထမသံုးလအတြင္းမွာ Apple ရဲ႕ ေစ်းကြက္ရွယ္ယာေတြ တက္လာခဲ့ပါတယ္။ ဒါဟာပံုမွန္အတုိင္းဆိုရင္ ေမွ်ာ္လင့္ထားလို႕ မရႏုိင္တဲ့အေနအထားပါ။ အဲဒီအခ်ိန္မွာ Samsung ကလည္းသူ႕ရဲ႕ flagship ကို launch လုပ္ခဲ့ပါတယ္။

ဒါေပမယ့္ Samsung အတြက္ျပန္ၾကည့္ရင္လည္း သတင္းဆိုးေတာ့ မဟုတ္ျပန္ပါဘူး။ Samsung ဟာ သူ႕ရဲ႕စမတ္ဖုန္း၀င္ေငြမွာ ပထမေနရာကို ျပန္လည္ယူေဆာင္ႏုိင္ခဲ့ပါတယ္။ ၂၀၁၇ အားလပ္ရက္ရာသီတုန္းက Apple ဆီမွာ က်ရွံဳးခဲ့ရာကေန ျပန္ရခဲ့တာပါ။ ဒါေပမယ့္ ၂၀၁၈ ပထမဆံုးသံုးလအတြင္း အလံုးေရ ၇၈.၂သန္းသာ ေရာင္းခ်ႏုိင္္ခဲ့တာမို႕ မႏွစ္ကထက္ ၂ရာခုိင္ႏႈွန္းက်ဆင္းသြားတာျဖစ္ပါတယ္။

“ကမာၻ႕စမတ္ဖုန္းျဖန္႕ခ်ိမႈက ၂၀၁၇ ပထမဆံုးသံုးလမွာ ၃၅၃.၈သန္းရွိခဲ့ေပမယ့္လည္း ၂၀၁၈မွာေတာ့ ၃၄၅.၄သန္းသာ ေရာင္းခ်နုိင္ခဲ့တာမို႕ ၂ရာခိုင္ႏႈန္းက်ဆင္းသြားခဲ့ပါတယ္။ ဒီႏွစ္ရဲ႕ ကမာၻ႕စမတ္ဖုန္းေစ်းကြက္ကလည္း ေအးေနပါတယ္။ ျပန္လဲႏႈန္းၾကာျခင္း၊ လက္ခြဲေတြထြက္ေပၚလာျခင္းနဲ႕ hardwareဒီဇုိင္းအသစ္အဆန္း မရွိေတာ့ျခင္းေၾကာင့္လည္း ပါႏုိင္ပါတယ္။”

Samsung ရဲ႕ ျဖန္႕ခ်ိမႈႏႈန္းက်ဆင္းသြားေပမယ့္လည္း Apple ၊ Huawei နဲ႕ Xiaomi ေရာင္းအားကေတာ့ မႏွစ္ကနဲ႕ယွဥ္လိုက္ရင္ တက္လာပါတယ္။ Xiaomi ကေတာ့ ၁၂.၆သန္းကေန ၂၄.၁သန္းဆိုေတာ့ သိသိသာသာတိုးတက္လာခဲ့တာျဖစ္ပါတယ္။

Unicode Version

Apple ဘယ်လောက်ဝင်ငွေရသလဲဆိုတာကို စောင့်နေရတာ အချိန်ကြာမြင့်ပါပြီ။ ဒါပေမယ့် နောက်ဆုံးတော့လည်း ထွက်ပေါ်လာပါတယ်။ သူတို့က လေ့လာသူတွေ အကုန်သိအကုန်တတ်နေတာမဟုတ်ကြောင်း သက်သေပြပေးခဲ့ပါတယ်။ Apple ရဲ့ပြောကြားချက်အရ iPhone X ဟာ ရောင်းအားအကောင်းဆုံးပစ္စည်းလို့သိရပါတယ်။
ဒါပေမယ့်လည်း Apple အတွက် မျှော်မှန်းချက်ကိုက်ညီအောင် မလုပ်နိုင်ခဲ့ပါဘူး။ IDC and Strategy Analytics ဆီကရတဲ့အချက်အလက်တွေကိုကြည့်လိုက်တော့ ၂၀၁၈ ပထမသုံးလအတွင်းမှာ Apple ရဲ့ ဈေးကွက်ရှယ်ယာတွေ တက်လာခဲ့ပါတယ်။ ဒါဟာပုံမှန်အတိုင်းဆိုရင် မျှော်လင့်ထားလို့ မရနိုင်တဲ့အနေအထားပါ။ အဲဒီအချိန်မှာ Samsung ကလည်းသူ့ရဲ့ flagship ကို launch လုပ်ခဲ့ပါတယ်။
ဒါပေမယ့် Samsung အတွက်ပြန်ကြည့်ရင်လည်း သတင်းဆိုးတော့ မဟုတ်ပြန်ပါဘူး။ Samsung ဟာ သူ့ရဲ့စမတ်ဖုန်းဝင်ငွေမှာ ပထမနေရာကို ပြန်လည်ယူဆောင်နိုင်ခဲ့ပါတယ်။ ၂၀၁၇ အားလပ်ရက်ရာသီတုန်းက Apple ဆီမှာ ကျရှုံးခဲ့ရာကနေ ပြန်ရခဲ့တာပါ။ ဒါပေမယ့် ၂၀၁၈ ပထမဆုံးသုံးလအတွင်း အလုံးရေ ၇၈.၂သန်းသာ ရောင်းချနိုင်ခဲ့တာမို့ မနှစ်ကထက် ၂ရာခိုင်နှုှန်းကျဆင်းသွားတာဖြစ်ပါတယ်။
“ကမ္ဘာ့စမတ်ဖုန်းဖြန့်ချိမှုက ၂၀၁၇ ပထမဆုံးသုံးလမှာ ၃၅၃.၈သန်းရှိခဲ့ပေမယ့်လည်း ၂၀၁၈မှာတော့ ၃၄၅.၄သန်းသာ ရောင်းချနိုင်ခဲ့တာမို့ ၂ရာခိုင်နှုန်းကျဆင်းသွားခဲ့ပါတယ်။ ဒီနှစ်ရဲ့ ကမ္ဘာ့စမတ်ဖုန်းဈေးကွက်ကလည်း အေးနေပါတယ်။ ပြန်လဲနှုန်းကြာခြင်း၊ လက်ခွဲတွေထွက်ပေါ်လာခြင်းနဲ့ hardwareဒီဇိုင်းအသစ်အဆန်း မရှိတော့ခြင်းကြောင့်လည်း ပါနိုင်ပါတယ်။”
Samsung ရဲ့ ဖြန့်ချိမှုနှုန်းကျဆင်းသွားပေမယ့်လည်း Apple ၊ Huawei နဲ့ Xiaomi ရောင်းအားကတော့ မနှစ်ကနဲ့ယှဉ်လိုက်ရင် တက်လာပါတယ်။ Xiaomi ကတော့ ၁၂.၆သန်းကနေ ၂၄.၁သန်းဆိုတော့ သိသိသာသာတိုးတက်လာခဲ့တာဖြစ်ပါတယ်။

Leave a Reply